ယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာဖို့အတွက် စပါးနည်းပြဟောင်း ပိုချက်တီနို ရေပန်းအစားဆုံးဖြစ်နေ


ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးနဲ့ပွဲအပြီးမှာ အသင်းတာဝန်ရှိသူတွေအနေနဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ပြီး စပါးနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြမှုမှာလည်း ယူနိုက်တက်အသင်းနည်းပြ ဖြစ်လာဖို့ ပိုချက်တီနိုက ရေပန်းအစားဆုံးဖြစ်နေလို့ ဆိုးလ်ရှားကို ထုတ်ပယ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ အသင်းကို မော်ရင်ဟို မကိုင်တွယ်ခင်ကတည်းက ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေ ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက စပါးအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက် တီနိုက ရေပန်းအစားဆုံးဖြစ်နေသလို ဂျူဗင်တပ်အသင်းကနေ ထွက်သွားတဲ့ အလီဂရီကတော့ ဒုတိယရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။


ဒီအလေးပေးမှုတွေကို အလောင်းအစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ladbrokes က ဖော်ပြခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပထမ ဆုံးထုတ်ပယ်ခံရမယ့် နည်းပြအဖြစ်တော့ ဖူလ်ဟမ်အသင်းနည်းပြ စကော့ပါကားက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ သူ နောက်မှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား၊စပါးနည်းပြ မော်ရင်ဟို ၊ ဝက်ဘရွန်းနည်းပြ ဘီလစ်တို့က အစဉ်လိုက်ရပ်တည် နေတာကို တွေ့ရပါတယ်။


ပြီးခဲ့တဲ့ရာသီက ကိုဗစ်အလွန်ပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့တဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အနေနဲ့ လက်ရှိရာသီမှာ ရုန်းကန်နေရ တဲ့ အခြေအနေမှာ ရှိနေပြီး ရလဒ်တွေ ဆိုးရွားနေတာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် သုံးပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ တစ်ပွဲနိုင် နှစ်ပွဲရှုံးထားတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

zawgyi version

ယူႏိုက္တက္အသင္းနည္းျပသစ္ျဖစ္လာဖို႔အတြက္ စပါးနည္းျပေဟာင္း ပိုခ်က္တီႏို ေရပန္းအစားဆံုးျဖစ္ေန
ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ စပါးနဲ႔ပြဲအၿပီးမွာ အသင္းတာဝန္ရွိသူေတြအေနနဲ႔ လက္ရွိနည္းျပ ဆိုးလ္ရွားကို ထုတ္ပယ္ၿပီး စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကို နည္းျပအျဖစ္ ခန္႔အပ္ဖို႔အတြက္ ဆက္သြယ္ခဲ့တယ္လို႔ သိရပါတယ္။ The Sun သတင္းစာရဲ႕ ေဖာ္ျပမႈမွာလည္း ယူႏိုက္တက္အသင္းနည္းျပ ျဖစ္လာဖို႔ ပိုခ်က္တီႏိုက ေရပန္းအစားဆံုးျဖစ္ေနလို႔ ဆိုးလ္ရွားကို ထုတ္ပယ္ေတာ့မယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ အသင္းကို ေမာ္ရင္ဟို မကိုင္တြယ္ခင္ကတည္းက ပိုခ်က္တီႏိုကို နည္းျပအျဖစ္ ခန္႔အပ္ဖို႔ ေစာင့္ၾကည့္ေန ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက စပါးအသင္းကေန ထုတ္ပယ္ခံရၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ ပိုခ်က္ တီႏိုက ေရပန္းအစားဆံုးျဖစ္ေနသလို ဂ်ဴဗင္တပ္အသင္းကေန ထြက္သြားတဲ့ အလီဂရီကေတာ့ ဒုတိယေရပန္းအစားဆံုး ျဖစ္ေနတယ္လို႔ သိရပါတယ္။
ဒီအေလးေပးမႈေတြကို အေလာင္းအစားကုမၸဏီတစ္ခုျဖစ္တဲ့ Ladbrokes က ေဖာ္ျပခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ပထမ ဆံုးထုတ္ပယ္ခံရမယ့္ နည္းျပအျဖစ္ေတာ့ ဖူလ္ဟမ္အသင္းနည္းျပ စေကာ့ပါကားက ေရပန္းအစားဆံုးျဖစ္ေနပါတယ္။ သူ ေနာက္မွာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား၊စပါးနည္းျပ ေမာ္ရင္ဟို ၊ ဝက္ဘရြန္းနည္းျပ ဘီလစ္တို႔က အစဥ္လိုက္ရပ္တည္ ေနတာကို ေတြ႕ရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ကိုဗစ္အလြန္ပြဲစဥ္ေတြမွာ ေျခစြမ္းျပခဲ့တဲ့ ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္အေနနဲ႔ လက္ရွိရာသီမွာ ရုန္းကန္ေနရ တဲ့ အေျခအေနမွာ ရွိေနၿပီး ရလဒ္ေတြ ဆိုးရြားေနတာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္ သံုးပြဲ ယွဥ္ၿပိဳင္ကစားၿပီးခ်ိန္မွာ တစ္ပြဲႏိုင္ ႏွစ္ပြဲရႈံးထားတာေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတာပဲ ျဖစ္ပါတယ္။