ဂန္တဝင်ကျောနံပတ် ၇ ၊ လစာငွေအမြောက်အများပေးပြီး ခေါ်ယူခဲ့တဲ့ ကာဗာနီကြောင့် ယူနိုက်တက်ဝေဖန်ခံနေရ


ပြီးခဲ့တဲ့နေ့က ပြီးဆုံးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်မှာတော့ ပီအက်စ်ဂျီနဲ့ လမ်းခွဲထားတာကြောင့် အသင်းလက်မဲ့ ဖြစ်နေတဲ့ တိုက်စစ်မှူး ကာဗာနီကို ယူနိုက်တက်အနေနဲ့ တစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် ရှိနေပြီဖြစ်တဲ့ ကာဗာနီကို ယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ လစာငွေအမြောက်အမြားပေးခဲ့သလို အသင်းရဲ့ ဂန္တဝင်ကျောနံပါတ်တစ်ဖြစ်တဲ့ ကျောနံပါတ် ၇ ဂျာစီကို ပေးဝတ်ခဲ့တာကြောင့်လည်း ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။


ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကတော့ အသင်းရဲ့တိုက်စစ်မှာ ကျောနံပါတ် ၉ ဂျာစီကို တိုက်စစ်မှူး မာရှယ်က ဝတ် ဆင်ကစားနေတာကြောင့် ကျောနံပါတ် ၇ ဂျာစီကို ကာဗာနီကို ဝတ်ဆင်ခွင့်ပေးခဲ့ရတာဖြစ်ကြောင်း ပြန်လည်ရှင်းချက်ထုတ် ထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ ဂျာစီ ကို ဝတ်ဆင်ပြီးအောင်မြင်မှုရယူနိုင်ခဲ့တဲ့ သူတွေ ကတော့ စီရော်နယ်ဒို၊ ဒေးဗစ်ဘက်ခမ်း၊ ကန်တိုနာ၊ ဘရွိုင်ယန်ရော့ဆင်နဲ့ ဂျော့ဘတ်စ် တို့လိုကစားသမားတွေက ဝတ်ဆင် ကစားခဲ့တာပဲ ဖြစ်ပါတယ်။


တစ်ပတ်ကို လုပ်ခလစာပေါင် နှစ်သိန်းအထိ ကာဗာနီအနေနဲ့ ရရှိမှာ ဖြစ်တာကြောင့် သူထက် လစာပိုများတဲ့ ကစားသမား သုံးဦးပဲ အသင်းမှာ ရှိတော့တယ်လို့ သိရပါတယ်။ ဒီကစားသမားတွေကတော့ လစာအများဆုံးရနေတဲ့ ဒီဂီယာ၊ ကွင်းလယ် လူ ပေါ့ဘာနဲ့ တိုက်စစ်မှူး မာရှယ်တို့ပဲဖြစ်ပါတယ်။ တစ်ပတ်ကို ပေါင်နှစ်သိန်းရရှိမှာဖြစ်တာကြောင့် ကာဗာနီအနေနဲ့ ယူနိုက်တက်မှာ တစ်နှစ်ကစားနေချိန်အတွင်း လစာငွေပေါင် ၁၀သန်းကျော် ရရှိမှာပဲ ဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းအတွက် ခုနှစ်ရာသီကစားခဲ့တဲ့အချိန်အတွင်း ကာဗာနီဟာ ပွဲပေါင်း ၃၀၁ ပွဲမှာ သွင်းဂိုး ၂၀၀ အထိ သွင်း ယူနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့သူလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကနေ ထွက် လာပြီးနောက်မှာ ကာဗာနီအနေနဲ့ ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ခဲ့သလို ပရီးမီးယားလိဂ်ကလပ် လိဒ်ယူနိုက်တက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။

