ဟာသာဘာလင်အသင်းဆီ တစ်နှစ်အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒူဇီ

အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒူဇီဟာ ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ် ဟာသာဘာလင်အသင်းဆီကို တစ်နှစ်အငှားနဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းရဲ့ လက်ရှိနည်းပြ အာတီတာ လက်အောက်မှာ မတ်လ ၁၄ ရက်နေ့ကတည်းက ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့သူပါ။

သူဟာ လိုရီယန့်အသင်းကနေ ၂၀၁၈ ခုနှစ်ကတည်းက ပေါင် ၈ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲက ပြဿနာကြောင့် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။


