ဘာစီလိုနာ ကနေ ထွက်ခွာမှာ မဟုတ်တဲ့ ဒမ်ဘီလီ သတင်းနဲ့အတူ လှုပ်လှုပ်ရှားရှား နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ
၁။ ဟော့ဖန်ဟိမ်းအသင်းဟာ စပါးအသင်းက လူငယ်ကစားသမား ဆက်ဆီဂနွန် တစ်နှစ်အငှားနဲ့ ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။
၂။ ပီအက်စ်၈ျီအသင်းဟာ ပေါ်တိုအသင်းက ဒန်နီလိုပါရဲရားကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ တရားဝင်သတင်းကြေညာချက်ကို မကြာခင်ထုတ်ပြန်မယ်လို့ သိရပါတယ်။
၃။ အင်တာမီလန်အသင်းဟာ ပါးမားအသင်းကနေ ဒါမီယန်ကို တစ်နှစ်အငှားနဲ့ ခေါ်ယူလိုက်ပြီး အပြီးသတ်ဝယ်ယူခွင့်ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတဲ့လို့ သိရပါတယ်။
၄။ ကာဗာနီဟာ ယူနိုက်တက်အသင်းမှာ ဒီနေ့ဆေးစစ်အောင်မြင်သွားပြီဖြစ်ပါတယ်။ သူဟာ အသင်းနဲ့ (၂) နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်နွေရာသီမှာ ကစားသမား နဲ့ အသင်းကြား နှစ်ဦးနှစ်ဖက် စာချုပ်ဖျက်သိမ်းခွင့်ရှိတယ်လို့လည်း သိရပါတယ်။
၅။ အပြောင်းအရွှေ့ မပိတ်သိမ်းမီ ယူနိုက်တက်က ခေါ်ယူမယ်လို့ သတင်းတွေ များစွာ ထွက်ပေါ်နေတဲ့ အူစမန်နီဒမ်ဘီလီဟာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ သူဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက်ပဲ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။
၆။ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ချူပိုမိုတင်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ တရားဝင်သတင်းထုတ်ပြန်ချက်ကို မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
၇။ အာဆင်နယ်အသင်းဟာ ဟောက်ဆန်အဝါး နဲ့ သောမတ်စ်ပါတေးကို ခေါ်ယူလို့ မရတော့ဘူးလို့ လက်ခံလိုက်ပြီဖြစ်ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အာဆင်နယ်အသင်းဆီကို ကစားသမားသစ်ရောက်လာမှာ မဟုတ်ပါဘူး။
၈။ ပီအက်စ်ဂျီအသင်းဟာ လန်းစ်အသင်းကနေ Arnaud Kalimuendo ကို အငှားနဲ့ ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။