လက်ရှိ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်း (၁၀) ခု
၁။ ဖူလ်ဟမ်အသင်းဟာ ပီအက်ဗွီအသင်းရဲ့ ဗဟိုနောက်ခံလူ တီမိုဘာအမ်ဂါတီ ကို ဆေးစစ်ပြီးနောက် အငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
၂။ ဟော့ဖန်ဟိမ်းအသင်းဟာ ရှော်လ်ကေးအသင်းက ဆီဘတ်ရှန်ရူဒီကို တစ်နှစ်အငှားနဲ့ အငှားနဲ့ ခေါ်ယူစာချုပ်ချုပ်လိုက်ပြီလို့ သိရပါတယ်။
၃။ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ အာဆင်နယ်အသင်းကို သွားချင်တယ်လို့ အသင်းကို ပြောဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
၄။ ပီအက်စ်ဂျီအသင်းဟာ ဒီဂျွန်အသင်းက အသက် ၁၇ နှစ်အရွယ်တိုက်စစ်ကစားသမား ဆာကူယန်ဆိန်းကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
၅။ ယူနိုက်တက်အသင်းဟာ ဝက်ဖိုဒ့်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အစ္စမလီယာဆားကို ခေါ်ယူရန် အခြေအနေကောင်းနေပြီး ဆွေးနွေးမှု နောက်တစ်ဆင့်ရောက်နေပြီဖြစ်ပါတယ်။
၆။ ဖူလ်ဟမ်အသင်းဟာ လိုင်ယွန်ကစားသမား အန်ဒါဆန်ကို တစ်နှစ်အငှားနဲ့ ခေါ်ယူရန် နီးစပ်နေပြီလို့ သိရပါတယ်။
၇။ ယူနိုက်တက်ပစ်မှတ် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ ဒီနေ့မှာ လေ့ကျင့်ရေးမဆင်းခဲ့ဘူးလို့ သိရပါတယ်။ သူဟာ ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းလိုပေမယ့် အခုအချိန်အထိ နှစ်သင်းကြား သဘောတူညီမှု မရသေးဘူးဖြစ်ပါတယ်။ ယူနိုက်တက်သူ့အတွက် အငှားပြောင်းရွှေ့ကြေးအပြင် သူ့လစာကိုပါ ၁၀၀ ရာခိုင်နှုန်းအပြည့် ပေးသွားရန် စဉ်းစားနေတယ်လို့ သိရပါတယ်။
၈။ ချဲလ်ဆီးနောက်ခံလူ မာလန်းဆားဟာ ပေါ်တိုအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။
၉။ ဝက်ဖိုဒ့်တိုက်စစ်ကစားသမား ဒယ်လိုဖူဟာ အူဒီးနီစ့်အသင်းဆီကို ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
၁၀။ အဲဗာတန်အသင်းဟာ ယူနိုက်တက်ဂိုးသမား ရိုမဲရိုး နဲ့ စပါးဂိုးသမား ဂက်ဇ်ဇာနီဂါကို ခေါ်ယူရန် ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဗာတန်အသင်းဟာ အသင်းရဲ့ နံပါတ် (၁) ဂိုးသမား ပစ်ဖိုဒ့်ကို စိန်ခေါ်မှု ရှိစေလိုနေတာ ဖြစ်ပါတယ်။