ထိပ်ဆုံးမှာ ရောက်နေတဲ့ ကျွန်တော်တို့ကို လူတိုင်းက ကျရှုံးစေချင်နေကြတယ်လို့ ဆိုလိုက်တဲ့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ချ်

အက်စတွန်ဗီလာအသင်းကို (၇-၂) ရှုံးခဲ့တဲ့ သမိုင်းဝင် ရှုံးပွဲအပြီးမှာ လီဗာပူးလ်အသင်းအပေါ်ဝေဖန်နေတာတွေကို ဗန်ဒိုက်ချ်က ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ မနှစ်ကပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တုန်းကလိုမျိုး ဒီထက်ပိုပြီး စိန်ခေါ်မှုတွေ ထပ်လာဦးမယ်လို့ ဟော်လန်နောက်ခံလူ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ထိပ်ဆုံးမှာ အမြဲတမ်း ရပ်တည်နေဖို့က အခက်အခဲဆုံးအရာ ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ထိပ်ဆုံးမှာ ရောက်နေတဲ့အခါ လူတွေက အောက်ကို ရောက်စေချင်နေကြပါတယ်။ ကျွန်တော့်အတွက်တော့ ကျွန်တော်အနားမယူခင်အထိ နောင်တမရစေချင်လို့ အရာရာပေးဆပ်သွားမှာပါ။ ဒီထက်ပိုပြီး စိန်ခေါ်မှုတွေ ရှိလာဦးမှာပါ။ ကျွန်တော်တို့က ချန်ပီယံပါ” လို့ ဗန်ဒိုက်ချ်က ပြောသွားခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းကို (၇-၂) ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ရှုံးပွဲဟာ ၁၉၆၃ ခုနှစ်က စပါးကို ရှုံးခဲ့ပြီးတဲ့ နောက်ပိုင်း အကြီးမားဆုံး ရှုံးပွဲဖြစ်ပြီး နည်းပြ ယာဂင်ကလော့ပ်ရဲ့ နည်းပြဘ၀ အဆိုးရွားဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းက ပေါင် ၂၈ သန်းနဲ့ ခေါ်ယူထားတဲ့ အိုလီဝက်ကင်စ်က ပထမပိုင်းမှာ လီဗာပူးလ်ဂိုးသမား အက်ဒရေယန်ရဲ့ အမှားနဲ့အတူ ဟက်ထရစ်သွင်းယူခဲ့ပါတယ်။

အဲ့ဒီနောက် (၃) ဂိုးဖန်တီးခဲ့တဲ့ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်က (၂) ဂိုးသွင်းယူပေးခဲ့ပြီး အသစ်ခေါ်ယူထားတဲ့ ဘာကလေ နဲ့ ကွင်းလယ်လူ မက်ဂင်း တို့က (၁) ဂိုး သွင်းယူပေးခဲ့ပြီး လက်ရှိ ချန်ပီယံကို အကြီးမားဆုံး ရှုံးပွဲတွေ့စေခဲ့တာဖြစ်ပါတယ်။

ထိပ္ဆံုးမွာ ေရာက္ေနတဲ့ ကၽြန္ေတာ္တို႔ကို လူတိုင္းက က်ရႈံးေစခ်င္ေနၾကတယ္လို႔ ဆိုလိုက္တဲ့ လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္ခ်္

အက္စတြန္ဗီလာအသင္းကို (၇-၂) ရႈံးခဲ့တဲ့ သမိုင္း၀င္ ရႈံးပြဲအျပီးမွာ လီဗာပူးလ္အသင္းအေပၚေ၀ဖန္ေနတာေတြကို ဗန္ဒိုက္ခ်္က ျပန္လည္ေျပာဆိုသြားခဲ့ပါတယ္။ မႏွစ္ကပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့တုန္းကလိုမ်ိဳး ဒီထက္ပိုျပီး စိန္ေခၚမႈေတြ ထပ္လာဦးမယ္လို႔ ေဟာ္လန္ေနာက္ခံလူ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

“ထိပ္ဆံုးမွာ အျမဲတမ္း ရပ္တည္ေနဖို႔က အခက္အခဲဆံုးအရာ ျဖစ္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ထိပ္ဆံုးမွာ ေရာက္ေနတဲ့အခါ လူေတြက ေအာက္ကို ေရာက္ေစခ်င္ေနၾကပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ ကၽြန္ေတာ္အနားမယူခင္အထိ ေနာင္တမရေစခ်င္လို႔ အရာရာေပးဆပ္သြားမွာပါ။ ဒီထက္ပိုျပီး စိန္ေခၚမႈေတြ ရွိလာဦးမွာပါ။ ကၽြန္ေတာ္တို႔က ခ်န္ပီယံပါ” လို႔ ဗန္ဒိုက္ခ်္က ေျပာသြားခဲ့ပါတယ္။

အက္စတြန္ဗီလာအသင္းကို (၇-၂) ရႈံးနိမ့္ခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ရႈံးပြဲဟာ ၁၉၆၃ ခုႏွစ္က စပါးကို ရႈံးခဲ့ျပီးတဲ့ ေနာက္ပိုင္း အၾကီးမားဆံုး ရႈံးပြဲျဖစ္ျပီး နည္းျပ ယာဂင္ကေလာ့ပ္ရဲ႕ နည္းျပဘ၀ အဆိုးရြားဆံုး ရႈံးပြဲလည္း ျဖစ္ပါတယ္။ အက္စတြန္ဗီလာအသင္းက ေပါင္ ၂၈ သန္းနဲ႔ ေခၚယူထားတဲ့ အိုလီ၀က္ကင္စ္က ပထမပိုင္းမွာ လီဗာပူးလ္ဂိုးသမား အက္ဒေရယန္ရဲ႕ အမွားနဲ႔အတူ ဟက္ထရစ္သြင္းယူခဲ့ပါတယ္။

အဲ့ဒီေနာက္ (၃) ဂိုးဖန္တီးခဲ့တဲ့ အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္က (၂) ဂိုးသြင္းယူေပးခဲ့ျပီး အသစ္ေခၚယူထားတဲ့ ဘာကေလ နဲ႔ ကြင္းလယ္လူ မက္ဂင္း တို႔က (၁) ဂိုး သြင္းယူေပးခဲ့ျပီး လက္ရွိ ခ်န္ပီယံကို အၾကီးမားဆံုး ရႈံးပြဲေတြ႕ေစခဲ့တာျဖစ္ပါတယ္။