အချိန်ကျရင် ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားတဲ့ ကာဗာနီ

အာဂျင်တီးနားမှာ ကစားသမားဘ၀ ကို အဆုံးသတ်ချင်တယ်လို့ ဝန်ခံပြောကြားသွားတဲ့ ကာဗာနီာ ယူနိုက်တက်အသင်းကနေ အချိန်တန်ရင် ထွက်ခွာရန် စဉ်းစားထားပြီးသား ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကနေ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးကို ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ပြင်သစ်လီဂူး ၁ ချန်ပီယံအသင်းအတွက် (၇) နှစ်တာ ကစားခဲ့တဲ့ တိုက်စစ်မှူးကို ဘိုကာဂျူနီယာအသင်းအပါအဝင် အသင်းတော်တော်များများက စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

ကာဗာနီဟာ ဘိုကာဂျူနီယာအသင်းရဲ့ ဒုတိယဥက္ကဌ ရီကွယ်မီ နဲ့လည်း ပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။ အိုးထရက်ဖိုဒ့်ကို ပြောင်းချင်လို့ တောင်အမေရိက ကို မရွေးချယ်ခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ အာဂျင်တီးနား ကလပ်အသင်းဆီကို သွားရောက်လိုနေဆဲဖြစ်ပါတယ်။

“ရိုမန်က ကျွန်တော့်ဆီကို လေးစားမှု ကြီးစွာနဲ့ စာရေးခဲ့ပါတယ်။ ကျွန်တော် ဒီအခြေအနေမှာ ဘယ်လိုလဲဆိုတာ သူသိချင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ လစာအနေအထားနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ လေးလေးစားစား ဆွေးနွေးခဲ့ပါတယ်။ ဘိုကာဂျူနီယာက ကမ္ဘာပေါ်က အသင်းကြီးတစ်သင်းပါ။ ဘောလုံးသမားတိုင်းလည်း အဲ့ဒီမှာ သွားကစားချင်ကြပါတယ်။

ဥရုဂွေးကစားသမားတော်တော်များများလည်း အဲ့ဒီမှာ ကစားခဲ့ဖူးပါတယ်။ ကျွန်တော်နဲ့ ရိုမန်ကြားမှာ အခြားသော ပြောဆိုထားတာတွေလည်း ရှိခဲ့ပါတယ်။ သူပြောချင်တယ်ဆိုရင် ခင်ဗျားတို့ သူ့ကို သွားမေးရပါမယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ တစ်နေ့ ဘိုကာဂျူနီယာအသင်းမှာ ကစားခွင့်ရမယ်ဆိုရင် အရမ်းကောင်းမှာပါ” လို့ ကာဗာနီက ESPN ကို ပြောသွားခဲ့ပါတယ်။

ကာဗာနီဟာ ယူနိုက်တက်အသင်းနဲ့ (၁) နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်ကို တစ်နှစ်ပေါင် (၁၀) သန်းနဲ့ ယူနိုက်တက်အသင်းဘက်က ထပ်မံသက်တမ်းတိုးခွင့်ရှိတာ ဖြစ်ပါတယ်။ သို့သော်လည်း သူဟာ ယခုလက်ရှိမှာတော့ ယူနိုက်တက်အသင်းနဲ့ အောင်မြင်မှု ရရှိဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။

“ကျွန်တော့်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း (၂) နှစ်ရှိပါတယ်။ ဒီမှာ အကောင်းဆုံးဖြစ်ချင်ပါတယ်။ ကျွန်တော့်ခံစားမှု တွေလည်း ကောင်းနေပါတယ်။ ဒီမှာ ဘာမှ လုပ်စရာမကျန်တော့ဘူးဆိုရင် တောင်အမေရိက ကို ပြန်သွားမှာပါ။ ကျွန်တော်ခံစားမှု ကောင်းနေတဲ့အထိ ကစားသွားမှာပါ။ ကျွန်တော်ကစားမယ့် ဒီ (၂) နှစ် (၃) နှစ်မှာ တောင်အမေရိက ကို ပြန်သွားမလားဆိုတာလည်း မသိသေးပါဘူး” လို့ ကာဗာနီကထပ်ပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အခ်ိန္က်ရင္ ယူႏိုက္တက္အသင္းကေန ထြက္ခြာဖို႔ ရည္ရြယ္ထားတဲ့ ကာဗာနီ

အာဂ်င္တီးနားမွာ ကစားသမားဘ၀ ကို အဆံုးသတ္ခ်င္တယ္လို႔ ၀န္ခံေျပာၾကားသြားတဲ့ ကာဗာနီာ ယူႏိုက္တက္အသင္းကေန အခ်ိန္တန္ရင္ ထြက္ခြာရန္ စဥ္းစားထားျပီးသား ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းကေန ဒီေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးသြားတဲ့ အသက္ ၃၃ ႏွစ္အရြယ္တိုက္စစ္မွဴးကို ယူႏုိက္တက္အသင္းဟာ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ပါတယ္။ ျပင္သစ္လီဂူး ၁ ခ်န္ပီယံအသင္းအတြက္ (၇) ႏွစ္တာ ကစားခဲ့တဲ့ တိုက္စစ္မွဴးကို ဘိုကာဂ်ဴနီယာအသင္းအပါအ၀င္ အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားခဲ့ၾကတာျဖစ္ပါတယ္။

