အစ္စမေလာဆားအတွက် ယူနိုက်တက်က ကမ်းလှမ်းတာကို ပယ်ချလိုက်တဲ့ ဝက်ဖိုဒ့်

ဝက်ဖိုဒ့်အသင်းဟာ ဆီနီဂေါတိုက်စစ်ကစားသမား အစ္စမေလာဆားအတွက် ယူနိုက်တက်အသင်းက အပြောင်းအရွှေ့နောက်ဆုံးရက် မှာ ကမ်းလှမ်းလိုက်တာကို ပယ်ချလိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ယူနိုက်တက်အသင်းဟာ အသက် ၂၂ နှစ်အရွယ်ကစားသမားကို ဒီနွေရာသီအပြောင်းမှာ အသင်းရဲ့ အဓိက ပစ်မှတ်တစ်ယောက်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ် ဝက်ဖိုဒ့်အသင်းဆီကို ကနဦးအငှားနဲ့ ကမ်းလှမ်းပြီး အပြီးသတ်ဝယ်ယူခွင့်ကိုပါ လိုချင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ အပြီးသတ်ပြောင်းရွှေ့ကြေးကို ဒီရာသီအကုန်မှာ ပေါင်၂၅ သန်းပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဝက်ဖိုဒ့်အသင်းကတော့ အသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲကို ဖြေရှင်းရန်အတွက် ဆားကို ချက်ချင်းပဲ ရောင်းချချင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဆားကို ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကလည်း ဆက်သွယ်ခဲ့ဖူးပြီး တန်းကြေးမြင့်မားတဲ့အတွက် လက်လျော့ခဲ့တာဖြစ်ပါတယ်။

လက်ရှိချန်ပီယံအသင်းဟာ ဝုလ်ဗ်အသင်းက ဂျိုတာကို ခေါ်ယူခဲ့ပါတယ်။ ဝက်ဖိုဒ့်အသင်းဟာ ဆားအတွက် ပေါင် ၄၅ သန်းလောက်သတ်မှတ်ထားတာဖြစ်ပြီး သူ့ကို ၂၀၁၉ သြဂုတ်လတုန်းက ရင်းနက်စ်အသင်းဆီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အစၥေမလာဆားအတြက္ ယူႏိုက္တက္က ကမ္းလွမ္းတာကို ပယ္ခ်လိုက္တဲ့ ၀က္ဖိုဒ့္

၀က္ဖိုဒ့္အသင္းဟာ ဆီနီေဂါတိုက္စစ္ကစားသမား အစၥေမလာဆားအတြက္ ယူႏိုက္တက္အသင္းက အေျပာင္းအေရႊ႕ေနာက္ဆံုးရက္ မွာ ကမး္လွမ္းလိုက္တာကို ပယ္ခ်လိုက္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ယူႏုိက္တက္အသင္းဟာ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို ဒီေႏြရာသီအေျပာင္းမွာ အသင္းရဲ႕ အဓိက ပစ္မွတ္တစ္ေယာက္အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။ ခ်န္ပီယံရွစ္ကလပ္ ၀က္ဖိုဒ့္အသင္းဆီကို ကနဦးအငွားနဲ႔ ကမး္လွမ္းျပီး အျပီးသတ္၀ယ္ယူခြင့္ကိုပါ လိုခ်င္ေနတယ္လို႔ သိရပါတယ္။

ယူႏုိက္တက္ဟာ အျပီးသတ္ေျပာင္းေရႊ႕ေၾကးကို ဒီရာသီအကုန္မွာ ေပါင္၂၅ သန္းေပးမယ္လို႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ၀က္ဖိုဒ့္အသင္းကေတာ့ အသင္းရဲ႕ ဘ႑ာေရးအခက္အခဲကို ေျဖရွင္းရန္အတြက္ ဆားကို ခ်က္ခ်င္းပဲ ေရာင္းခ်ခ်င္ေနတာျဖစ္တယ္လို႔ သိရပါတယ္။ ဆားကို ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းကလည္း ဆက္သြယ္ခဲ့ဖူးျပီး တန္းေၾကးျမင့္မားတဲ့အတြက္ လက္ေလ်ာ့ခဲ့တာျဖစ္ပါတယ္။

လက္ရွိခ်န္ပီယံအသင္းဟာ ၀ုလ္ဗ္အသင္းက ဂ်ိဳတာကို ေခၚယူခဲ့ပါတယ္။ ၀က္ဖိုဒ့္အသင္းဟာ ဆားအတြက္ ေပါင္ ၄၅ သန္းေလာက္သတ္မွတ္ထားတာျဖစ္ျပီး သူ႔ကို ၂၀၁၉ ၾသဂုတ္လတုနး္က ရင္းနက္စ္အသင္းဆီကေန ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၄၀ နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။