အက်သလက်တီကိုမက်ဒရစ်အသင်းဆီ အငှားနဲ့ အပြီးသတ်ရောက်ရှိသွားတဲ့ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရား
အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားဟာ အက်သလက်တီကိုမက်ဒရစ်အသင်းဆီ တနလာၤနေ့ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မတိုင်မီ အငှားနဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဥရုဂွေးလက်ရွေးစင်ကွင်းလယ်လူဟာ ကြားရက်က စပိန်မှာ ဆေးစစ်မှု ခံယူပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ရန် စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
အာဆင်နယ်နဲ့ စပိန်ကလပ်အသင်းကြား ဒီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ သဘောတူညီမှု ရမယ်လို့ မမျှော်လင့်ထားဘူးလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းက ကွင်းလယ်လူ သောမတ်စ်ပါတေးကို ပေါင် ၄၅ သန်းနဲ့ သိပ်မကြာခင် အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့လည်း သိရပါတယ်။