အဲလက်စ်တဲလက်စ်ကိုခေါ်ယူပြီးနောက်မှာတော့စမောလင်းကိုရိုးမားထံယူရို(၁၅)သန်းနဲ့ရောင်းချလိုက်တဲ့ ယူနိုက်တက်


ပြီးခဲ့တဲ့ ရာသီက ရိုးမားအသင်းမှာ အဌားနဲ့သွားရောက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် သက်ဆိုင်ရာကလပ်က အပြီး သတ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်ဟာ စမောလင်းကို ရောင်းချမှာမဟုတ်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာတော့ ယူနိုက်တက်အနေနဲ့ ပေါ်တိုနောက်ခံလူ အဲလက်တဲလက်စ်ကို ခေါ်ယူဖို့ သဘော တူညီမှု ရအပြီးမှာတော့ စမောလင်းကို ရိုးမားထံ ယူရို ၁၅ သန်းနဲ့ ရောင်းချလိုက်တယ်လို့ သိရပါတယ်။

၂၀၁၀ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ယူနိုက်တက်ကို ရောက်ရှိနေခဲ့တဲ့ စမောလင်းဟာ ပရီးမီးယားလိဂ်ချန်ပီ ယံ ၂ ကြိမ်၊ယူရိုပါလိဂ်ဖလားတွေကိုလည်း ရရှိခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၂၃ ပွဲအထိ ကစားပေးခဲ့သူ လည်းဖြစ်ပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ စမောလင်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့အတွက် အသင်း ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ရိုးမားကို သုံးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဆက်စပ်တဲ့ အခြားသတင်းတစ်ပုဒ်မှာတော့ အသင်းအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဆိုးချော့စ် အသင်းက အသက် ၁၆ နှစ်သာရှိသေးတဲ့ နောက်ခံလူ ကမ်ဝါလာ ကိုလည်း ယူရို ၄သန်းနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ အရပ် ၆ ပေ၂လက်မ ရှိတဲ့ ကမ်ဝါလာဟာ ပြင်သစ်ယူ-၁၇ အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးအဖြစ် အလားအလာရှိတဲ့ လူငယ်တစ်ယောက်အဖြစ် သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာတော့ နောက်ခံလူတွေကို အဓိက,ထားခေါ်ယူခဲ့တာဖြစ်ပြီး ပေါ်တို ဘယ်နောက်ခံလူဖြစ်တဲ့ အဲလက်စ်တဲလက်စ် ကိုလည်း ယူရို ၁၇ သန်းနဲ့ ၄နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့တယ်လို့ သိရပါ တယ်။ အဲလက်စ်တဲလက်စ်ဟာ နောက်ခံလူဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက ပေါ်တိုအတွက် ပြိုင်ပွဲစုံမှာ ၁၃ ဂိုးသွင်းယူပြီး ဂိုး ဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

zawgyi version

အဲလက္စ္တဲလက္စ္ကို ေခၚယူၿပီးေနာက္မွာေတာ့ စေမာလင္းကို ရိုးမားထံ ယူရို ၁၅ သန္းနဲ႔ ေရာင္းခ်လိုက္တဲ့ ယူႏိုက္တက္
ၿပီးခဲ့တဲ့ ရာသီက ရိုးမားအသင္းမွာ အဌားနဲ႔သြားေရာက္ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ သက္ဆိုင္ရာကလပ္က အၿပီး သတ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ယူႏိုက္တက္ဟာ စေမာလင္းကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ ျငင္းပယ္ခဲ့ပါတယ္။ အေျပာင္းအေရႊ႕ေနာက္ဆံုးေန႔မွာေတာ့ ယူႏိုက္တက္အေနနဲ႔ ေပၚတိုေနာက္ခံလူ အဲလက္တဲလက္စ္ကို ေခၚယူဖို႔ သေဘာ တူညီမႈ ရအၿပီးမွာေတာ့ စေမာလင္းကို ရိုးမားထံ ယူရို ၁၅ သန္းနဲ႔ ေရာင္းခ်လိုက္တယ္လို႔ သိရပါတယ္။
၂၀၁၀ ခုႏွစ္ ဇန္နဝါရီအေျပာင္းအေရႊ႕ကတည္းက ယူႏိုက္တက္ကို ေရာက္ရွိေနခဲ့တဲ့ စေမာလင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီ ယံ ၂ ၾကိမ္၊ယူရိုပါလိဂ္ဖလားေတြကိုလည္း ရရွိခဲ့သူျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစံုမွာ ပြဲေပါင္း ၃၂၃ ပြဲအထိ ကစားေပးခဲ့သူ လည္းျဖစ္ပါတယ္။ အသက္ ၃၀ ရွိၿပီျဖစ္တဲ့ စေမာလင္းဟာ အဂၤလန္လက္ေရြးစင္အသင္းမွာ ပါဝင္ခြင့္ရဖို႔အတြက္ အသင္း ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး ရိုးမားကို သံုးႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္နဲ႔ ဆက္စပ္တဲ့ အျခားသတင္းတစ္ပုဒ္မွာေတာ့ အသင္းအေနနဲ႔ အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ ဆိုးေခ်ာ့စ္ အသင္းက အသက္ ၁၆ ႏွစ္သာရွိေသးတဲ့ ေနာက္ခံလူ ကမ္ဝါလာ ကိုလည္း ယူရို ၄သန္းနဲ႔ ေခၚယူခဲ့တယ္လို႔ သိရပါတယ္။ အရပ္ ၆ ေပ၂လက္မ ရွိတဲ့ ကမ္ဝါလာဟာ ျပင္သစ္ယူ-၁၇ အသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးအျဖစ္ အလားအလာရွိတဲ့ လူငယ္တစ္ေယာက္အျဖစ္ သတ္မွတ္ခံရသူလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာေတာ့ ေနာက္ခံလူေတြကို အဓိက,ထားေခၚယူခဲ့တာျဖစ္ၿပီး ေပၚတို ဘယ္ေနာက္ခံလူျဖစ္တဲ့ အဲလက္စ္တဲလက္စ္ ကိုလည္း ယူရို ၁၇ သန္းနဲ႔ ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ ေခၚယူခဲ့တယ္လို႔ သိရပါ တယ္။ အဲလက္စ္တဲလက္စ္ဟာ ေနာက္ခံလူျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ေပၚတိုအတြက္ ၿပိဳင္ပြဲစံုမွာ ၁၃ ဂိုးသြင္းယူၿပီး ဂိုး ဖန္တီးမႈ ၁၂ ၾကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။