အသင်းရဲ့လာဘ်ကောင်ရုပ်အတွက် ကုန်ကျစရိတ်တွေကို ပေးချေသွားမယ်လို့ အာဆင်နယ်ထံ ကမ်းလှမ်းခဲ့တဲ့ အိုဇေးလ်


အသင်းမှာ ၂၇ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုဗစ်ကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အလုပ်ကနေ ရပ်နားခံလိုက်ရတဲ့ လာဘ် ကောင်ရုပ်လေးအတွက် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူသွားပေးမယ်လို့ အာဆင်နယ်အသင်းထံ အိုဇေးလ်က ကမ်း လှမ်းခဲ့ပါတယ်။ လာဘ်ကောင်ရုပ်လေးဟာ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ၁၉၉၃ ခုနှစ်ကတည်းက တာဝန် ထမ်းဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။


အသင်းရဲ့ဂန္တဝင်နည်းပြကြီးတစ်ဦးဖြစ်တဲ့ အာစင်ဝင်းဂါးတောင် ၁၉၉၆ ခုနှစ်မှ အသင်းကို ရောက်ရှိလာတာကြောင့် လက်ရှိ အချိန်မှာ အာဆင်နယ်ရဲ့ သက်တမ်းအရှည်ကြာဆုံး တာဝန်ထမ်းဆောင်သူအဖြစ်သတ်မှတ်ခံရသူဖြစ်ပါတယ်။ ကိုဗစ် ကြောင့် ဘဏ္ဍရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်အပြီးမှာ အာဆင်နယ်အနေနဲ့ ဝန်ထမ်း ၅၀ ကျော်ကို လျော့ချခဲ့တဲ့အပြင် အခုလည်း လာဘ်ကောင်ရုပ်လေးကို တာဝန်က ရပ်နားစေခဲ့တာပဲ ဖြစ်ပါတယ်။


အိုဇေးလ်က “ အသင်းရဲ့လာဘ်ကောင်ရုပ်လေး အကြောင်းကို ကြားရတာ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ သူဟာ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ၂၇ နှစ်အထိ တာဝန်ထမ်းဆောင်ပြီးနောက်မှာတော့ သူဟာ အသင်းရဲ့ ဝန်ထမ်းလျှော့ချရေး အစီအစဉ်ထဲမှာ ပါသွားခဲ့ရတာပါ။ ကျွန်တော် အာဆင်နယ်ကစားသမားအဖြစ်ရှိနေတဲ့အချိန်ထိ ဒီလာဘ်ကောင်လေးအတွက် ကုန်ကျစရိတ်ကို တာဝန်ယူခွင့်ရဖို့ အသင်းကို ကမ်းလှမ်းထားပါတယ်။ “လို့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ရေးသားသွားခဲ့ပါတယ်။


အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ ပေါလ်မာဆင်ကလည်း တကယ်ကို စိတ်မကောင်းစရာပါပဲ။ ဒီလာဘ်ကောင်ရုပ်လေးဟာ အသင်းအပေါ်ကို နှစ် ၃၀ လောက် အားပေးခဲ့တဲ့ ပရိသတ်တစ်ယောက်ပါ။ ဒီလာဘ်ကောင် ရုပ်လေးအတွင်းမှာ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျယ်ရီကွေးအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

အသင္းရဲ႕လာဘ္ေကာင္ရုပ္အတြက္ ကုန္က်စရိတ္ေတြကို ေပးေခ်သြားမယ္လို႔ အာဆင္နယ္ထံ ကမ္းလွမ္းခဲ့တဲ့ အိုေဇးလ္
အသင္းမွာ ၂၇ ႏွစ္တာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ကိုဗစ္ေၾကာင့္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အလုပ္ကေန ရပ္နားခံလိုက္ရတဲ့ လာဘ္ ေကာင္႐ုပ္ေလးအတြက္ ကုန္က်စရိတ္အားလုံးကို တာဝန္ယူသြားေပးမယ္လို႔ အာဆင္နယ္အသင္းထံ အိုေဇးလ္က ကမ္း လွမ္းခဲ့ပါတယ္။ လာဘ္ေကာင္ရုပ္ေလးဟာ အာဆင္နယ္အသင္းရဲဲ႕ အိမ္ကြင္းပဲြစဥ္ေတြမွာ ၁၉၉၃ ခုႏွစ္ကတည္းက တာဝန္ ထမ္းေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။
အသင္းရဲ႕ဂႏၱဝင္နည္းျပၾကီးတစ္ဦးျဖစ္တဲ့ အာစင္ဝင္းဂါးေတာင္ ၁၉၉၆ ခုႏွစ္မွ အသင္းကို ေရာက္ရွိလာတာေၾကာင့္ လက္ရွိ အခ်ိန္မွာ အာဆင္နယ္ရဲ႕ သက္တမ္းအရွည္ၾကာဆံုး တာဝန္ထမ္းေဆာင္သူအျဖစ္သတ္မွတ္ခံရသူျဖစ္ပါတယ္။ ကိုဗစ္ ေၾကာင့္ ဘ႑ေရးဆံုးရႈံးမႈေတြ ျဖစ္ေပၚအၿပီးမွာ အာဆင္နယ္အေနနဲ႔ ဝန္ထမ္း ၅၀ ေက်ာ္ကုိ ေလ်ာ့ခ်ခဲ့တဲ့အျပင္ အခုလည္း လာဘ္ေကာင္ရုပ္ေလးကို တာဝန္က ရပ္နားေစခဲ့တာပဲ ျဖစ္ပါတယ္။
အိုေဇးလ္က “ အသင္းရဲ႕လာဘ္ေကာင္ရုပ္ေလး အေၾကာင္းကို ၾကားရတာ တကယ္ပဲ စိတ္မေကာင္းျဖစ္ရပါတယ္။ သူဟာ အသင္းရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုပါ။ ၂၇ ႏွစ္အထိ တာဝန္ထမ္းေဆာင္ၿပီးေနာက္မွာေတာ့ သူဟာ အသင္းရဲ႕ ဝန္ထမ္းေလွ်ာ့ခ်ေရး အစီအစဥ္ထဲမွာ ပါသြားခဲ့ရတာပါ။ ကြၽန္ေတာ္ အာဆင္နယ္ကစားသမားအျဖစ္ရွိေနတဲ့အခ်ိန္ထိ ဒီလာဘ္ေကာင္ေလးအတြက္ ကုန္က်စရိတ္ကို တာဝန္ယူခြင့္ရဖို႔ အသင္းကို ကမ္းလွမ္းထားပါတယ္။ “လို႔ သူ႔ရဲ႕ တြစ္တာအေကာင့္ကေန ေရးသားသြားခဲ့ပါတယ္။
အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ေပါလ္မာဆင္ကလည္း တကယ္ကို စိတ္မေကာင္းစရာပါပဲ။ ဒီလာဘ္ေကာင္ရုပ္ေလးဟာ အသင္းအေပၚကို ႏွစ္ ၃၀ ေလာက္ အားေပးခဲ့တဲ့ ပရိသတ္တစ္ေယာက္ပါ။ ဒီလာဘ္ေကာင္ ရုပ္ေလးအတြင္းမွာ ဝင္ေရာက္ၿပီး တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဂ်ယ္ရီေကြးအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္လို႔ ေျပာသြားခဲ့ပါတယ္။