ယခုလက်ရှိ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

၁။ အဲဗာတန်အသင်းသည် နောဝစ်ချ်အသင်းက ဂေ့ါဒ်ဖရေးကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဂေါ့ဒ်ဖရေးဟာ အဲဗာတန်အသင်းနဲ့ (၅) နှစ်စာချုပ်ချုပ်သွားမှာဖြစ်ပြီး ကျောနံပါတ် (၂၂) ကို ဝတ်ဆင်သွားမယ်လို့လည်း သိရပါတယ်။

၂။ ဖာကန်ဒိုပယ်လစ်စထရီဟာ ဒီနေ့မှာပဲ ယူနိုက်တက်အသင်းဆီကို ဆေးစစ်မှု ခံယူရန် သွားရောက်မယ်လို့ သိရပါတယ်။ လူငယ်ကစားသမားကို ယူနိုက်တက်အသင်းက ပေါင် ၁၀ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

၃။ လိုက်ပ်ဇစ်အသင်းဟာ ရိုးမားအသင်းက တောင်ပံတိုက်စစ်ကစားသမား ဂျပ်စတင်ကလွိုက်ဗက်ကို ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဂျပ်စတင်ကလွိုက်ဗက်ဟာ ရိုးမားအသင်းရဲ့ ဟိုတယ်ကနေပြီးတော့ ဂျာမနီကို ဆေးစစ်မှု ခံယူရန် သွားရောက်နေပြီဖြစ်ပါတယ်။

၄။ ယူနိုက်တက်ခေါ်ယူလိုက်ပြီဖြစ်တဲ့ အဲလက်စ်တဲလ်လက်စ်ဟာ ယူနိုက်တက်အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ပြီးနောက် အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

၅။ လိဒ်ယူနိုက်တက်အသင်းဟာ ရင်းနက်စ်တောင်ပံကစားသမား ရပ်ဟင်ဟာ ကို ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ (၅) နှစ်စာချုပ်ချုပ်ဆိုမယ့် သူဟာ မနေ့ညကတည်းက အင်္ဂလန်ကို ရောက်နေတာဖြစ်ပြီး ဒီနေ့မှာ ဆေးစစ်မှု ခံယူသွားမှာဖြစ်ပါတယ်။

၆။ အေစီမီလန်အသင်းဟာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို အငှားနဲ့ ခေါ်ယူရန် ဆွေးနွေးနေတယ်လို့ စကိုင်းစပေါ့သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။ နောက်ခံလူဟာ ချဲလ်ဆီးအသင်းမှာ ပွဲကစားခွင့် ပျောက်နေပြီး အသင်းရဲ့ နောက်ဆုံး (၃) ပွဲမှာ ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။

၇။ အာဆင်နယ်အသင်းမှာ မနှစ်က ရာသီကုန်ခါနီးကတည်းက ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တဲ့ ဂွမ်ဒူဇီဟာ ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ် ဟာသဘာလင်ကို အငှားနဲ့ ပြောင်းရွှေ့ရန် နီးစပ်နေပြီလို့ The Mirror သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။

ယခုလက္ရွိ ေနာက္ဆံုးရ အေျပာင္းအေရႊ႕သတင္းမ်ား

၁။ အဲဗာတန္အသင္းသည္ ေနာ၀စ္ခ်္အသင္းက ေဂ့ါဒ္ဖေရးကို ေပါင္သန္း ၂၀ နဲ႔ ေခၚယူလိုက္ျပီျဖစ္ပါတယ္။ ေဂါ့ဒ္ဖေရးဟာ အဲဗာတန္အသင္းနဲ႔ (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္သြားမွာျဖစ္ျပီး ေက်ာနံပါတ္ (၂၂) ကို ၀တ္ဆင္သြားမယ္လို႔လညး္ သိရပါတယ္။

၂။ ဖာကန္ဒိုပယ္လစ္စထရီဟာ ဒီေန႔မွာပဲ ယူႏိုက္တက္အသင္းဆီကို ေဆးစစ္မႈ ခံယူရန္ သြားေရာက္မယ္လို႔ သိရပါတယ္။ လူငယ္ကစားသမားကို ယူႏိုက္တက္အသင္းက ေပါင္ ၁၀ သန္းနဲ႔ ေခၚယူခဲ့တာ ျဖစ္ပါတယ္။

၃။ လိုက္ပ္ဇစ္အသင္းဟာ ရိုးမားအသင္းက ေတာင္ပံတုိက္စစ္ကစားသမား ဂ်ပ္စတင္ကလိြဳက္ဗက္ကို ေခၚယူလုိက္ျပီျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ပ္စတင္ကလြိဳက္ဗက္ဟာ ရိုးမားအသင္းရဲ႕ ဟိုတယ္ကေနျပီးေတာ့ ဂ်ာမနီကို ေဆးစစ္မႈ ခံယူရန္ သြားေရာက္ေနျပီျဖစ္ပါတယ္။

၄။ ယူႏိုက္တက္ေခၚယူလိုက္ျပီျဖစ္တဲ့ အဲလက္စ္တဲလ္လက္စ္ဟာ ယူႏိုက္တက္အသင္းဆီကို အျပီးသတ္ေျပာင္းေရႊ႕ျပီးေနာက္ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို လာေရာက္ေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။

၅။ လိဒ္ယူႏိုက္တက္အသင္းဟာ ရင္းနက္စ္ေတာင္ပံကစားသမား ရပ္ဟင္ဟာ ကို ေခၚယူရန္ သေဘာတူညီမႈ ရခဲ့ျပီလို႔ သိရပါတယ္။ (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမယ့္ သူဟာ မေန႔ညကတည္းက အဂၤလန္ကို ေရာက္ေနတာျဖစ္ျပီး ဒီေန႔မွာ ေဆးစစ္မႈ ခံယူသြားမွာျဖစ္ပါတယ္။

၆။ ေအစီမီလန္အသင္းဟာ ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါကို အငွားနဲ႔ ေခၚယူရန္ ေဆြးေႏြးေနတယ္လို႔ စကိုင္းစေပါ့သတင္းဌာနက ေဖာ္ျပခ်က္အရ သိရပါတယ္။ ေနာက္ခံလူဟာ ခ်ဲလ္ဆီးအသင္းမွာ ပြဲကစားခြင့္ ေပ်ာက္ေနျပီး အသင္းရဲ႕ ေနာက္ဆံုး (၃) ပြဲမွာ ၀င္ေရာက္ကစားခြင့္မရခဲ့ပါဘူး။

၇။ အာဆင္နယ္အသင္းမွာ မႏွစ္က ရာသီကုန္ခါနီးကတည္းက ပြဲထြက္ခြင့္ေပ်ာက္ဆံုးခဲ့တဲ့ ဂြမ္ဒူဇီဟာ ဂ်ာမန္ဘြန္ဒက္စ္လီဂါ ကလပ္ ဟာသဘာလင္ကို အငွားနဲ႔ ေျပာင္းေရႊ႕ရန္ နီးစပ္ေနျပီလို႔ The Mirror သတင္းဌာနက ေဖာ္ျပခ်က္အရ သိရပါတယ္။