ယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ စောင့်ဆိုင်းရဦးမယ့် ကာဗာနီ

ကာဗာနီဟာ အောက်တိုဘာလ ၁၇ ရက်နေ့ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားဖွယ်မရှိနိုင်ဘူးလို့ သတင်းထွက်ပေါ်လာပါတယ်။ ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်အသင်းဆီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ လက်ရှိ အထောင်တိုက်စစ်မှူး ဖြစ်တဲ့ မာရှယ်လ်ဟာ အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံရမှာဖြစ်လို့ ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြတာဖြစ်ပါတယ်။

သို့သော်လည်း The Times သတင်းဌာနက ဖော်ပြချက်အရ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ပွဲထွက်ကစားခွင့်ရဖို့ စောင့်ဆိုင်းနေရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ်ကနေ အင်္ဂလန်ကိုလာတဲ့ ဘယ်သူမဆို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကွာရာတင်း (၁၄) ရက်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ အားကစားသမားတွေကတော့ ဒီစည်းကမ်းကနေ ချွင်းချက်ရရှိမှာဖြစ်ပေမယ့် ဒီနွေရာသီအစောပိုင်းကတည်းက ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့တဲ့ ကာဗာနီဟာ အပြင်မှာ နေထိုင်တာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက် အိမ်မှာ သီးသန့် နေထိုင်ရဦးမှာဖြစ်လို့ နယူးကာဆယ်အသင်းနဲ့ ပွဲကို လွဲချော်ဖွယ်ရှိနေတာပါ။

ကာဗာနီဟာ အိုးထရက်ဖိုဒ့်မှာ ကျောနံပါတ် (၇) ကို ဝတ်ဆင်မှာဖြစ်ပြီး အောက်တိုဘာလ (၂၀) ရက်နေ့ အသင်းဟောင်း ပီအက်စ်ဂျီအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ပွဲထွက်လာဖွယ်ရှိနေတာဖြစ်ပါတယ်။ တောင်အမေရိကကစားသမားဟာ ဒီနွေရာသီအစောပိုင်းတုန်းက အိုင်ဘီဇာကမ်းခြေကို သွားရောက်လည်ပတ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံခဲ့ရပါသေးတယ်။

ယူႏိုက္တက္အသင္းမွာ ပြဲထြက္ကစားခြင့္ရဖို႔ ေစာင့္ဆိုင္းရဦးမယ့္ ကာဗာနီ

ကာဗာနီဟာ ေအာက္တိုဘာလ ၁၇ ရက္ေန႔ နယူးကာဆယ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ယူႏုိက္တက္အသင္းအတြက္ ပြဲထြက္ကစားဖြယ္မရွိႏိုင္ဘူးလို႔ သတင္းထြက္ေပၚလာပါတယ္။ ဥရုေဂြးလက္ေရြးစင္ကစားသမားဟာ ယူႏိုက္တက္အသင္းဆီ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ေျပာင္းေရႊ႕ႏိုင္ခဲ့တာျဖစ္ျပီး အသင္းရဲ႕ လက္ရွိ အေထာင္တိုက္စစ္မွဴး ျဖစ္တဲ့ မာရွယ္လ္ဟာ အနီကတ္ျပစ္ဒဏ္ေၾကာင့္ ပြဲပယ္ခံရမွာျဖစ္လို႔ ပါ၀င္ကစားႏိုင္ဖြယ္ရွိတယ္လို႔ ခန္႔မွန္းေနၾကတာျဖစ္ပါတယ္။

သို႔ေသာ္လည္း The Times သတင္းဌာနက ေဖာ္ျပခ်က္အရ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားဟာ အစိုးရရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ပြဲထြက္ကစားခြင့္ရဖို႔ ေစာင့္ဆိုင္းေနရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ျပင္သစ္ကေန အဂၤလန္ကိုလာတဲ့ ဘယ္သူမဆို ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ကြာရာတင္း (၁၄) ရက္၀င္ေရာက္ရမွာ ျဖစ္ပါတယ္။

အေရးၾကီးတဲ့ အားကစားသမားေတြကေတာ့ ဒီစည္းကမ္းကေန ခၽြင္းခ်က္ရရွိမွာျဖစ္ေပမယ့္ ဒီေႏြရာသီအေစာပိုင္းကတည္းက ပီအက္စ္ဂ်ီကေန ထြက္ခြာခဲ့တဲ့ ကာဗာနီဟာ အျပင္မွာ ေနထိုင္တာ ၾကာျမင့္ခဲ့ျပီျဖစ္တဲ့အတြက္ အိမ္မွာ သီးသန္႔ ေနထိုင္ရဦးမွာျဖစ္လို႔ နယူးကာဆယ္အသင္းနဲ႔ ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနတာပါ။

ကာဗာနီဟာ အိုးထရက္ဖုိဒ့္မွာ ေက်ာနံပါတ္ (၇) ကို ၀တ္ဆင္မွာျဖစ္ျပီး ေအာက္တိုဘာလ (၂၀) ရက္ေန႔ အသင္းေဟာင္း ပီအက္စ္ဂ်ီအသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ပါ၀င္ပြဲထြက္လာဖြယ္ရွိေနတာျဖစ္ပါတယ္။ ေတာင္အေမရိကကစားသမားဟာ ဒီေႏြရာသီအေစာပိုင္းတုနး္က အိုင္ဘီဇာကမ္းေျခကို သြားေရာက္လည္ပတ္ခဲ့ျပီး ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံခဲ့ရပါေသးတယ္။