အဒမ်မာထရာအိုရေးလို ကစားသမားကို တစ်ယောက်တည်းနဲ့ တားဆီးလို့မရနိုင်ဘူးလို့ ဆိုလိုက်တဲ့ စပိန်နည်းပြ အင်းနရစ်

စပိန်နည်းပြ အင်းနရစ်က မနေ့ညက ပေါ်တူဂီအသင်းနဲ့ ခြေစမ်းပွဲမှာ စပိန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ကစားပေးခဲ့တဲ့ အဒမ်မာထရာအိုရေးရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဝုလ်ဗ်တောင်ပံတိုက်စစ်ကစားသမားဟာ ဒုတိယပိုင်းမှာ ဆာဂျီယိုဘက်စ်ကွက်စ် နေရာအစားထိုးဝင်ရောက်ကစားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကစားခဲ့သူဖြစ်ပါတယ်။ တောင်ပံကစားသမားဟာ အသင်းဖော် ဒန်နီအိုလ်မိုအတွက် ဝုလ်ဗ်အသင်းဖော်ပေါ်တူဂီ ဂိုးသမား ရူအီပတ်ထရီစီယိုကို ဂိုးသွင်းရန် အကောင်းဆုံးတွေ အခွင့်အရေး တစ်ခု ဖန်တီးပေးခဲ့ပါတယ်။

“အဒမ်မာက အဒမ်မာ လို အရည်အချင်းနဲ့ ကစားသမားတစ်ယောက်ပါပဲ။ ဒါကို ကျွန်တော်တို့ သူ့ဆီက လိုချင်တာပါ။ သူ့ရဲ့ စွမ်းရည်တွေနဲ့ ပြိုင်ဘက်ကို တိုက်ခိုက်တာပါပဲ။ သူဟာ ဒန်နီအိုလ်မိုကို ဂိုးသွင်းရန် အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့ပေမယ့် ကျွန်တော်တို့ ဦးဆောင်ဂိုးမရခဲ့ပါဘူး။ တစ်ယောက်တည်းနဲ့ ဆို အဒမ်မာကို ရပ်တန့်လို့ မရပါဘူး။ (၂) ယောက်လောက် အသုံးပြုရပါမယ်” လို့ အင်းနရစ်က ပြောသွားခဲ့ပါတယ်။

စပိန်လက်ရွေးစင်အသင်းကြီးအတွက် မကစားပေးခင် ထရာအိုရေး ကို မာလီ အသင်းကလည်း လက်ရွေးစင်အသင်းမှာ ကစားပေးရန် ခေါ်ယူကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။သို့သော်လည်း သူဟာ မာလီကို မရွေးချယ်ခဲ့ပဲ စပိန်လက်ရွေးစင်အသင်းအတွက် ကစားပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ ထရာအိုရေးဟာ စပိန်အသင်းရဲ့ လာမယ့် နေရှင်းလိဂ်ပြိုင်ပွဲတွေဖြစ်တဲ့ ဆွစ်ဇာလန် နဲ့ ယူကရိန်းအသင်းတို့နဲ့ ပွဲတွေမှာလည်း ပါဝင်ကစားခွင့်ရဖွယ်ရှိနေပါတယ်။

“ ဒီနေ့မှာ သွင်းဂိုးတွေ မမြင်ရလို့ ပရိသတ်တွေအတွက် ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးခဲ့ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ ပွဲကို ကောင်းကောင်းနားမလည်ခဲ့ပါဘူး။ အဲ့လိုမျိုး ကျွန်တော်လည်း မနှစ်သက်ပါဘူး” လို့ ဂိုးမရှိသရေကျခဲ့တဲ့အပေါ် စပိန်နည်းပြက ထပ်ပြီးပြောသွားခဲ့တာဖြစ်ပါတယ်။

အဒမ္မာထရာအိုေရးလို ကစားသမားကို တစ္ေယာက္တည္းနဲ႔ တားဆီးလို႔မရႏိုင္ဘူးလို႔ ဆိုလိုက္တဲ့ စပိန္နည္းျပ အင္းနရစ္

