ယူနိုက်တက် နဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဝဲလ်ဘက် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ခွင့်ပြုလိုက်တဲ့ ဝက်ဖိုဒ့်အသင်း

ဝက်ဖိုဒ့်အသင်းဟာ ဒန်နီဝဲလ်ဘက်ရဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တာဖြစ်လို့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ဝက်ဖိုဒ့်အသင်းမှာ တစ်ပတ် ပေါင် ၁ သန်းလစာ ရရှိတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ လစာအများဆုံးရတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ဟာ အောက်တိုဘာလ ၁၆ ရက်နေ့အထိ အပြောင်းအရွှေ့ လုပ်လို့ရနေသေးလို့ ဝဲလ်ဘက်ကို ပရီးမီးယားလိဂ်က ထိပ်သီးအသင်းတွေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ ရနိုင်တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်ဖိုဒ့်အသင်း အတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပါတယ်။

ယူနိုက်တက် နဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းကို ဆောက်သမ်တန် နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့က ပြီးခဲ့တဲ့ အပတ်တွေတုန်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဝက်ဖိုဒ့်အသင်းအတွက် ပရီးမီးယားလိဂ် (၁၈) ပွဲကစားခဲ့ပြီး ဒီရာသီမှာတော့ ချန်ပီယံရှစ်မှာ ကစားခွင့် မရသေးပါဘူး လို့ သိရပါတယ်။

ယူႏိုက္တက္ နဲ႔ အာဆင္နယ္တိုက္စစ္မွဴးေဟာင္း ၀ဲလ္ဘက္ ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚခြင့္ျပဳလိုက္တဲ့ ၀က္ဖိုဒ့္အသင္း

၀က္ဖိုဒ့္အသင္းဟာ ဒန္နီ၀ဲလ္ဘက္ရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းလိုက္တာျဖစ္လို႔ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳလိုက္ျပီျဖစ္ပါတယ္။၀က္ဖိုဒ့္အသင္းမွာ တစ္ပတ္ ေပါင္ ၁ သန္းလစာ ရရွိတဲ့ အဂၤလန္လက္ေရြးစင္ကစားသမားေဟာင္းဟာ လစာအမ်ားဆံုးရတဲ့ ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ျပီး အသင္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ဟာ ေအာက္တိုဘာလ ၁၆ ရက္ေန႔အထိ အေျပာင္းအေရႊ႕ လုပ္လို႔ရေနေသးလို႔ ၀ဲလ္ဘက္ကို ပရီးမီးယားလိဂ္က ထိပ္သီးအသင္းေတြက အလြတ္ေျပာင္းေရႊ႕ေၾကးန႔ဲ ေခၚယူလို႔ ရႏိုင္တာ ျဖစ္ပါတယ္။ သူဟာ ျပီးခဲ့တဲ့ရာသီတုန္းက ၀က္ဖိုဒ့္အသင္း အတြက္ အဓိက အခန္းက႑ကေန ပါ၀င္ကစားေပးခဲ့ပါတယ္။

ယူႏုိက္တက္ နဲ႔ အာဆင္နယ္တိုက္စစ္မွဴးေဟာင္းကို ေဆာက္သမ္တန္ နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔က ျပီးခဲ့တဲ့ အပတ္ေတြတုန္းက ေခၚယူရန္ စိတ္၀င္စားခဲ့တာျဖစ္ပါတယ္။ သူဟာ ျပီးခဲ့တဲ့ရာသီက ၀က္ဖိုဒ့္အသင္းအတြက္ ပရီးမီးယားလိဂ္ (၁၈) ပြဲကစားခဲ့ျပီး ဒီရာသီမွာေတာ့ ခ်န္ပီယံရွစ္မွာ ကစားခြင့္ မရေသးပါဘူး လို႔ သိရပါတယ္။