ဘုန်းမောက်တိုက်စစ်မှူး ဂျိုရှုအာကင်း ကို ခေါ်ယူရန် စဉ်းစားနေတဲ့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်

ဝက်စ်ဟမ်းအသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ဖီလစ်ပီအန်ဒါဆန် ပေါ်တိုအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့သွားလို့ ဘုန်းမောက်တိုက်စစ်မှူး ပေါင် ၁၂ သန်းတန် ဂျိုရှုအာကင်းကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် နော်ဝေးလက်ရွေးစင်ကစားသမားဟာ ဘုန်းမောက်အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး ဝက်စ်ဘရွန်းအသင်းကလည်း ဆက်သွယ်နေတာဖြစ်ပါတယ်။

သို့သော်လည်း ဝက်စ်ဘရွန်းအသင်းက ဘဏ္ဍာရေး ကျပ်တည်းနေလို့ ခေါ်ယူနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဒေးဗစ်မိုယက်စ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို တနလာၤနေ့က ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်က ချဲလ်ဆီးနောက်ခံလူ တိုမိုရီကို လက်လွှတ်ခဲ့ရတဲ့ ဝက်စ်ဟမ်းနည်းပြဟာ ဝက်ဖိုဒ့်နောက်ခံလူ ဒေါ်ဆင်ကိုလည်း ခေါ်ယူရန် စဉ်းစားနေပါတယ်။ ဒါ့အပြင် စပါးအသင်းနဲ့ သတင်းထွက်နေတဲ့ ဆွမ်ဆီးအသင်းရဲ့ ဂျိုးရွန်ဒွန်ကိုလည်း ခေါ်ယူရန် ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းကတော့ ဗဟိုနောက်ခံလူကို ပေါင် ၁၈ သန်းသတ်မှတ်ထားပြီး စပါးအသင်းက ပေါင် ၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ဆွမ်ဆီးအသင်းကလည်း စပါးအသင်းက ကာတာဗစ်ကာစ်ကို ပြန်လည်စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ကာတာဗစ်ကာစ်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်ကျန်ရှိနေသေးပြီး အသင်းကလည်း အပြီးသတ်ရောင်းချချင်နေပါတယ်။ သူဟာ စပါးလူငယ်အသင်းကနေ နည်းပြမော်ရင်ဟိုလက်ထက်မှာ ပွဲထွက်ကစားခွင့်ရလာသူ ဖြစ်ပါတယ်။

ဘုန္းေမာက္တိုက္စစ္မွဴး ဂ်ိဳရႈအာကင္း ကို ေခၚယူရန္ စဥ္းစားေနတဲ့ ၀က္စ္ဟမ္းနည္းျပ မိုယက္စ္

၀က္စ္ဟမ္းအသင္းဟာ ေတာင္ပံတိုက္စစ္ကစားသမား ဖီလစ္ပီအန္ဒါဆန္ ေပၚတိုအသင္းဆီကို အငွားနဲ႔ ေျပာင္းေရႊ႕သြားလို႔ ဘုန္းေမာက္တိုက္စစ္မွဴး ေပါင္ ၁၂ သန္းတန္ ဂ်ိဳရႈအာကင္းကို ေခၚယူရန္ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ေနာ္ေ၀းလက္ေရြးစင္ကစားသမားဟာ ဘုန္းေမာက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္ထဲကို ေရာက္ရွိေနျပီး ၀က္စ္ဘရြန္းအသင္းကလည္း ဆက္သြယ္ေနတာျဖစ္ပါတယ္။ သို႔ေသာ္လည္း ၀က္စ္ဘရြန္းအသင္းက ဘ႑ာေရး က်ပ္တည္းေနလို႔ ေခၚယူႏိုင္ဖြယ္မရွိဘူးလို႔ သိရပါတယ္။

ျပီးခဲ့တဲ့လက ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ ေဒးဗစ္မိုယက္စ္ဟာ ၀က္စ္ဟမ္းအသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို တနလာၤေန႔က ျပန္လည္ေရာက္ရွိလာျပီ ျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ေနာက္ဆံုးရက္က ခ်ဲလ္ဆီးေနာက္ခံလူ တိုမိုရီကို လက္လႊတ္ခဲ့ရတဲ့ ၀က္စ္ဟမ္းနည္းျပဟာ ၀က္ဖိုဒ့္ေနာက္ခံလူ ေဒၚဆင္ကိုလည္း ေခၚယူရန္ စဥ္းစားေနပါတယ္။

ဒါ့အျပင္ စပါးအသင္းနဲ႔ သတင္းထြက္ေနတဲ့ ဆြမ္ဆီးအသင္းရဲ႕ ဂ်ိဳးရြန္ဒြန္ကိုလည္း ေခၚယူရန္ ေဆြးေႏြးေနတာ ျဖစ္ပါတယ္။ ဆြမ္ဆီးအသင္းကေတာ့ ဗဟိုေနာက္ခံလူကို ေပါင္ ၁၈ သန္းသတ္မွတ္ထားျပီး စပါးအသင္းက ေပါင္ ၇ သန္းနဲ႔ ကမ္းလွမ္းခဲ့ပါတယ္။

ဆြမ္ဆီးအသင္းကလည္း စပါးအသင္းက ကာတာဗစ္ကာစ္ကို ျပန္လည္စိတ္၀င္စားေနတာ ျဖစ္ပါတယ္။ ကာတာဗစ္ကာစ္ဟာ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္က်န္ရွိေနေသးျပီး အသင္းကလည္း အျပီးသတ္ေရာင္းခ်ခ်င္ေနပါတယ္။ သူဟာ စပါးလူငယ္အသင္းကေန နည္းျပေမာ္ရင္ဟိုလက္ထက္မွာ ပြဲထြက္ကစားခြင့္ရလာသူ ျဖစ္ပါတယ္။