အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အဲရစ်ဂါစီယာကို ခေါ်ယူဖို့ ဘာစီလိုနာက ကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီးက ပယ်ချခဲ့


ဘာစီလိုနာဟာ လာမီစီယာအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာကို ခေါ်ယူဖို့ အတွက် ပေါင်၁၃.၆ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် သက်ဆိုင်ရာအသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာနည်းပြ သစ် ရော်နယ်ကိုးမန်း အနေနဲ့ အဲရစ်ဂါစီယာကို ပြန်လည်ခေါ်ယူဖို့အတွက် လုပ်ဆောင်ခဲ့ပေမယ့် နောက်ဆုံးအချိန်ထိ ခေါ် ယူနိုင်ခဲ့ခြင်း မရှိတာပဲ ဖြစ်ပါတယ်။


လာမာစီယာအကယ်ဒမီမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ရှိခဲ့တဲ့ အဲရစ်ဂါစီယာဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားခဲ့ရပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်နေခဲ့ရသူလည်း ဖြစ်ပါတယ်။ ဘာစီလိုနာတာဝန်ရှိ သူတွေအနေနဲ့ အဲရစ်ဂါစီယာကို အသင်းရဲ့ကစားသမားဖြစ်တဲ့ ပီကေးနဲ့ နှိုင်းယှဉ်ပြီး ခေါ်ယူဖို့ အလိုရှိနေတာဖြစ်ပြီး ဒီနှစ်နွေ ရာသီမှာတော့ အရခေါ်ယူနိုင်ခဲ့ခြင်းမရှိတာပဲ ဖြစ်ပါတယ်။


လက်ရှိအချိန်မှာ ဘာစီလိုနာအနေနဲ့ အဲရစ်ဂါစီယာကို ခေါ်ယူနိုင်ခြင်းမရှိဘူးဆိုပေမယ့် မန်စီးတီးနဲ့ စာချုပ်သက်တမ်းတစ် နှစ်ပဲ ကျန်တော့တဲ့ အဲရစ်ဂါစီယာကို ဘာစီလိုနာအနေနဲ့ နောက်ထပ်အပြောင်းအရွှေ့တွေမှာ ခေါ်ယူဖို့ ရှိလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ မန်စီးတီးဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ခံစစ်ကစားသမားတွေဖြစ်တဲ့ နသန်အကီနဲ့ ရူဘင်ဒိုင်ယာစ်တို့ကို ပေါင်သန်းတစ်ရာကျော်ပေးပြီး ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။


မန်စီးတီးအနေနနဲ့ အပြောင်းအရွှေ့ဈေးကွက် အတွင်း ခံစစ်ကစားသမားတွေကို အဓိက,ခေါ်ယူခဲ့တာကြောင့် ဝေဖန်ခံနေရ ပြီး တိုက်စစ်ပိုင်း ခေါ်ယူမှုမပြုလုပ်တာကြောင့် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသင်းအနေနဲ့ တိုက်စစ်မှူး ခေါ်ယူဖို့ မလိုအပ်ဘဲ တောင်ပံကစားသမားတွေအားလုံးက တိုက်စစ်မှာ ကစားနိုင်သူတွေဖြစ် တယ်လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

zawgyi version

အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ အဲရစ္ဂါစီယာကို ေခၚယူဖို႔ ဘာစီလိုနာက ကမ္းလွမ္းခဲ့ေပမယ့္ မန္စီးတီးက ပယ္ခ်ခဲ့
ဘာစီလိုနာဟာ လာမီစီယာအကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္တဲ့ မန္စီးတီးေနာက္ခံလူ အဲရစ္ဂါစီယာကို ေခၚယူဖို႔ အတြက္ ေပါင္၁၃.၆ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ သက္ဆိုင္ရာအသင္းက ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ဘာစီလိုနာနည္းျပ သစ္ ေရာ္နယ္ကိုးမန္း အေနနဲ႔ အဲရစ္ဂါစီယာကို ျပန္လည္ေခၚယူဖို႔အတြက္ လုပ္ေဆာင္ခဲ့ေပမယ့္ ေနာက္ဆံုးအခ်ိန္ထိ ေခၚ ယူႏိုင္ခဲ့ျခင္း မရွိတာပဲ ျဖစ္ပါတယ္။
လာမာစီယာအကယ္ဒမီမွာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ရွိခဲ့တဲ့ အဲရစ္ဂါစီယာဟာ မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ကစားခဲ့ရေပမယ့္ ပံုမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ ရုန္းကန္ေနခဲ့ရသူလည္း ျဖစ္ပါတယ္။ ဘာစီလိုနာတာဝန္ရွိ သူေတြအေနနဲ႔ အဲရစ္ဂါစီယာကို အသင္းရဲ႕ကစားသမားျဖစ္တဲ့ ပီေကးနဲ႔ ႏႈိင္းယွဥ္ၿပီး ေခၚယူဖို႔ အလိုရွိေနတာျဖစ္ၿပီး ဒီႏွစ္ေႏြ ရာသီမွာေတာ့ အရေခၚယူႏိုင္ခဲ့ျခင္းမရွိတာပဲ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ဘာစီလိုနာအေနနဲ႔ အဲရစ္ဂါစီယာကို ေခၚယူႏိုင္ျခင္းမရွိဘူးဆိုေပမယ့္ မန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္းတစ္ ႏွစ္ပဲ က်န္ေတာ့တဲ့ အဲရစ္ဂါစီယာကို ဘာစီလိုနာအေနနဲ႔ ေနာက္ထပ္အေျပာင္းအေရႊ႕ေတြမွာ ေခၚယူဖို႔ ရွိလာႏိုင္တယ္္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ မန္စီးတီးဟာ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ခံစစ္ကစားသမားေတြျဖစ္တဲ့ နသန္အကီနဲ႔ ရူဘင္ဒိုင္ယာစ္တို႔ကို ေပါင္သန္းတစ္ရာေက်ာ္ေပးၿပီး ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။
မန္စီးတီးအေနနနဲ႔ အေျပာင္းအေရႊ႔႕ေစ်းကြက္ အတြင္း ခံစစ္္ကစားသမားေတြကို အဓိက,ေခၚယူခဲ့တာေၾကာင့္ ေဝဖန္ခံေနရ ၿပီး တိုက္စစ္ပိုင္း ေခၚယူမႈမျပဳလုပ္တာေၾကာင့္ ေဝဖန္ခံေနရတယ္လို႔ သိရပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီယုိလာကေတာ့ အသင္းအေနနဲ႔ တိုက္စစ္မွဴး ေခၚယူဖို႔ မလိုအပ္ဘဲ ေတာင္ပံကစားသမားေတြအားလံုးက တိုက္စစ္မွာ ကစားႏိုင္သူေတြျဖစ္ တယ္လို႔ ျပန္လည္ ေျပာဆိုခဲ့ပါတယ္။