အန်ဆယ်လော့တီက နာမည်ကျော်ကစားသမားတွေနဲ့ လက်တွဲလုပ်ဆောင်ဖူးတာကြောင့် အသင်းကို အောင်မြင်မှု ရအောင် စွမ်းဆောင်နိုင်မယ်လို့ ဒေးဗီးစ် ပြောဆို


အဲဗာတန်အသင်းဟာ ဒီရာသီမှာ နည်းပြ အန်ဆယ်လော့တီရဲ့လက်အောက်မှာ အကောင်းဆုံးပုံစံရနေပြီး ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်အနိုင်ရထားတဲ့အသင်းလည်း ဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ စီရော်နယ်ဒို၊ ပီယာလို တို့လို ကစားသမားကောင်းတွေ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်တာကြောင့် ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံး အရည်အချင်းကိုလည်း ရအောင် စွမ်းဆောင်နိုင်တဲ့သူလို့ ဒေးဗီးစ် က ချီးကျူးခဲ့ပါတယ်။


ရီးရဲလ်မှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို အန်ဆယ်လော့တီအနေနဲ့ အဲဗာတန်ကို ခေါ်ယူပြီးနောက်မှာ ခြေ စွမ်းပြနိုင်နေတာကြောင့် မီဒီယာတွေကအခုလို ချီးကျူးခဲ့ကြတာပဲဖြစ်ပါတယ်။ အဲဗာတန်ဟာ အန်ဆယ်လော့တီရဲ့လက် အောက်မှာ ဒီရာသီအကောင်းဆုံး ပုံစံရနေပြီး ကစားပြီးခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲဆက်အနိုင်ရထားသလို တိုက်စစ်ကလည်း ၂၄ ဂိုး အထိ သွင်းယူထားနိုင်တာဖြစ်ပါတယ်။


တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ကယ်ဗက်လီဝင်ဆိုရင်လည်း ပြိုင်ပွဲစုံ ခြောက်ပွဲမှာ သွင်းဂိုး ကိုးဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဟက်ထရစ် နှစ်ကြိမ်အထိရရှိထားသူလည်းဖြစ်ပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒေးဗီးစ်က အန်ဆယ်လော့တီ အနေနဲ့ မာလ်ဒီနီ၊ ဖရန့်လမ်းပတ်၊ အာဂျန်ရော်ဘင် တို့လိုကစားသမားတွေကိုလည်း အကောင်းဆုံးခြေစွမ်းရအောင် လုပ် ဆောင်နိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။


