ယူရိုပါလိဂ် ကစားမယ့် အာဆင်နယ်အသင်းရဲ့ ကစားသမား ၂၅ ယောက်စာရင်းမှာ အိုဇေးလ်နဲ့ ဆိုကရာတစ် တို့ မပါဝင်


အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ယူရိုပါလိဂ်ကစားမယ့် ကစားမယ့် ကစားသမား ၂၅ ယောက်ရဲ့ အမည်စာရင်းကို တင်သွင်းခဲ့ရာမှာတော့ ကွင်းလယ်လူ အိုဇေးလ်နဲ့ နောက်ခံလူ ဆိုကရာတစ်တို့ မပါဝင်ခဲ့ကြောင်း သိရပါတယ်။ အိုဇေးလ် ဟာ မတ်လကတည်းက အသင်းအတွက် မကစားခဲ့ရသူဖြစ်ပြီး ဂရိနောက်ခံလူ ဖြစ်တဲ့ ဆိုကရာတစ်ကလည်း ဒီရာသီမှာ အသင်းအတွက် ကစားခွင့်မရသေးသူ ဖြစ်ပါတယ်။


တစ်ပတ်ကို ပေါင်သုံးသိန်းခွဲရရှိနေတဲ့ အိုဇေးလ်ဟာ အာဆင်နယ်နဲ့ လာမယ့်နွေရာသီအကုန်မှ စာချုပ်သက်တမ်းကုန်ဆုံး မှာ ဖြစ်တာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင်အထိ အသင်းသစ်ရှာဖွေစရာ မလိုသေးဘူးလို့လည်းသိရပါ တယ်။အာဆင်နယ်အသင်း တာဝန်ရှိသူတွေကတော့ အိုဇေးလ်ကို အသင်းကထွက်သွားဖို့ အလိုရှိခဲ့ကြပေမယ့် သူရဲ့ များ လှတဲ့ လစာငွေက သူကိုခေါ်ယူလိုတဲ့ အသင်းတွေအတွက် အနှောင့်အယှက်ဖြစ်စေတာပဲ ဖြစ်ပါတယ်။


အသင်းမှာ နည်းပြ အာတီတာနဲ့ အဆင်မပြေတာကြောင့် ကစားခွင့်မရတဲ့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လာဘ် ကောင်ရုပ်လေးအဖြစ် ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်နေတဲ့ ဂျယ်ရီကွေးအတွက် ကုန်ကျစရိတ်များကို အသင်းမှာ သူရှိသ မျှကာလပတ်လုံး အကုန်အကျခံမယ်လို့ အာဆင်နယ်ထံ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အာဆင်နယ်ရဲ့ လာဘ်ကောင်ရုပ်လေးဟာ ကိုဗစ်ကြောင့် တာဝန်ကနေ ရပ်နားခံရတာပဲ ဖြစ်ပါတယ်။

zawgyi version

ယူရိုပါလိဂ္ ကစားမယ့္ အာဆင္နယ္အသင္းရဲ႕ ကစားသမား ၂၅ ေယာက္စာရင္းမွာ အိုေဇးလ္နဲ႔ ဆိုကရာတစ္ တို႔ မပါဝင္
အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ယူရိုပါလိဂ္ကစားမယ့္ ကစားမယ့္ ကစားသမား ၂၅ ေယာက္ရဲ႕ အမည္စာရင္းကို တင္သြင္းခဲ့ရာမွာေတာ့ ကြင္းလယ္လူ အုိေဇးလ္နဲ႔ ေနာက္ခံလူ ဆိုကရာတစ္တို႔ မပါဝင္ခဲ့ေၾကာင္း သိရပါတယ္။ အိုေဇးလ္ ဟာ မတ္လကတည္းက အသင္းအတြက္ မကစားခဲ့ရသူျဖစ္ၿပီး ဂရိေနာက္ခံလူ ျဖစ္တဲ့ ဆိုကရာတစ္ကလည္း ဒီရာသီမွာ အသင္းအတြက္ ကစားခြင့္မရေသးသူ ျဖစ္ပါတယ္။
တစ္ပတ္ကို ေပါင္သံုးသိန္းခြဲရရွိေနတဲ့ အိုေဇးလ္ဟာ အာဆင္နယ္နဲ႔ လာမယ့္ေႏြရာသီအကုန္မွ စာခ်ဳပ္သက္တမ္းကုန္ဆံုး မွာ ျဖစ္တာေၾကာင့္ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မတိုင္ခင္အထိ အသင္းသစ္ရွာေဖြစရာ မလိုေသးဘူးလို႔လည္းသိရပါ တယ္။အာဆင္နယ္အသင္း တာဝန္ရွိသူေတြကေတာ့ အိုေဇးလ္ကို အသင္းကထြက္သြားဖို႔ အလိုရွိခဲ့ၾကေပမယ့္ သူရဲ႕ မ်ား လွတဲ့ လစာေငြက သူကိုေခၚယူလိုတဲ့ အသင္းေတြအတြက္ အေႏွာင့္အယွက္ျဖစ္ေစတာပဲ ျဖစ္ပါတယ္။
အသင္းမွာ နည္းျပ အာတီတာနဲ႔ အဆင္မေျပတာေၾကာင့္ ကစားခြင့္မရတဲ့ အိုေဇးလ္ဟာ အာဆင္နယ္အသင္းရဲ႕ လာဘ္ ေကာင္ရုပ္ေလးအျဖစ္ ၂၇ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ေနတဲ့ ဂ်ယ္ရီေကြးအတြက္ ကုန္က်စရိတ္မ်ားကို အသင္းမွာ သူရွိသ မွ်ကာလပတ္လံုး အကုန္အက်ခံမယ္လို႔ အာဆင္နယ္ထံ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ အာဆင္နယ္ရဲ႕ လာဘ္ေကာင္ရုပ္ေလးဟာ ကိုဗစ္ေၾကာင့္ တာဝန္ကေန ရပ္နားခံရတာပဲ ျဖစ္ပါတယ္။