အချက်အလက်မှတ်တမ်းတွေအရ ဒီရာသီပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရအခက်ဆုံးအသင်းက လိဒ်ယူနိုက်တက် ဖြစ်နေ


ပရီးမီးယားလိဂ်ကို ၁၆ နှစ်ကြာမှ တန်းပြန်တက်ခွင့်ရခဲ့တဲ့ လိဒ်ယူနိုက်တက်ဟာ ဒီရာသီလက်ရှိအချက်အလက်မှတ်တမ်း တွေအရ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ရင်ဆိုင်ရအခက်ဆုံးအသင်းအဖြစ် သတ်မှတ်ခံရပါတယ်။ နည်းပြ ဘီရယ်ဆာ ကိုင်တွယ်နေချိန်တဲ့ လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံလီဗာပူးကို အကြိတ်အနယ်ကစား ပြီးမှ လေးဂိုးသုံးဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။


တန်းတက်အသင်းအချင်းချင်းကစားတဲ့ ဖူလ်ဟမ်နဲ့ပွဲမှာတော့ လိဒ်က လေးဂိုးသုံးဂိုးနဲ့ အနိုင်ရခဲ့ပြီး ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ ကစားရတာဖြစ်ပေမယ့် တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်စီး တီးကိုလည်း အိမ်ကွင်းမှာ တစ်ဂိုးစီသရေရအောင် ကစားနိုင်ခဲ့တာကြောင့် ဒီရာသီလိဒ်ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် စွမ်း ဆောင်ရည်က အထင်ကြီးစရာပဲ ဖြစ်ပါတယ်။

 

 

 

 

 

အချက်အလက်မှတ်တမ်းတွေအရ လိဒ်ယူနိုက်တက်ဟာ တစ်ပွဲချင်းဘောလုံးလုယူနိုင်မှု၊ လက်ရှိကစားပြီးချိန်ထိ ဘောလုံး လုယူနိုင်မှု၊ ကာကွယ်နိုင်မှု၊ ပြိုင်ဘက်ကို ဖိအားပေးနိုင်မှုတွေမှာ အခြားအသင်းတွေထက် သာနေတယ်လို့ ဖော်ပြခံရတာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာဆိုရင် လိဒ်ယူနိုက်တက်ဟာ တစ်ပွဲတည်းမှာပဲ ဘောလုံးလုယူနိုင်မှု ၃၂ ကြိမ်အထိ ရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

ပွဲစဉ် ၄ ပွဲကစားချိန်မှာ လိဒ်ယူနိုက်တက်ဟာ ဘောလုံးလုယူနိုင်မှု ၁၀၅ ကြိမ်အထိ ရှိခဲ့တာကြောင့် တစ်ပွဲပျမ်းမျှ ၂၆.၃ ကြိမ်အထိ ရှိခဲ့ပါတယ်။ ခံစစ်ကနေ ဘောလုံးဖျက်ထုတ်နိုင်မှုကလည်း ၂၅၂ ကြိမ်အထိရှိပြီး ကန်သွင်းမှုတွေကိုလည်း ကာ ကွယ်နိုင်တာ ၂၇ ကြိမ် အထိရှိပါတယ်။ အီတလီဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ်လိုမာလ်ဒီနီကတော့ ကစားသမား တစ်ယောက် ဘောလုံးလုမှုခံရတာ အဲ့ဒီကစားသမားအနေနဲ့ အမှားကျူးလွန်မိတာကြောင့်ပါလို့ ပြောခဲ့ပါတယ်။

zawgyi version

အခ်က္အလက္မွတ္တမ္းေတြအရ ဒီရာသီပရီးမီးယားလိဂ္မွာ ရင္ဆိုင္ရအခက္ဆံုးအသင္းက လိဒ္ယူႏိုက္တက္ ျဖစ္ေန
ပရီးမီးယားလိဂ္ကို ၁၆ ႏွစ္ၾကာမွ တန္းျပန္တက္ခြင့္ရခဲ့တဲ့ လိဒ္ယူႏိုက္တက္ဟာ ဒီရာသီလက္ရွိအခ်က္အလက္မွတ္တမ္း ေတြအရ ပရီးမီးယားလိဂ္အသင္းေတြထဲမွာ ရင္ဆိုင္ရအခက္ဆံုးအသင္းအျဖစ္ သတ္မွတ္ခံရပါတယ္။ နည္းျပ ဘီရယ္ဆာ ကိုင္တြယ္ေနခ်ိန္တဲ့ လိဒ္ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ လက္ရွိခ်န္ပီယံလီဗာပူးကို အၾကိတ္အနယ္ကစား ၿပီးမွ ေလးဂိုးသံုးဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
တန္းတက္အသင္းအခ်င္းခ်င္းကစားတဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာေတာ့ လိဒ္က ေလးဂိုးသံုးဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး ရွက္ဖီးယူႏိုက္တက္ကို အေဝးကြင္းမွာ ကစားရတာျဖစ္ေပမယ့္ တစ္ဂိုးဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။ ပရီးမီးယားလိဂ္အသင္းၾကီးတစ္သင္းျဖစ္တဲ့ မန္စီး တီးကိုလည္း အိမ္ကြင္းမွာ တစ္ဂိုးစီသေရရေအာင္ ကစားႏုိင္ခဲ့တာေၾကာင့္ ဒီရာသီလိဒ္ယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ စြမ္း ေဆာင္ရည္က အထင္ၾကီးစရာပဲ ျဖစ္ပါတယ္။
အခ်က္အလက္မွတ္တမ္းေတြအရ လိဒ္ယူႏိုက္တက္ဟာ တစ္ပြဲခ်င္းေဘာလံုးလုယူႏိုင္မႈ၊ လက္ရွိကစားၿပီးခ်ိန္ထိ ေဘာလံုး လုယူႏိုင္မႈ၊ ကာကြယ္ႏိုင္မႈ၊ ၿပိဳင္ဘက္ကို ဖိအားေပးႏုိင္မႈေတြမွာ အျခားအသင္းေတြထက္ သာေနတယ္လို႔ ေဖာ္ျပခံရတာ ျဖစ္ပါတယ္။ မန္စီးတီးနဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာဆိုရင္ လိဒ္ယူႏိုက္တက္ဟာ တစ္ပြဲတည္းမွာပဲ ေဘာလံုးလုယူႏိုင္မႈ ၃၂ ၾကိမ္အထိ ရွိခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲစဥ္ ၄ ပြဲကစားခ်ိန္မွာ လိဒ္ယူႏိုက္တက္ဟာ ေဘာလံုးလုယူႏုိင္မႈ ၁၀၅ ၾကိမ္အထိ ရွိခဲ့တာေၾကာင့္ တစ္ပြဲပ်မ္းမွ် ၂၆.၃ ၾကိမ္အထိ ရွိခဲ့ပါတယ္။ ခံစစ္ကေန ေဘာလံုးဖ်က္ထုတ္ႏိုင္မႈကလည္း ၂၅၂ ၾကိမ္အထိရွိၿပီး ကန္သြင္းမႈေတြကိုလည္း ကာ ကြယ္ႏိုင္တာ ၂၇ ၾကိမ္ အထိရွိပါတယ္။ အီတလီဂႏၱဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ေပၚလိုမာလ္ဒီနီကေတာ့ ကစားသမား တစ္ေယာက္ ေဘာလံုးလုမႈခံရတာ အဲ့ဒီကစားသမားအေနနဲ႔ အမွားက်ဴးလြန္မိတာေၾကာင့္ပါလို႔ ေျပာခဲ့ပါတယ္။