စပါးအသင်းရဲ့ တတိယဦးစားပေး ဂိုးသမားကို အပြိုင်စိတ်ဝင်စားနေတဲ့ လီဗာပူးလ် နဲ့ အဲဗာတန်အသင်း

လီဗာပူးလ် နဲ့ အဲဗာတန်အသင်းတို့ဟာ စပါးဂိုးသမား ဂက်ဇ်ဇာနီဂါ ကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီနွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းကို ဂျိုးဟတ်ရောက်လာတာဖြစ်လို့ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ တတိယဦးစားပေးကစားသမား ဖြစ်သွားပြီး ကစားခွင့် ပိုနည်းသွားပြီ ဖြစ်ပါတယ်။

သတင်းများအရ ပရီးမီးယားလိဂ် ၂ သင်းစလုံးဟာ စပါးအသင်းမှာ ပုံမှန်ပွဲကစားခွင့် ရဖွယ်မရှိတဲ့ ဂက်ဇ်ဇာနီဂါကို ခေါ်ယူရန် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဂက်ဇ်ဇာနီဂါဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းမှာ လိုရစ်ရဲ့ အရန်အဖြစ် ပွဲကစားခွင့် ပုံမှန်ရှိခဲ့တာဖြစ်ပေမယ့် တနလာၤနေ့က သတင်းများအရ သူဟာ အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပထမဦးစားပေး ဂိုးသမား အလစ်ဆန်ဟာ ဒဏ်ရာကြောင့် (၆) ပတ်လောက် အနားယူရမှာ ဖြစ်ပြီး အသင်းအတွက် အက်ဒရီယန် ပါဝင်ကစားပေးနေပါတယ်။ သို့သော်လည်း မနေ့ညက ကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပွဲမှာ အက်ဒရီယန်ဟာ အမှားအယွင်းအချို့ လုပ်ခဲ့ပြီး အက်စတွန်ဗီလာအသင်းကို ဦးဆောင်ဂိုး စောစောစီးစီး ခွင့်ပြုပေးခဲ့ရပြီး ပွဲအပြီးမှာ (၇-၂) နဲ့ အကြီးမားဆုံး ရှုံးပွဲတွေ့ခဲ့ရတာဖြစ်ပါတယ်။

အဲဗာတန်အသင်းက ပထမဂိုးသမား ပစ်ဖိုဒ့်ကလည်း ဒီရာသီမှာ အမှားအယွင်းအချို့ လုပ်နေပါတယ်။ အင်္ဂလန်အသင်းရဲ့ နံပါတ် (၁) ဂိုးသမားဟာ စနေနေ့က ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ တစ်ဖက်အသင်းက ကန်သွင်းချက်ကို ဖမ်းဆီးရာမှာ လက်ကနေ လွတ်ကျသွားခဲ့ပြီး ဘရိုက်တန်တိုက်စစ်မှူး မြူပေးက ကန်သွင်းခဲ့လို့ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

စပါးအသင္းရဲ႕ တတိယဦးစားေပး ဂိုးသမားကို အျပိဳင္စိတ္၀င္စားေနတဲ့ လီဗာပူးလ္ နဲ႔ အဲဗာတန္အသင္း

လီဗာပူးလ္ နဲ႔ အဲဗာတန္အသင္းတို႔ဟာ စပါးဂိုးသမား ဂက္ဇ္ဇာနီဂါ ကို ေခၚယူရန္ အျပိဳင္စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ စပါးအသင္းကို ဂ်ိဳးဟတ္ေရာက္လာတာျဖစ္လို႔  အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ တတိယဦးစားေပးကစားသမား ျဖစ္သြားျပီး ကစားခြင့္ ပိုနည္းသြားျပီ ျဖစ္ပါတယ္။

သတင္းမ်ားအရ ပရီးမီးယားလိဂ္ ၂ သင္းစလံုးဟာ စပါးအသင္းမွာ ပံုမွန္ပြဲကစားခြင့္ ရဖြယ္မရွိတဲ့ ဂက္ဇ္ဇာနီဂါကို ေခၚယူရန္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ ဂက္ဇ္ဇာနီဂါဟာ ျပီးခဲ့တဲ့ရာသီက စပါးအသင္းမွာ လိုရစ္ရဲ႕ အရန္အျဖစ္ ပြဲကစားခြင့္ ပံုမွန္ရွိခဲ့တာျဖစ္ေပမယ့္ တနလာၤေန႔က သတင္းမ်ားအရ သူဟာ အသင္းကေန ထြက္ခြာခ်င္ေနတာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ပထမဦးစားေပး ဂိုးသမား အလစ္ဆန္ဟာ ဒဏ္ရာေၾကာင့္ (၆) ပတ္ေလာက္ အနားယူရမွာ ျဖစ္ျပီး အသင္းအတြက္ အက္ဒရီယန္ ပါ၀င္ကစားေပးေနပါတယ္။ သို႔ေသာ္လည္း မေန႔ညက ကစားခဲ့တဲ့ အက္စတြန္ဗီလာအသင္းနဲ႔ ပြဲမွာ အက္ဒရီယန္ဟာ အမွားအယြင္းအခ်ိဳ႕ လုပ္ခဲ့ျပီး အက္စတြန္ဗီလာအသင္းကို ဦးေဆာင္ဂိုး ေစာေစာစီးစီး ခြင့္ျပဳေပးခဲ့ရျပီး ပြဲအျပီးမွာ (၇-၂) နဲ႔ အၾကီးမားဆံုး ရႈံးပြဲေတြ႕ခဲ့ရတာျဖစ္ပါတယ္။

အဲဗာတန္အသင္းက ပထမဂိုးသမား ပစ္ဖိုဒ့္ကလည္း ဒီရာသီမွာ အမွားအယြင္းအခ်ိဳ႕ လုပ္ေနပါတယ္။ အဂၤလန္အသင္းရဲ႕ နံပါတ္ (၁) ဂိုးသမားဟာ စေနေန႔က ဘရိုက္တန္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲမွာ တစ္ဖက္အသင္းက ကန္သြင္းခ်က္ကို ဖမ္းဆီးရာမွာ လက္ကေန လြတ္က်သြားခဲ့ျပီး ဘရိုက္တန္တိုက္စစ္မွဴး ျမဴေပးက ကန္သြင္းခဲ့လို႔ ဂိုးေပးခဲ့ရတာ ျဖစ္ပါတယ္။