အဲဗာတန်အသင်းကို ပြောင်းရွှေ့ခွင့်မပေးခဲ့ခြင်းအတွက် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကို ရိုမီယိုရဲ့ ဇနီး ပြစ်တင် ဝေဖန်ခဲ့


ယူနိုက်တက်အသင်းရဲ့ အရန်ဂိုးသမားတစ်ဦးဖြစ်တဲ့ ရိုမီယို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ ရှိခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေက ပြောင်းရွှေ့ခွင့်မပေးခဲ့ဘူးလို့ သိရပြီး ရိုမီယိုရဲ့ဇနီးဖြစ်သူကတော့ အသင်းတာဝန်ရှိ သူတွေကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ အဲဗာတန်ဟာ ရိုမီယိုအစား ရိုးမားက ရော်ဘင်အော်ဆန်ကို ခေါ်ယူစာ ချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။


ရိုမီယိုရဲ့ဇနီးဖြစ်သူက သူမရဲ့အင်စတာဂရမ်အကောင့်မှာ “ရိုမီယိုဟာ ယူနိုက်တက်ရဲ့ နောက်ဆုံးဖလားကို ရအောင်စွမ်း ဆောင်ပေးနိုင်ခဲ့သူပါ။ အသင်းကို ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် အဆင့်တွေအထိရောက်အောင် စွမ်းဆောင်ပေးနိုင်ပေ မယ့် အရန်ခုံမှာပဲ ထိုင်နေရပါတယ်။ အခု သူကိုတစ်ကြိမ်လောက် အခွင့်အရေးပြန်ပေးသင့်ပါတယ်။ သူရဲ့စွမ်းဆောင်ရည် တွေအတွက် တစ်ကြိမ်လောက်တော့ လေးစားမှု ပေးသင့်ပါတယ်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရတော့ ပေါ့အဆိုတော်တစ်ယောက်ဖြစ်ပြီး ဘောလုံးပရိသတ်တစ်ယောက်လည်းဖြစ်တဲ့ ရီဟားနားဟာ ၂၀၁၄ ခုနှစ်ကမ္ဘာ့ဖလားမတိုင်ခင်တုန်းက ရိုမီယိုကို နှစ်သက်မှုရှိတယ်ဆိုပြီးလည်း သိရပါတယ်။ ဒီသတင်း နဲ့ ပတ်သက်ပြီးတော့ ရိုမီယိုရဲ့ ဇနီးဖြစ်တဲ့ အီလီယာနာကတော့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ အာဂျင်တီးနားဗိုလ်စွဲခဲ့ မယ်ဆိုရင် သူတို့ကို တစ်ပတ်လောက်ပျော်ရွှင်ပေးမှာပါဆိုပြီး ပြန်လည်တုံပြန်ခဲ့ပါတယ်။


ရိုမီယို ဟာ ၂၀၁၅ ခုနှစ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ ၇ ပွဲသာ ကစားခွင့်ရ ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၆၁ ပွဲ ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ ရိုမီယိုအနေနဲ့ နောက်ဆုံး နှစ်ရာသီဆက် ပရီးမီးယားလိဂ်မှာ ကစားခွင့်မရခဲ့သလို ဟန်ဒါဆန်လည်း ပြန်ရောက်လာတာကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။

zawgyi version

အဲဗာတန္အသင္းကို ေျပာင္းေရႊ႕ခြင့္မေပးခဲ့ျခင္းအတြက္ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကို ရိုမီယိုရဲ႕ ဇနီး ျပစ္တင္ ေဝဖန္ခဲ့
ယူႏိုက္တက္အသင္းရဲ႕ အရန္ဂိုးသမားတစ္ဦးျဖစ္တဲ့ ရိုမီယို အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ အဲဗာတန္ကို ေျပာင္းေရႊ႕ဖို႔ ရွိခဲ့ေပမယ့္ အသင္းတာဝန္ရွိသူေတြက ေျပာင္းေရႊ႕ခြင့္မေပးခဲ့ဘူးလို႔ သိရၿပီး ရိုမီယိုရဲ႕ဇနီးျဖစ္သူကေတာ့ အသင္းတာဝန္ရွိ သူေတြကို ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သိရပါတယ္။ အဲဗာတန္ဟာ ရိုမီယိုအစား ရိုးမားက ေရာ္ဘင္ေအာ္ဆန္ကို ေခၚယူစာ ခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။
ရိုမီယိုရဲ႕ဇနီးျဖစ္သူက သူမရဲ႕အင္စတာဂရမ္အေကာင့္မွာ “ရိုမီယိုဟာ ယူႏိုက္တက္ရဲ႕ ေနာက္ဆံုးဖလားကို ရေအာင္စြမ္း ေဆာင္ေပးႏိုင္ခဲ့သူပါ။ အသင္းကို ကြာတားဖိုင္နယ္၊ ဆီမီးဖို္င္နယ္ အဆင့္ေတြအထိေရာက္ေအာင္ စြမ္းေဆာင္ေပးႏုိင္ေပ မယ့္ အရန္ခံုမွာပဲ ထိုင္ေနရပါတယ္။ အခု သူကိုတစ္ၾကိမ္ေလာက္ အခြင့္အေရးျပန္ေပးသင့္ပါတယ္။ သူရဲ႕စြမ္းေဆာင္ရည္ ေတြအတြက္ တစ္ၾကိမ္ေလာက္ေတာ့ ေလးစားမႈ ေပးသင့္ပါတယ္” လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ေပါ့အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး ေဘာလံုးပရိသတ္တစ္ေယာက္လည္းျဖစ္တဲ့ ရီဟားနားဟာ ၂၀၁၄ ခုႏွစ္ကမၻာ့ဖလားမတိုင္ခင္တုန္းက ရိုမီယိုကို ႏွစ္သက္မႈရွိတယ္ဆိုၿပီးလည္း သိရပါတယ္။ ဒီသတင္း နဲ႔ ပတ္သက္ၿပီးေတာ့ ရိုမီယိုရဲ႕ ဇနီးျဖစ္တဲ့ အီလီယာနာကေတာ့ ၂၀၁၄ ကမၻာ့ဖလားၿပိဳင္ပြဲမွာသာ အာဂ်င္တီးနားဗိုလ္စြဲခဲ့ မယ္ဆိုရင္ သူတို႔ကို တစ္ပတ္ေလာက္ေပ်ာ္ရႊင္ေပးမွာပါဆိုၿပီး ျပန္လည္တံုျပန္ခဲ့ပါတယ္။
ရိုမီယို ဟာ ၂၀၁၅ ခုႏွစ္ကတည္းက ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့သူ ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ ၇ ပြဲသာ ကစားခြင့္ရ ခဲ့ၿပီး ၿပိဳင္ပြဲစံုမွာ ၆၁ ပြဲ ပါဝင္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။ ရိုမီယိုအေနနဲ႔ ေနာက္ဆံုး ႏွစ္ရာသီဆက္ ပရီးမီးယားလိဂ္မွာ ကစားခြင့္မရခဲ့သလို ဟန္ဒါဆန္လည္း ျပန္ေရာက္လာတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ စီစဥ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။