ပရီးမီးယားလိဂ်ကလပ်တွေရဲ့ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၁.၂၄ ဘီလီယံအထိရှိခဲ့ပြီး ချဲလ်ဆီးက ပေါင် ၂၂၆ သန်းကျော်နဲ့ ဦးဆောင်ခဲ့

နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်ပြီးသွားချိန်မှာတော့ ပရီးမီးယားကလပ်တွေရဲ့ အပြောင်းအရွှေ့အသုံးစရိတ်ဟာ ပေါင် ၁.၂၄ ဘီလီယံအထိ ရှိခဲ့ပြီး ကစားသမားအများအပြားခေါ်ယူထားခဲ့တဲ့ ချဲလ်ဆီးက ပေါင် ၂၂၆ သန်းနဲ့ ဦးဆောင်ခဲ့ တယ်လို့ သိရပါတယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်ထက် ပေါင်သန်း ၁၆၀ လျော့နည်းခဲ့တယ်လို့လည်း သိရပါတယ်။


ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့အတူ လေဗာကူဆင်က ကိုင်ဟာဗက်ဇ်ကို ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးဟာ ကစားသမား ၇ ဦး အထိ ခေါ်ယူခဲ့တာကြောင့် အသုံးစရိတ်အများဆုံးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့နောက်မှာတော့ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကရှိနေခဲ့ပြီး ပေါင် ၁၄၇ သန်းအထိ အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက တန်းမဆင်းရဖို့ ရုန်း ကန်ခဲ့ရတဲ့ အက်စ်တွန်ဗီလာက ပေါင် ၈၅ သန်း အသုံးပြုခဲ့ပြီး ချန်ပီယံရှစ်ကနေ တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်က ပေါင် ၈၄.၅ သန်း အသုံးပြုခဲ့ပါတယ်။


ပရီးမီးယားလိဂ်မှာ အသင်းကောင်းတစ်သင်းအဖြစ် သတ်မှတ်ခံရတဲ့ ဝုလ်ဗာဟမ်တန်ကတော့ အသုံးစရိတ်စာရင်းမှာ နံပါတ် ၅ ချိတ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့လီဗာပူးက ပေါင် ၈၁.၇ သန်း ၊ အာဆင်နယ်က ပေါင် ၈၁.၅ သန်း သုံးစွဲခဲ့ကြပါတယ်။ အဲဗာတန်က ပေါင် ၆၅ သန်း၊ စပါးက ပေါင် ၆၂ သန်း အသုံးပြုခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ကစားသမား ၄ဦးအထိ ခေါ်ယူခဲ့တဲ့ ယူနိုက်တက်က ပေါင် ၅၄.၄ သန်း အသုံးပြုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။


ပြီးခဲ့တဲ့ နွေရာသီကလည်း အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၀၀ ကျော်အသုံးပြုခဲ့တဲ့ အက်စ်တွန်ဗီလာဟာ ဒီနှစ်မှာလည်း ပေါင် ၈၅ သန်းအထိ အသုံးပြုခဲ့တာဖြစ်ပြီး တိုက်စစ်မှူးဝက်စ်ကင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ အကောင်းဆုံးလူခေါ်ယူနိုင်တဲ့အသင်းအဖြစ်တော့ အန်ကွန်ကူ၊ ဂျိမ်းရိုဒရိုဂွတ်၊ အလန်၊ဒေါ့ကူရီနဲ့ ဂေါ့ဖရီတို့ကို ခေါ်ယူနိုင်ခဲ့တဲ့ အဲဗာတန်အသင်းပဲ ဖြစ်တယ်လို့ မှတ်ချက်ပြုခံရပါတယ်။