ကာဗာနီဟာ ဘုိကာဂ်ဴနီယာအသင္းရဲ႕ ဒုတိယဥကၠဌ ရီကြယ္မီ နဲ႔လည္း ေျပာဆိုေဆြးေႏြးခဲ့ပါေသးတယ္။ အိုးထရက္ဖိုဒ့္ကို ေျပာင္းခ်င္လို႔ ေတာင္အေမရိက ကို မေရြးခ်ယ္ခဲ့တဲ့ ဥရုေဂြးတိုက္စစ္မွဴး ကာဗာနီဟာ အာဂ်င္တီးနား ကလပ္အသင္းဆီကို သြားေရာက္လိုေနဆဲျဖစ္ပါတယ္။

“ရိုမန္က ကၽြန္ေတာ့္ဆီကို ေလးစားမႈ ၾကီးစြာနဲ႔ စာေရးခဲ့ပါတယ္။ ကၽြန္ေတာ္ ဒီအေျခအေနမွာ ဘယ္လိုလဲဆိုတာ သူသိခ်င္ခဲ့ပါတယ္။ ကၽြန္ေတာ့္ရဲ လစာအေနအထားနဲ႔ပတ္သက္ျပီးေတာ့လည္း ကၽြန္ေတာ္တို႔ ေလးေလးစားစား ေဆြးေႏြးခဲ့ပါတယ္။ ဘိုကာဂ်ဴနီယာက ကမာၻေပၚက အသင္းၾကီးတစ္သင္းပါ။ ေဘာလံုးသမားတိုင္းလည္း အဲ့ဒီမွာ သြားကစားခ်င္ၾကပါတယ္။

ဥရုေဂြးကစားသမားေတာ္ေတာ္မ်ားမ်ားလည္း အဲ့ဒီမွာ ကစားခဲ့ဖူးပါတယ္။ ကၽြန္ေတာ္နဲ႔ ရိုမန္ၾကားမွာ အျခားေသာ ေျပာဆိုထားတာေတြလည္း ရွိခဲ့ပါတယ္။ သူေျပာခ်င္တယ္ဆိုရင္ ခင္ဗ်ားတို႔ သူ႔ကို သြားေမးရပါမယ္။ အနာဂတ္မွာ ဘာေတြျဖစ္လာမလဲ ေစာင့္ၾကည့္ၾကတာေပါ့။ တစ္ေန႔ ဘိုကာဂ်ဴနီယာအသင္းမွာ ကစားခြင့္ရမယ္ဆိုရင္ အရမ္းေကာင္းမွာပါ” လို႔ ကာဗာနီက ESPN ကုိ ေျပာသြားခဲ့ပါတယ္။

ကာဗာနီဟာ ယူႏိုက္တက္အသင္းနဲ႔ (၁) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခ့ဲျပီး ေနာက္ထပ္တစ္ႏွစ္ကို တစ္ႏွစ္ေပါင္ (၁၀) သန္းနဲ႔ ယူႏိုက္တက္အသင္းဘက္က ထပ္မံသက္တမ္းတိုးခြင့္ရွိတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ ယခုလက္ရွိမွာေတာ့ ယူႏိုက္တက္အသင္းနဲ႔ ေအာင္ျမင္မႈ ရရွိဖို႔ကိုပဲ အာရံုစိုက္ထားပါတယ္။

“ကၽြန္ေတာ့္မွာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း (၂) ႏွစ္ရွိပါတယ္။ ဒီမွာ အေကာင္းဆံုးျဖစ္ခ်င္ပါတယ္။ ကၽြန္ေတာ့္ခံစားမႈ ေတြလည္း ေကာင္းေနပါတယ္။ ဒီမွာ ဘာမွ လုပ္စရာမက်န္ေတာ့ဘူးဆိုရင္ ေတာင္အေမရိက ကို ျပန္သြားမွာပါ။ ကၽြန္ေတာ္ခံစားမႈ ေကာင္းေနတဲ့အထိ ကစားသြားမွာပါ။ ကၽြန္ေတာ္ကစားမယ့္ ဒီ (၂) ႏွစ္ (၃) ႏွစ္မွာ ေတာင္အေမရိက ကို ျပန္သြားမလားဆိုတာလည္း မသိေသးပါဘူး” လို႔ ကာဗာနီကထပ္ျပီး ေျပာသြားခဲ့တာ ျဖစ္ပါတယ္။