အပျော်တမ်းကလပ်အသင်းမှအင်္ဂလန်အသင်းလက်ရွေးစင်ဖြစ်လာတဲ့ ကဲလ်ဗက်လီဝင်


အဲဗာတန်အသင်းနဲ့အတူ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ကဲလ်ဗက်လီဝင်ကို အင်္ဂလန်နည်းပြဆောက်ဂိတ်က ဝေးလ်နဲ့ ကစားမယ့် ခြေစမ်းပွဲအပြင် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်တို့နဲ့ ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် အသင်းရဲ့ လူ စာရင်းမှာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ကဲလ်ဗက်လီဝင်ဟာ ဒီရာသီပြိုင်ပွဲစုံ ၆ ပွဲမှာ သွင်းဂိုး ၉ ဂိုးအထိ သွင်းယူထား နိုင်တဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ကဲလ်ဗက်လီဝင် ဟာ ရှက်ဖီးယူနိုက်တက်လူငယ်အကယ်ဒမီက ပေါ်ထွက်လာတဲ့ကစားသမား တစ်ဦးဖြစ်ပေမယ့် သူရဲ့ပရော်ဖက်ရှယ်နယ်ဘောလုံးသမားဘဝအစကိုတော့ အပျော်တမ်းအဆင့်ပဲရှိတဲ့ Stalybridge Celtic နဲ့ စတင်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက် လိဂ်-၂ ကလပ်ဖြစ်တဲ့ နော်သမ်တန်အသင်းကို ဆက်ပြီးအဌားချခံခဲ့ရပြီးမှ ၂၀၁၆ ခုနှစ်မှာ အဲဗာတန်ကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

သတင်းထောက်တွေရဲ့မေးမြန်းမှုကိုတော့ ကဲလ်ဗက်လီဝင်က “ အသက် ၁၇ နှစ်တုန်းက အခြားသူတွေက အကူအညီပေး ပြီး ဂိုးသွင်းယူနိုင်ဖို့ပဲ စိတ်ထဲရှိခဲ့ပါတယ်။ ကစားသမားတွေထိုင်ပြီး စားသောက်နေတဲ့အချိန်မျိုးတွေမှာ ကျွန်တော်အ ကြောင်းကို ပြောတာကို လိုလားခဲ့ပါတယ်။ အခုတော့ ပွဲတစ်ပွဲမှာ အနိုင် ၃မှတ်ရအောင် ဘယ်လိုကစားရမလဲဆိုတာကို နား လည်သွားပါပြီ” လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ကဲလ်ဗက်လီဝင်က အဲဗာတန်နည်းပြ အန်ဆယ်လော့တီအပြင် လက်ထောက်နည်းပြဖြစ်တဲ့ ဒန်ကန်ဖာဂူ ဆန်ကလည်း သူရဲ့ ခြေစွမ်းတိုးတက်ဖို့နဲ့ ကိုယ်ကိုယ်ကို ယုံကြည့်ဖို့အတွက် အမြဲပြောလေ့ရှိတယ်လို့လည်း ပြောခဲ့ပါ တယ်။ လက်ရှိအချိန်မှာတော့ သူရဲ့ စိတ်နေစိတ်ထားနဲ့ ကစားပုံက သူကိုကျေနပ်စေပြီး အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့သူ တစ်ဦးအဖြစ် ခံစားမိစေတယ်လို့ ကဲလ်ဗက်လီဝင်က ပြောခဲ့ပါတယ်။

zawgyi version

အေပ်ာ္တမ္း ကလပ္အသင္းမွ အဂၤလန္အသင္းလက္ေရြးစင္ ျဖစ္လာတဲ့ ကဲလ္ဗက္လီဝင္
အဲဗာတန္အသင္းနဲ႔အတူ ဒီရာသီမွာ ေျခစြမ္းျပေနတဲ့ တိုက္စစ္မွဴး ကဲလ္ဗက္လီဝင္ကို အဂၤလန္နည္းျပေဆာက္ဂိတ္က ေဝးလ္နဲ႔ ကစားမယ့္ ေျခစမ္းပြဲအျပင္ ဘယ္လ္ဂ်ီယံ၊ ဒိန္းမတ္တို႔နဲ႔ ကစားမယ့္ ေနးရွင္းလိဂ္ပြဲစဥ္ေတြအတြက္ အသင္းရဲ႕ လူ စာရင္းမွာ ေရြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။ ကဲလ္ဗက္လီဝင္ဟာ ဒီရာသီၿပိဳင္ပြဲစံု ၆ ပြဲမွာ သြင္းဂိုး ၉ ဂိုးအထိ သြင္းယူထား ႏိုင္တဲ့ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။
အသက္ ၂၃ ႏွစ္ရွိၿပီျဖစ္တဲ့ ကဲလ္ဗက္လီဝင္ ဟာ ရွက္ဖီးယူႏိုက္တက္လူငယ္အကယ္ဒမီက ေပၚထြက္လာတဲ့ကစားသမား တစ္ဦးျဖစ္ေပမယ့္ သူရဲ႕ပေရာ္ဖက္ရွယ္နယ္ေဘာလံုးသမားဘဝအစကိုေတာ့ အေပ်ာ္တမ္းအဆင့္ပဲရွိတဲ့ Stalybridge Celtic နဲ႔ စတင္ခဲ့ရတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ လိဂ္-၂ ကလပ္ျဖစ္တဲ့ ေနာ္သမ္တန္အသင္းကို ဆက္ၿပီးအဌားခ်ခံခဲ့ရၿပီးမွ ၂၀၁၆ ခုႏွစ္မွာ အဲဗာတန္ကို ေရာက္ရွိလာခဲ့တာပဲ ျဖစ္ပါတယ္။
သတင္းေထာက္ေတြရဲ႕ေမးျမန္းမႈကိုေတာ့ ကဲလ္ဗက္လီဝင္က “ အသက္ ၁၇ ႏွစ္တုန္းက အျခားသူေတြက အကူအညီေပး ၿပီး ဂိုးသြင္းယူႏိုင္ဖို႔ပဲ စိတ္ထဲရွိခဲ့ပါတယ္။ ကစားသမားေတြထိုင္ၿပီး စားေသာက္ေနတဲ့အခ်ိန္မ်ိဳးေတြမွာ ကြ်န္ေတာ္အ ေၾကာင္းကို ေျပာတာကို လိုလားခဲ့ပါတယ္။ အခုေတာ့ ပြဲတစ္ပြဲမွာ အႏိုင္ ၃မွတ္ရေအာင္ ဘယ္လိုကစားရမလဲဆိုတာကို နား လည္သြားပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ကဲလ္ဗက္လီဝင္က အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီအျပင္ လက္ေထာက္နည္းျပျဖစ္တဲ့ ဒန္ကန္ဖာဂူ ဆန္ကလည္း သူရဲ႕ ေျခစြမ္းတိုးတက္ဖို႔နဲ႔ ကိုယ္ကိုယ္ကို ယံုၾကည့္ဖို႔အတြက္ အျမဲေျပာေလ့ရွိတယ္လို႔လည္း ေျပာခဲ့ပါ တယ္။ လက္ရွိအခ်ိန္မွာေတာ့ သူရဲ႕ စိတ္ေနစိတ္ထားနဲ႔ ကစားပံုက သူကိုေက်နပ္ေစၿပီး အေကာင္းဆံုးေျခစြမ္းျပႏိုင္တဲ့သူ တစ္ဦးအျဖစ္ ခံစားမိေစတယ္လို႔ ကဲလ္ဗက္လီဝင္က ေျပာခဲ့ပါတယ္။