အသင်းဖော်ဟောင်း ကာဗာနီ ယူနိုက်တက်ဆီ မပြောင်းရွှေ့ခင် အကြံပေးစကားပြောကြားခဲ့တဲ့ ဟာရဲရား

ယူနိုက်တက် ကွင်းလယ်လူဟောင်း ဟာရဲရားက ကာဗာနီ အိုးထရက်ဖိုဒ့်ဆီ မပြောင်းရွှေ့ခင် အကြံပေး စကားပြောကြားပေးခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ကစားသမားကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ တိုက်စစ်အင်အားဖြည့်တင်းရန်အတွက် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကာဗာနီဟာ (၇) နှစ်ကြာ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဇွန်လက လမ်းခွဲခဲ့သူပါ။

သူဟာ ပီအက်စ်ဂျီအသင်းနဲ့ လီဂူး ၁ အမှတ်ပေးဖလား (၆) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းမှာ စံချိန်တင် သွင်းဂိုး (၂၀၀) ကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ စပိန်ကစားသမားက ဥရုဂွေး တိုက်စစ်မှုးအနေနဲ့ ယူနိုက်တက်လို အသင်းမျိုးက စိတ်ဝင်စားလာတဲ့အခါ ပယ်ချရန် ခက်ခဲမယ်လို့ ပြောခဲ့ပါတယ်။

“ သူကျွန်တော့်ဆီက အကြံတောင်းခဲ့ပါတယ်။ ကျွန်တော်ကတော့ ယူနိုက်တက်လို အသင်းမျိုးက ကမ်းလှမ်းရင် No လို့ ပြောလို့ မရနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ သနားစရာကောင်းတာက သူဟာ ပရိသတ်တွေနဲ့ အတူမကစားရတာပါပဲ။ အိုးထရက်ဖိုဒ့်ကွင်းကြီးထဲက ပရိသတ်တွေက အနှိုင်းမဲ့ပါ” လို့ ဟာရဲရားက စပိန်ရေဒီယိုအစီအစဉ်တစ်ခုကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၃) လအတွင်း ဘောလုံးမကစားခဲ့ရပေးမယ့် ကာဗာနီ ဟာ သူ့အနေနဲ့ ကစားရန် အဆင်သင့်ဖြစ်နေပြီလို့ ဝန်ခံပြောသွားခဲ့ပါတယ်။

“ယူနိုက်တက်က ကမ္ဘာ့အကြီးအကျယ်ဆုံးအသင်းတွေထဲက တစ်သင်းပါ။ ဒီမှာရှိရတာ ဂုဏ်ယူစရာပါ။ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အရမ်းကို စိတ်ဓာတ်ပြင်းပြတဲ့ ပရိသတ်မျိုးစုံရှေ့မှာ ကစားခဲ့ဖူးပါတယ်။ ယူနိုက်တက်မှာလည်း အဲ့လိုမျိုးတူညီမယ်လို့ ကျွန်တော်သိပါတယ်။ အိုးထရက်ဖိုဒ့်မှာ ကစားရမယ့်အတွေ့အကြုံကို ကျွန်တော်မစောင့်နိုင်တော့ပါဘူး။ ရောဂါအခြေအနေကောင်းသွားရင်တော့ ပရိသတ်တွေလည်း ပြန်လာမှာပါ”လို့ ကာဗာနီက ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။

အသင္းေဖာ္ေဟာင္း ကာဗာနီ ယူႏိုက္တက္ဆီ မေျပာင္းေ႐ႊ႕ခင္ အႀကံေပးစကားေျပာၾကားခဲ့တဲ့ ဟာရဲရား

ယူႏိုက္တက္ ကြင္းလယ္လူေဟာင္း ဟာရဲရားက ကာဗာနီ အုိးထရက္ဖိုဒ့္ဆီ မေျပာင္းေရႊ႕ခင္ အၾကံေပး စကားေျပာၾကားေပးခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားကို ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ တိုက္စစ္အင္အားျဖည့္တင္းရန္အတြက္ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ေခၚယူခဲ့တာျဖစ္ပါတယ္။ ကာဗာနီဟာ (၇) ႏွစ္ၾကာ ကစားခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ဇြန္လက လမ္းခြဲခဲ့သူပါ။ သူ

ဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ လီဂူး ၁ အမွတ္ေပးဖလား (၆) ၾကိမ္ ဆြတ္ခူးႏိုင္ခဲ့ျပီး အသင္းမွာ စံခ်ိန္တင္ သြင္းဂိုး (၂၀၀) ကို သြင္းယူေပးခဲ့သူ ျဖစ္ပါတယ္။ စပိန္ကစားသမားက ဥရုေဂြး တိုက္စစ္မႈးအေနနဲ႔ ယူႏိုက္တက္လို အသင္းမ်ိဳးက စိတ္၀င္စားလာတဲ့အခါ ပယ္ခ်ရန္ ခက္ခဲမယ္လို႔ ေျပာခဲ့ပါတယ္။

“ သူကၽြန္ေတာ့္ဆီက အၾကံေတာင္းခဲ့ပါတယ္။ ကၽြန္ေတာ္ကေတာ့ ယူႏိုက္တက္လို အသင္းမ်ိဳးက ကမ္းလွမ္းရင္ No လို႔ ေျပာလို႔ မရႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။ သနားစရာေကာင္းတာက သူဟာ ပရိသတ္ေတြနဲ႔ အတူမကစားရတာပါပဲ။ အုိးထရက္ဖိုဒ့္ကြင္းၾကီးထဲက ပရိသတ္ေတြက အႏိႈင္းမဲ့ပါ” လို႔ ဟာရဲရားက စပိန္ေရဒီယိုအစီအစဥ္တစ္ခုကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ (၃) လအတြင္း ေဘာလံုးမကစားခဲ့ရေပးမယ့္ ကာဗာနီ ဟာ သူ႔အေနနဲ႔ ကစားရန္ အဆင္သင့္ျဖစ္ေနျပီလို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။

“ယူႏိုက္တက္က ကမာၻ႕အၾကီးအက်ယ္ဆံုးအသင္းေတြထဲက တစ္သင္းပါ။ ဒီမွာရွိရတာ ဂုဏ္ယူစရာပါ။ ကၽြန္ေတာ့္ကစားသမားဘ၀တစ္ေလွ်ာက္ အရမ္းကို စိတ္ဓာတ္ျပင္းျပတဲ့ ပရိသတ္မ်ိဳးစံုေရွ႕မွာ ကစားခဲ့ဖူးပါတယ္။ ယူႏိုက္တက္မွာလည္း အဲ့လိုမ်ိဳးတူညီမယ္လို႔ ကၽြန္ေတာ္သိပါတယ္။ အိုးထရက္ဖိုဒ့္မွာ ကစားရမယ့္အေတြ႕အၾကံဳကို ကၽြန္ေတာ္မေစာင့္ႏိုင္ေတာ့ပါဘူး။ ေရာဂါအေျခအေနေကာင္းသြားရင္ေတာ့ ပရိသတ္ေတြလည္း ျပန္လာမွာပါ”လို႔ ကာဗာနီက ယူႏိုက္တက္အသင္းရဲ႕ တရား၀င္၀က္ဘ္ဆုိဒ္ကို ေျပာသြားခဲ့ပါတယ္။