၁၅ နှစ်အကြာမှ ငယ်ဘဝကလပ်ဆောက်သမ်တန်အသင်းကို အငှားနဲ့ ပြန်လည်ရောက်ရှိတော့မယ့် ဝဲလ်ကော့

အဲဗာတန်တောင်ပံကစားသမား ဝဲလ်ကော့ဟာ အသင်းဟောင်း ဆောက်သမ်တန်အသင်းဆီကို ပြန်လည်ရောက်ရှိတော့မယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ဝဲလ်ကော့အတွက် နှစ်သင်းကြား အငှားနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ရန် ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဝဲလ်ကော့ဟာ အသက် ၁၆ နှစ်အရွယ်တုန်းက ဆောက်သမ်တန်အသင်းမှာ ပထမဆုံး ပွဲထွက်ကစားခဲ့သူဖြစ်ပြီး ယခုပြန်လည်ရောက်ရှိမလားဆိုတာ ဒီနေ့မှာ သိရတော့မှာပါ။ ဆောက်သမ်တန်အသင်းဟာ မနေ့က Stade Brest က အီဘရာဟီမာဒီယာလို ကို ပေါင် ၁၂ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ဝဲလ်ကော့ဟာ ၂၀၀၆ ခုနှစ်က အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အမ်းမရိတ်မှာ ၁၂ နှစ်တာ ကစားခဲ့ပါတယ်။.

အဲ့ဒီနောက်မှာ သူဟာ ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အဲဗာတန်အသင်းဆီကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် တဖြည်းဖြည်းပွဲကစားခွင့် ပျောက်ဆုံးလာပြီး ဒီရာသီမှာလည်း လူစားဝင် တစ်ပွဲသာ ကစားခွင့်ရထားသူဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့ အတွေ့အကြုံကောင်းတွေကြောင့် ဆောက်သမ်တန်နည်းပြ ဟက်ဆန်ဟော့တ်က ခေါ်ယူလိုနေရာ ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ယူနိုက်တက်နောက်ခံလူ ဝီလီယမ်စ်ကိုလည်း အငှားနဲ့ ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

၁၅ ႏွစ္အၾကာမွ ငယ္ဘ၀ကလပ္ေဆာက္သမ္တန္အသင္းကို အငွားနဲ႔ ျပန္လည္ေရာက္ရွိေတာ့မယ့္ ၀ဲလ္ေကာ့

အဲဗာတန္ေတာင္ပံကစားသမား ၀ဲလ္ေကာ့ဟာ အသင္းေဟာင္း ေဆာက္သမ္တန္အသင္းဆီကို ျပန္လည္ေရာက္ရွိေတာ့မယ္လို႔ သိရပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္၀ဲလ္ေကာ့အတြက္ ႏွစ္သင္းၾကား အငွားနဲ႔ အေျပာင္းအေရႊ႕ ျဖစ္ေျမာက္ရန္ ေဆြးေႏြးေနတာ ျဖစ္ပါတယ္။

၀ဲလ္ေကာ့ဟာ အသက္ ၁၆ ႏွစ္အရြယ္တုနး္က ေဆာက္သမ္တန္အသင္းမွာ ပထမဆံုး ပြဲထြက္ကစားခဲ့သူျဖစ္ျပီး ယခုျပန္လည္ေရာက္ရွိမလားဆိုတာ ဒီေန႔မွာ သိရေတာ့မွာပါ။ ေဆာက္သမ္တန္အသင္းဟာ မေန႔က Stade Brest က အီဘရာဟီမာဒီယာလို ကို ေပါင္ ၁၂ သန္းနဲ႔ အျပီးသတ္ေခၚယူခဲ့တာလည္း ျဖစ္ပါတယ္။ ၀ဲလ္ေကာ့ဟာ ၂၀၀၆ ခုႏွစ္က အာဆင္နယ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့ျပီး အမ္းမရိတ္မွာ ၁၂ ႏွစ္တာ ကစားခဲ့ပါတယ္။

အဲ့ဒီေနာက္မွာ သူဟာ ၂၀၁၈ ဇန္န၀ါရီအေျပာင္းအေရႊ႕တုန္းက အဲဗာတန္အသင္းဆီကို ေပါင္သန္း ၂၀ နဲ႔ ေျပာင္းေရႊ႕ခဲ့ေပမယ့္ တျဖည္းျဖည္းပြဲကစားခြင့္ ေပ်ာက္ဆံုးလာျပီး ဒီရာသီမွာလည္း လူစား၀င္ တစ္ပြဲသာ ကစားခြင့္ရထားသူျဖစ္ပါတယ္။ သို႔ေသာ္လည္း သူ႔ရဲ႕ အေတြ႕အၾကံဳေကာင္းေတြေၾကာင့္ ေဆာက္သမ္တန္နည္းျပ ဟက္ဆန္ေဟာ့တ္က ေခၚယူလိုေနရာ ျဖစ္ပါတယ္။ ေဆာက္သမ္တန္အသင္းဟာ ယူႏိုက္တက္ေနာက္ခံလူ ၀ီလီယမ္စ္ကိုလည္း အငွားနဲ႔ ေခၚယူရန္ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။