လက်ရှိ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

၁။ အီတလီစီးရီးအေကလပ် နာပိုလီအသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ဘာကာယိုကို ကို တစ်နှစ်အငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

၂။ ဂျူဗင်တပ်စ်အသင်းဟာ ဖီအိုရင်တီးနားတောင်ပံကစားသမား ချီယေဆာကို (၂) နှစ်အငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး ပေါင်သန်း ၅၀ နဲ့ အပြီးသတ်ဝယ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

၃။ စပါးအသင်းဟာ ဆွမ်းဆီးအသင်းရဲ့ ဗဟိုနောက်ခံလူ ဂျိုးရွန်ဒွန်ကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူရန် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

၄။ အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဒေ့ါမွန် နဲ့ ဟာသာဘာလင်အသင်းတွေဆီကို အငှားနဲ့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ နည်းပြကွန်တီလက်အောက်မှာ အထိုင်ကျရန် ရုန်းကန်နေရတဲ့ ကွင်းလယ်ကစားသမားကို အသင်းကနေ လျော့ချချင်နေတာဖြစ်ပါတယ်။

၅။ ဝုလ်ဗ်အသင်းရဲ့ နောက်ခံလူ ရူဘင်ဗီနာဂရီဟာ အိုလံပီယာကော့စ်အသင်းဆီကို တစ်နှစ်အငှားနဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ နောက်ခံလူကို နောက်နွေရာသီမှာ အပြီးသတ်ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

၆။ ယူနိုက်တက်အသင်းဟာ ဆိုးချော့အသင်းဆီကနေ အသက် ၁၆ နှစ်အရွယ် ဝီလီကမ်ဘဝါလာ ကို ပေါင် ၄ သန်းအထိ မြင့်တက်သွားနိုင်တဲ့ တန်ကြေးတစ်ရပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

၇။ ချဲလ်ဆီးကွင်းလယ်လူ လော့ဖ်တပ်ချိခ်ကို ဖူလ်ဟမ်အသင်းက တစ်နှစ်အငှားနဲ့ ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

၈။ ဂျူဗင်တပ်စ်နောက်ခံလူ ဒီဆစ်ဂလီယို ဟာ လိုင်ယွန်အသင်းဆီ တစ်နှစ်အငှားနဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။