zawgyi version

ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕အသံုးစရိတ္ ေပါင္ ၁.၂၄ ဘီလီယံအထိရွိခဲ့ၿပီး ခ်ဲလ္ဆီးက ေပါင္ ၂၂၆ သန္းေက်ာ္နဲ႔ ဦးေဆာင္ခဲ့
ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္ၿပီးသြားခ်ိန္မွာေတာ့ ပရီးမီးယားကလပ္ေတြရဲ႕ အေျပာင္းအေရႊ႕အသံုးစရိတ္ဟာ ေပါင္ ၁.၂၄ ဘီလီယံအထိ ရွိခဲ့ၿပီး ကစားသမားအမ်ားအျပားေခၚယူထားခဲ့တဲ့ ခ်ဲလ္ဆီးက ေပါင္ ၂၂၆ သန္းနဲ႔ ဦးေဆာင္ခဲ့ တယ္လို႔ သိရပါတယ္။ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ အသံုးစရိတ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕အသံုးစရိတ္ထက္ ေပါင္သန္း ၁၆၀ ေလ်ာ့နည္းခဲ့တယ္လို႔လည္း သိရပါတယ္။
ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔အတူ ေလဗာကူဆင္က ကိုင္ဟာဗက္ဇ္ကို ေခၚယူခဲ့တဲ့ ခ်ဲလ္ဆီးဟာ ကစားသမား ၇ ဦး အထိ ေခၚယူခဲ့တာေၾကာင့္ အသံုးစရိတ္အမ်ားဆံုးျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးရဲ႕ေနာက္မွာေတာ့ နည္းျပ ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းကရွိေနခဲ့ၿပီး ေပါင္ ၁၄၇ သန္းအထိ အသံုးျပဳခဲ့တာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက တန္းမဆင္းရဖို႔ ရုန္း ကန္ခဲ့ရတဲ့ အက္စ္တြန္ဗီလာက ေပါင္ ၈၅ သန္း အသံုးျပဳခဲ့ၿပီး ခ်န္ပီယံရွစ္ကေန တန္းတက္လာတဲ့ လိဒ္ယူႏိုက္တက္က ေပါင္ ၈၄.၅ သန္း အသံုးျပဳခဲ့ပါတယ္။
ပရီးမီးယားလိဂ္မွာ အသင္းေကာင္းတစ္သင္းအျဖစ္ သတ္မွတ္ခံရတဲ့ ဝုလ္ဗာဟမ္တန္ကေတာ့ အသံုးစရိတ္စာရင္းမွာ နံပါတ္ ၅ ခ်ိတ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့လီဗာပူးက ေပါင္ ၈၁.၇ သန္း ၊ အာဆင္နယ္က ေပါင္ ၈၁.၅ သန္း သံုးစြဲခဲ့ၾကပါတယ္။ အဲဗာတန္က ေပါင္ ၆၅ သန္း၊ စပါးက ေပါင္ ၆၂ သန္း အသံုးျပဳခဲ့ၿပီး အေျပာင္းအေရႊ႕ေနာက္ဆံုးေန႔မွာ ကစားသမား ၄ဦးအထိ ေခၚယူခဲ့တဲ့ ယူႏိုက္တက္က ေပါင္ ၅၄.၄ သန္း အသံုးျပဳခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေႏြရာသီကလည္း အေျပာင္းအေရႊ႕မွာ ေပါင္သန္း ၁၀၀ ေက်ာ္အသံုးျပဳခဲ့တဲ့ အက္စ္တြန္ဗီလာဟာ ဒီႏွစ္မွာလည္း ေပါင္ ၈၅ သန္းအထိ အသံုးျပဳခဲ့တာျဖစ္ၿပီး တိုက္စစ္မွဴးဝက္စ္ကင္းကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၈ သန္းနဲ႔ ေခၚယူခဲ့ပါတယ္။ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ အေကာင္းဆံုးလူေခၚယူႏိုင္တဲ့အသင္းအျဖစ္ေတာ့ အန္ကြန္ကူ၊ ဂ်ိမ္းရိုဒရိုဂြတ္၊ အလန္၊ေဒါ့ကူရီနဲ႔ ေဂါ့ဖရီတို႔ကို ေခၚယူႏိုင္ခဲ့တဲ့ အဲဗာတန္အသင္းပဲ ျဖစ္တယ္လို႔ မွတ္ခ်က္ျပဳခံရပါတယ္။