zawgyi version

ဂႏၱဝင္ေက်ာနံပတ္ ၇ ၊ လစာေငြအေျမာက္အမ်ားေပးၿပီး ေခၚယူခဲ့တဲ့ ကာဗာနီေၾကာင့္ ယူႏိုက္တက္ေဝဖန္ခံေနရ
ၿပီးခဲ့တဲ့ေန႔က ၿပီးဆံုးခဲ့တဲ့အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီနဲ႔ လမ္းခြဲထားတာေၾကာင့္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ တိုက္စစ္မွဴး ကာဗာနီကို ယူႏိုက္တက္အေနနဲ႔ တစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၃၃ ႏွစ္ ရွိေနၿပီျဖစ္တဲ့ ကာဗာနီကို ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြအေနနဲ႔ လစာေငြအေျမာက္အျမားေပးခဲ့သလို အသင္းရဲ႕ ဂႏၱဝင္ေက်ာနံပါတ္တစ္ျဖစ္တဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို ေပးဝတ္ခဲ့တာေၾကာင့္လည္း ေဝဖန္ခံေနရတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကေတာ့ အသင္းရဲ႕တိုက္စစ္မွာ ေက်ာနံပါတ္ ၉ ဂ်ာစီကို တိုက္စစ္မွဴး မာရွယ္က ဝတ္ ဆင္ကစားေနတာေၾကာင့္ ေက်ာနံပါတ္ ၇ ဂ်ာစီကို ကာဗာနီကို ဝတ္ဆင္ခြင့္ေပးခဲ့ရတာျဖစ္ေၾကာင္း ျပန္လည္ရွင္းခ်က္ထုတ္ ထားတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပါတ္ ၇ ဂ်ာစီ ကို ဝတ္ဆင္ၿပီးေအာင္ျမင္မႈရယူႏုိင္ခဲ့တဲ့ သူေတြ ကေတာ့ စီေရာ္နယ္ဒို၊ ေဒးဗစ္ဘက္ခမ္း၊ ကန္တုိနာ၊ ဘရြိဳင္ယန္ေရာ့ဆင္နဲ႔ ေဂ်ာ့ဘတ္စ္ တို႔လိုကစားသမားေတြက ဝတ္ဆင္ ကစားခဲ့တာပဲ ျဖစ္ပါတယ္။
တစ္ပတ္ကို လုပ္ခလစာေပါင္ ႏွစ္သိန္းအထိ ကာဗာနီအေနနဲ႔ ရရွိမွာ ျဖစ္တာေၾကာင့္ သူထက္ လစာပိုမ်ားတဲ့ ကစားသမား သံုးဦးပဲ အသင္းမွာ ရွိေတာ့တယ္လို႔ သိရပါတယ္။ ဒီကစားသမားေတြကေတာ့ လစာအမ်ားဆံုးရေနတဲ့ ဒီဂီယာ၊ ကြင္းလယ္ လူ ေပါ့ဘာနဲ႔ တိုက္စစ္မွဴး မာရွယ္တို႔ပဲျဖစ္ပါတယ္။ တစ္ပတ္ကို ေပါင္ႏွစ္သိန္းရရွိမွာျဖစ္တာေၾကာင့္ ကာဗာနီအေနနဲ႔ ယူႏိုက္တက္မွာ တစ္ႏွစ္ကစားေနခ်ိန္အတြင္း လစာေငြေပါင္ ၁၀သန္းေက်ာ္ ရရွိမွာပဲ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းအတြက္ ခုႏွစ္ရာသီကစားခဲ့တဲ့အခ်ိန္အတြင္း ကာဗာနီဟာ ပြဲေပါင္း ၃၀၁ ပြဲမွာ သြင္းဂိုး ၂၀၀ အထိ သြင္း ယူႏိုင္ခဲ့ၿပီး အသင္းရဲ႕ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ရပ္တည္ခဲ့သူလည္းျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းကေန ထြက္ လာၿပီးေနာက္မွာ ကာဗာနီအေနနဲ႔ ဘင္ဖီကာအသင္းကို ေျပာင္းေရႊ႕ဖို႕ သတင္းေတြထြက္ခဲ့သလို ပရီးမီးယားလိဂ္ကလပ္ လိဒ္ယူႏိုက္တက္ကလည္း ေခၚယူဖို႔ စိတ္ဝင္စားခဲ့ပါတယ္။