အသက် ၁၈ နှစ်အရွယ် အတ္တလန္တာ တောင်ပံကစားသမား အာမက်ဒ်ထရာအိုရေး ကို ခေါ်ယူရန် နီးစပ်နေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ အတ္တလန္တာအသင်းက အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမား အာမက်ဒ်ထရာအိုရေးကို အပြောင်းအရွှေ့မပိတ်သိမ်းခင် ခေါ်ယူရန် နီးစပ်နေတယ်လို့ သိရပါတယ်။ လူငယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီကတည်းက စီးရီးအေမှာ ပွဲထွက်ကစားခွင့်ရလာပြီး ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ကစားခဲ့တဲ့ လူစာရင်းမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ထရာအိုရေးကို ဒီနွေရာသီအပြောင်းအရွှေ့စကတည်းက ဆက်သွယ်နေတာဖြစ်ပြီး ယခုအခါ ပြန်လည်ဆွေးနွေးတာပါ။ ထရာအိုရေးဟာ ဒီနှစ်စီးရီးအေမှာတော့ မိနစ် (၃၀) သာကစားခဲ့ရပြီး ပါးမားအသင်းကို ပြောင်းရွှေ့ရန် နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက်တည်းကိုပဲ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ ဆိုးလ်ရှားဟာ နောက်ထပ်ကစားသမားအသစ်တွေကို ခေါ်ယူနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဒေါ့မွန်တောင်ပံကစားသမား ဂျာဒွန်ဆန်ချိုကို အဓိက ပစ်မှတ်ထားခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်အသင်းက ပေါင် ၁၀၈ သန်းတောင်းနေလို့ အခက်အခဲ တွေ့နေပါတယ်။ သို့သော်လည်း ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ မပိတ်သိမ်းခင်မှာ ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူရန် ကြိုးစားနေတာဖြစ်ပါတယ်။

အသက္ ၁၈ ႏွစ္အရြယ္ အတၱလႏာၱ ေတာင္ပံကစားသမား အာမက္ဒ္ထရာအိုေရး ကို ေခၚယူရန္ နီးစပ္ေနတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ အတၱလႏာၱအသင္းက အသက္ ၁၈ ႏွစ္အရြယ္ ေတာင္ပံကစားသမား အာမက္ဒ္ထရာအိုေရးကို အေျပာင္းအေရႊ႕မပိတ္သိမ္းခင္ ေခၚယူရန္ နီးစပ္ေနတယ္လို႔ သိရပါတယ္။ လူငယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီကတည္းက စီးရီးေအမွာ ပြဲထြက္ကစားခြင့္ရလာျပီး ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ကစားခဲ့တဲ့ လူစာရင္းမွာလည္း ပါ၀င္ခဲ့သူ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ထရာအိုေရးကို ဒီေႏြရာသီအေျပာင္းအေရႊ႕စကတည္းက ဆက္သြယ္ေနတာျဖစ္ျပီး ယခုအခါ ျပန္လည္ေဆြးေႏြးတာပါ။ ထရာအိုေရးဟာ ဒီႏွစ္စီးရီးေအမွာေတာ့ မိနစ္ (၃၀) သာကစားခဲ့ရျပီး ပါးမားအသင္းကို ေျပာင္းေရႊ႕ရန္ နီးစပ္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕ ပ်က္ျပယ္ခဲ့သူျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိခ္တစ္ေယာက္တည္းကိုပဲ ေပါင္သန္း ၄၀ နဲ႔ ေခၚယူႏိုင္ခဲ့ပါတယ္။

အသင္းကို ျပန္လည္တည္ေဆာက္ေနတဲ့ ဆိုးလ္ရွားဟာ ေနာက္ထပ္ကစားသမားအသစ္ေတြကို ေခၚယူေနဆဲျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီေႏြရာသီမွာ ေဒါ့မြန္ေတာင္ပံကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို အဓိက ပစ္မွတ္ထားခဲ့ေပမယ့္ ဘြန္ဒက္စ္လီဂါ ကလပ္အသင္းက ေပါင္ ၁၀၈ သန္းေတာင္းေနလို႔ အခက္အခဲ ေတြ႕ေနပါတယ္။ သို႔ေသာ္လည္း ယူႏိုက္တက္အသင္းဟာ အေျပာင္းအေရႊ႕ မပိတ္သိမ္းခင္မွာ ဘာစီလိုနာ ေတာင္ပံကစားသမား ဒမ္ဘီလီကုိ အငွားနဲ႔ ေခၚယူရန္ ၾကိဳးစားေနတာျဖစ္ပါတယ္။