စပိန္နည္းျပ အင္းနရစ္က မေန႔ညက ေပၚတူဂီအသင္းနဲ႔ ေျခစမ္းပြဲမွာ စပိန္လက္ေရြးစင္အသင္းၾကီးအတြက္ ပထမဆံုး ပြဲထြက္ကစားေပးခဲ့တဲ့ အဒမ္မာထရာအိုေရးရဲ႕ ေျခစြမ္းနဲ႔ ပတ္သက္ျပီး ေျပာဆိုသြားခဲ့ပါတယ္။ ဗုဒၶဟူးေန႔က ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ၀ုလ္ဗ္ေတာင္ပံတိုက္စစ္ကစားသမားဟာ ဒုတိယပိုင္းမွာ ဆာဂ်ီယိုဘက္စ္ကြက္စ္ ေနရာအစားထိုး၀င္ေရာက္ကစားခဲ့ျပီး အေကာင္းဆံုးေျခစြမ္းျပကစားခဲ့သူျဖစ္ပါတယ္။ ေတာင္ပံကစားသမားဟာ အသင္းေဖာ္ ဒန္နီအိုလ္မိုအတြက္ ၀ုလ္ဗ္အသင္းေဖာ္ေပၚတူဂီ ဂိုးသမား ရူအီပတ္ထရီစီယိုကို ဂိုးသြင္းရန္ အေကာင္းဆံုးေတြ အခြင့္အေရး တစ္ခု ဖန္တီးေပးခဲ့ပါတယ္။

“အဒမ္မာက အဒမ္မာ လို အရည္အခ်င္းနဲ႔ ကစားသမားတစ္ေယာက္ပါပဲ။ ဒါကို ကၽြန္ေတာ္တို႔ သူ႔ဆီက လုိခ်င္တာပါ။ သူ႔ရဲ႕ စြမ္းရည္ေတြနဲ႔ ျပိဳင္ဘက္ကို တိုက္ခိုက္တာပါပဲ။ သူဟာ ဒန္နီအိုလ္မိုကို ဂိုးသြင္းရန္ အရမ္းေကာင္းတဲ့ အခြင့္အေရးတစ္ခု ဖန္တီးေပးခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ ဦးေဆာင္ဂိုးမရခဲ့ပါဘူး။ တစ္ေယာက္တည္းနဲ႔ ဆို အဒမ္မာကို ရပ္တန္႔လို႔ မရပါဘူး။ (၂) ေယာက္ေလာက္ အသံုးျပဳရပါမယ္” လို႔ အင္းနရစ္က ေျပာသြားခဲ့ပါတယ္။

စပိန္လက္ေရြးစင္အသင္းၾကီးအတြက္ မကစားေပးခင္ ထရာအိုေရး ကို မာလီ အသင္းကလည္း လက္ေရြးစင္အသင္းမွာ ကစားေပးရန္ ေခၚယူကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။သို႔ေသာ္လည္း သူဟာ မာလီကို မေရြးခ်ယ္ခဲ့ပဲ စပိန္လက္ေရြးစင္အသင္းအတြက္ ကစားေပးရန္ ဆံုးျဖတ္ခဲ့ပါတယ္။ ထရာအိုေရးဟာ စပိန္အသင္းရဲ႕ လာမယ့္ ေနရွင္းလိဂ္ျပိဳင္ပြဲေတြျဖစ္တဲ့ ဆြစ္ဇာလန္ နဲ႔ ယူကရိန္းအသင္းတို႔နဲ႔ ပြဲေတြမွာလည္း ပါ၀င္ကစားခြင့္ရဖြယ္ရွိေနပါတယ္။

“ ဒီေန႔မွာ သြင္းဂိုးေတြ မျမင္ရလို႔ ပရိသတ္ေတြအတြက္ ၀မ္းနည္းမိပါတယ္။ ကၽြန္ေတာ္တို႔ အခြင့္အေရးေတြ ဖန္တီးခဲ့ပါတယ္။ တစ္ခါတစ္ေလ ကၽြန္ေတာ္တို႔ ပြဲကို ေကာင္းေကာင္းနားမလည္ခဲ့ပါဘူး။ အဲ့လိုမ်ိဳး ကၽြန္ေတာ္လည္း မႏွစ္သက္ပါဘူး” လို႔ ဂိုးမရွိသေရက်ခဲ့တဲ့အေပၚ စပိန္နည္းျပက ထပ္ျပီးေျပာသြားခဲ့တာျဖစ္ပါတယ္။