ဒေးဗီးစ်က “ အသင်းကို ကွင်းလယ်ကစားသမားသစ်တွေဖြစ်တဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်၊ အလန်နဲ့ ဒေါ့ကူရီတို့ ရောက်ရှိလာတာ ကြောင့် ကျွန်တော်အနေနဲ့ သူကို စကားပြောခဲ့ပါတယ်။ သူက ကျွန်တော်ကို အသင်းမှာ ဆက်နေဖို့အတွက် ပြောခဲ့ပြီး အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။ အခုဆိုရင် ခြေစွမ်းပြနေတဲ့ ကယ်ဗက်လီဝင်ကို ဟယ်ရီကိန်းနဲ့တောင် နှိုင်းယှဉ်ပြီး ပြောနေကြပြီလေလို့ သူက ပြန်ပြောခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အန္ဆယ္ေလာ့တီက နာမည္ေက်ာ္ကစားသမားေတြနဲ႔ လက္တြဲလုပ္ေဆာင္ဖူးတာေၾကာင့္ အသင္းကို ေအာင္ျမင္မႈ ရေအာင္ စြမ္းေဆာင္ႏိုင္မယ္လို႔ ေဒးဗီးစ္ ေျပာဆို
အဲဗာတန္အသင္းဟာ ဒီရာသီမွာ နည္းျပ အန္ဆယ္ေလာ့တီရဲ႕လက္ေအာက္မွာ အေကာင္းဆံုးပံုစံရေနၿပီး ပရီးမီးယားလိဂ္ ၄ ပြဲကစားၿပီးခ်ိန္မွာ ရာႏႈန္းျပည့္အႏိုင္ရထားတဲ့အသင္းလည္း ျဖစ္ပါတယ္။ အန္ဆယ္ေလာ့တီဟာ စီေရာ္နယ္ဒို၊ ပီယာလို တို႔လို ကစားသမားေကာင္းေတြ နည္းျပအျဖစ္ လုပ္ကိုင္ခဲ့ဖူးသူျဖစ္တာေၾကာင့္ ကစားသမားတစ္ေယာက္ရဲ႕ အေကာင္းဆံုး အရည္အခ်င္းကိုလည္း ရေအာင္ စြမ္းေဆာင္ႏိုင္တဲ့သူလို႔ ေဒးဗီးစ္ က ခ်ီးက်ဴးခဲ့ပါတယ္။
ရီးရဲလ္မွာ ပံုမွန္ပြဲထြက္ခြင့္မရျဖစ္ေနတဲ့ ဂ်ိမ္းရိုဒရီဂြတ္ဇ္ကို အန္ဆယ္ေလာ့တီအေနနဲ႔ အဲဗာတန္ကို ေခၚယူၿပီးေနာက္မွာ ေျခ စြမ္းျပႏိုင္ေနတာေၾကာင့္ မီဒီယာေတြကအခုလို ခ်ီးက်ဴးခဲ့ၾကတာပဲျဖစ္ပါတယ္။ အဲဗာတန္ဟာ အန္ဆယ္ေလာ့တီရဲ႕လက္ ေအာက္မွာ ဒီရာသီအေကာင္းဆံုး ပံုစံရေနၿပီး ကစားၿပီးခဲ့တဲ့ ၿပိဳင္ပြဲစံု ၇ ပြဲဆက္အႏိုင္ရထားသလို တိုက္စစ္ကလည္း ၂၄ ဂိုး အထိ သြင္းယူထားႏိုင္တာျဖစ္ပါတယ္။
တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ကယ္ဗက္လီဝင္ဆိုရင္လည္း ၿပိဳင္ပြဲစံု ေျခာက္ပြဲမွာ သြင္းဂိုး ကိုးဂိုးအထိသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဟက္ထရစ္ ႏွစ္ၾကိမ္အထိရရွိထားသူလည္းျဖစ္ပါတယ္။ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ေဒးဗီးစ္က အန္ဆယ္ေလာ့တီ အေနနဲ႔ မာလ္ဒီနီ၊ ဖရန္႔လမ္းပတ္၊ အာဂ်န္ေရာ္ဘင္ တို႔လိုကစားသမားေတြကိုလည္း အေကာင္းဆံုးေျခစြမ္းရေအာင္ လုပ္ ေဆာင္ႏိုင္ခဲ့တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
ေဒးဗီးစ္က “ အသင္းကို ကြင္းလယ္ကစားသမားသစ္ေတြျဖစ္တဲ့ ဂ်ိမ္းရိုဒရီဂြတ္ဇ္၊ အလန္နဲ႔ ေဒါ့ကူရီတို႔ ေရာက္ရွိလာတာ ေၾကာင့္ ကြ်န္ေတာ္အေနနဲ႔ သူကို စကားေျပာခဲ့ပါတယ္။ သူက ကြ်န္ေတာ္ကို အသင္းမွာ ဆက္ေနဖို႔အတြက္ ေျပာခဲ့ၿပီး အသင္းရဲ႕ အေရးၾကီးတဲ့ အစိတ္အပိုင္းမွာ ပါဝင္တယ္လို႔ ေျပာခဲ့ပါတယ္။ အခုဆိုရင္ ေျခစြမ္းျပေနတဲ့ ကယ္ဗက္လီဝင္ကို ဟယ္ရီကိန္းနဲ႔ေတာင္ ႏိႈင္းယွဥ္ၿပီး ေျပာေနၾကၿပီေလလို႔ သူက ျပန္ေျပာခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။