ပေါ်တိုနောက်ခံလူ အဲလ်လက်စ်တဲလ်လက်စ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်းရဲ့ ဘယ်နောက်ခံလူ အဲလ်လက်စ်တဲလ်လက်စ်ကို ပေါင် ၁၅.၄ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ။် အသက် ၂၇ နှစ်အရွယ်နောက်ခံလူဟာ တနင်္ဂနွေနေ့ညက ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု ခံယူခဲ့ပြီးနောက် အသင်းနဲ့ (၄) နှစ်စာချုပ်ချုပ်ခဲ့တာပါ။

အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ်ပြီးနောက် တဲလ်လက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းဆီ ဒုတိယမြောက် ရောက်ရှိလာတဲ့ကစားသမားဖြစ်လာပါတယ်။ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီကိုလည်း အလွတ်ပြောင်းရွှေ့နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

ေပၚတိုေနာက္ခံလူ အဲလ္လက္စ္တဲလ္လက္စ္ကို အျပီးသတ္ေခၚယူလိုက္ျပီျဖစ္တဲ့ ယူႏိုက္တက္

ယူႏိုက္တက္အသင္းဟာ ေပၚတိုအသင္းရဲ႕ ဘယ္ေနာက္ခံလူ အဲလ္လက္စ္တဲလ္လက္စ္ကို ေပါင္ ၁၅.၄ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္ျပီျဖစ္ပါတယ။္ အသက္ ၂၇ ႏွစ္အရြယ္ေနာက္ခံလူဟာ တနဂၤေႏြေန႔ညက ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ ေဆးစစ္မႈ ခံယူခဲ့ျပီးေနာက္ အသင္းနဲ႔ (၄) ႏွစ္စာခ်ဳပ္ခ်ဳပ္ခဲ့တာပါ။

ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိခ္ျပီးေနာက္ တဲလ္လက္စ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းဆီ ဒုတိယေျမာက္ ေရာက္ရွိလာတဲ့ကစားသမားျဖစ္လာပါတယ္။ ယူႏိုက္တက္အသင္းဟာ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေဟာင္း ကာဗာနီကိုလည္း အလြတ္ေျပာင္းေရႊ႕နဲ႔ ေခၚယူႏိုင္ေတာ့မယ္လို႔ သိရပါတယ္။