ရိုးမားအသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ခဲ့ရလို့ အရမ်းကို ပျော်ရွှင်နေတဲ့ နောက်ခံလူ စမောလင်း

(၁၀) နှစ်ကြာ ကစားခဲ့တဲ့ ယူနိုက်တက်ကနေ ရိုးမားအသင်းကို အပြီးသတ်ပြောင်းရွှေ့ရန် နွေရာသီတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ရတယ်လို့ နောက်ခံလူ စမောလင်းက ဝန်ခံပြောကြားသွားခဲ့ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးရက် နောက်ဆုံးအချိန်မှာ စမောလင်းဟာ အီတလီစီးရီးအေ ကလပ်အသင်းဆီ ပေါင် ၁၈ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ အတည်ပြုခဲ့ပြီးမှ စမောလင်းဟာ အကြီးအကျယ် စိတ်သက်သာရကြောင်းကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

“တစ်ကယ်ကို စိတ်သက်သာရခဲ့တာပါ။ အကြီးအကျယ်ကို စိတ်သက်သာရခဲ့တာဖြစ်ပါတယ်။ အားလုံးကလည်း ကျွန်တော် ပြန်လာချင်တာကို သိမယ်လို့ ထင်ပါတယ်။ အခုတော့ ပြန်သွားနိုင်ခဲ့ပါပြီ။ အပြောင်းအရွှေ့မပိတ်ခင် ရောက်နိုင်ခဲ့လို့ အရမ်းကို စိတ်လှုပ်ရှားပြီး စိတ်သက်သာရခဲ့မိပါတယ်။ အခုကျွန်တော့် မနက်ဖြန်မှာပဲ အသင်းနဲ့အတူ လေ့ကျင့်ရေးတွေပြန်လုပ်တေ့မှာပါ” လို့ စမောလင်းက ရိုးမားအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ စမောလင်းဟာ အသင်းမှာ ခြေစွမ်းပြကစားခဲ့သူပါ။ စမောလင်းပြန်လည်ရောက်ရှိလာလို့ ရိုးမားအသင်းရဲ့ ပရိသတ်တွေဟာ လေဆိပ်မှာတောင် သွားရောက်ကြိုဆိုခဲ့ကြတာကို တွေ့ရပါတယ်။

ရိုးမားအသင္းဆီကို အျပီးသတ္ေျပာင္းေရႊ႕ခဲ့ရလို႔ အရမ္းကို ေပ်ာ္ရႊင္ေနတဲ့ ေနာက္ခံလူ စေမာလင္း

(၁၀) ႏွစ္ၾကာ ကစားခဲ့တဲ့ ယူႏိုက္တက္ကေန ရိုးမားအသင္းကို အျပီးသတ္ေျပာင္းေရႊ႕ရန္ ေႏြရာသီတစ္ေလွ်ာက္လံုး တိုက္ပြဲ၀င္ခဲ့ရတယ္လို႔ ေနာက္ခံလူ စေမာလင္းက ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ အေျပာင္းအေရႊ႕ေနာက္ဆံုးရက္ ေနာက္ဆံုးအခ်ိန္မွာ စေမာလင္းဟာ အီတလီစီးရီးေအ ကလပ္အသင္းဆီ ေပါင္ ၁၈ သန္းနဲ႔ အျပီးသတ္ေျပာင္းေရႊ႕ႏိုင္ခဲ့တာျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ အတည္ျပဳခဲ့ျပီးမွ စေမာလင္းဟာ အၾကီးအက်ယ္ စိတ္သက္သာရေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

“တစ္ကယ္ကို စိတ္သက္သာရခဲ့တာပါ။ အၾကီးအက်ယ္ကို စိတ္သက္သာရခဲ့တာျဖစ္ပါတယ္။ အားလံုးကလည္း ကၽြန္ေတာ္ ျပန္လာခ်င္တာကို သိမယ္လို႔ ထင္ပါတယ္။ အခုေတာ့ ျပန္သြားႏိုင္ခဲ့ပါျပီ။ အေျပာင္းအေရႊ႕မပိတ္ခင္ ေရာက္ႏိုင္ခဲ့လို႔ အရမး္ကို စိတ္လႈပ္ရွားျပီး စိတ္သက္သာရခဲ့မိပါတယ္။ အခုကၽြန္ေတာ့္ မနက္ျဖန္မွာပဲ အသင္းနဲ႔အတူ ေလ့က်င့္ေရးေတြျပန္လုပ္ေတ့မွာပါ” လို႔ စေမာလင္းက ရုိးမားအသင္းရဲ႕ တရား၀င္၀က္ဘ္ဆုိဒ္ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ရာသီက ရိုးမားအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့တဲ့ စေမာလင္းဟာ အသင္းမွာ ေျခစြမ္းျပကစားခဲ့သူပါ။ စေမာလင္းျပန္လည္ေရာက္ရွိလာလို႔ ရိုးမားအသင္းရဲ႕ ပရိသတ္ေတြဟာ ေလဆိပ္မွာေတာင္ သြားေရာက္ၾကိဳဆိုခဲ့ၾကတာကို ေတြ႕ရပါတယ္။