ဂိမ်းထဲမှာပဲ မက်ဆီ၊ ဆန်ချိုတို့ကို ဝယ်ယူဖို့ ယူနိုက်တက်ပရိသတ်တွေကို အကြံပေးခဲ့တဲ့ နောက်ခံလူဟောင်း အီဗရာ


ယူနိုက်တက်အသင်းနောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ အီဗရာက တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် အသင်းအနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့ အဆင်မပြေဖြစ်နေတာကြောင့် ကစားနေတဲ့ဂိမ်းထဲမှာပဲ အသင်းအတွက် မက်ဆီနဲ့ ဆန်ချိုတို့ကို ဝယ်ဖို့ အကြံပေးခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူဖို့ အပြောင်းအရွှေ့ မဖွင့်ခင်ကတည်းက လုပ်ဆောင်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နေ့က ကစားခဲ့တဲ့ စပါးနဲ့ပွဲအပြီးမှာတော့ အီဗရာနဲ့ ဗန်ဒီဘိတ်ခ်တို့ရဲ့ အေးဂျင့်ဖြစ်သူတို့က ယူနိုက်တက်အနေနဲ့ နွေ ရာသီအပြောင်းအရွှေ့မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် အခုလိုမျိုးရလဒ်တွေကို ရရှိနေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားအများအပြားကို စိတ်ဝင်စားခဲ့ပေမယ့် ဗန်ဒီ ဘိတ်ခ် တစ်ယောက်တည်းကိုပဲ ခေါ်ယူထားနိုင်တာ ဖြစ်ပါတယ်။


Sky Sports ကနေတဆင့် အီဗရာက “ စပါးနဲ့ပွဲအတွက် မှတ်ချက်ပြုဖို့ မရှိပါဘူး။ ကျွန်တော်တို့ ကစားသမားဘဝတုန်းက လည်း ဆာအဲလက်ဖာဂူဆန် ကိုင်တွယ်နေတဲ့ အချိန်မှာတောင် မန်စီးတီးကို ခြောက်ဂိုးတစ်ဂိုးနဲ့ ရှုံးခဲ့ဖူးပါတယ်။ စပါးနဲ့ပွဲမှာ အသင်းရဲ့ အခြေအနေက ဖရိုဖရဲ ဖြစ်နေပါတယ်။ အသင်းပရိသတ်တွေကို အကြံပေးချင်တာက ဂိမ်းထဲမှာပဲ ဆန်ချိုနဲ့ မက် ဆီတို့ကို ဝယ်ယူတာက ပိုပြီးဖြစ်နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး အီဗရာက အမှားတွေကျူးလွန်ခဲ့တဲ့ နောက်ခံလူ ဘိုင်လီကိုလည်း ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပြီး အသင်းအတွက် ကစားခွင့်မရတဲ့အခါ သူအနေနဲ့ ငိုနေဖို့ မလိုကြောင်း ပြောခဲ့ပါတယ်။ ဘိုင်လီဟာ လင်ဒီလော့ဖ်ရဲ့ နေရာ မှာ အစားဝင်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ အမှားတွေကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီး ယားလိဂ် သုံးပွဲ ကစားပြီးချိန်မှာ နှစ်ပွဲရှုံးထားတာကြောင့် အမှတ်ပေးဇယားအဆင့်-၁၆ နေရာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

zawgyi version

ဂိမ္းထဲမွာပဲ မက္ဆီ၊ ဆန္ခ်ိဳတို႔ကို ဝယ္ယူဖို႔ ယူႏိုက္တက္ပရိသတ္ေတြကို အၾကံေပးခဲ့တဲ့ ေနာက္ခံလူေဟာင္း အီဗရာ
ယူႏိုက္တက္အသင္းေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ အီဗရာက တစ္ကမၻာလံုးမွာ ျဖစ္ပြားေနတဲ့ ကပ္ေရာဂါေၾကာင့္ အသင္းအေနနဲ႔ ကစားသမားသစ္ေခၚယူဖို႔ အဆင္မေျပျဖစ္ေနတာေၾကာင့္ ကစားေနတဲ့ဂိမ္းထဲမွာပဲ အသင္းအတြက္ မက္ဆီနဲ႔ ဆန္ခ်ိဳတို႔ကို ဝယ္ဖို႔ အၾကံေပးခဲ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ အေျပာင္းအေရႊ႕ မဖြင့္ခင္ကတည္းက လုပ္ေဆာင္ခဲ့ေပမယ့္ ေခၚယူႏိုင္ခဲ့ျခင္း မရွိတာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေန႔က ကစားခဲ့တဲ့ စပါးနဲ႔ပြဲအၿပီးမွာေတာ့ အီဗရာနဲ႔ ဗန္ဒီဘိတ္ခ္တို႔ရဲ႕ ေအးဂ်င့္ျဖစ္သူတို႔က ယူႏိုက္တက္အေနနဲ႔ ေႏြ ရာသီအေျပာင္းအေရႊ႕မွာ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ျခင္းမရွိတာေၾကာင့္ အခုလိုမ်ိဳးရလဒ္ေတြကို ရရွိေနတာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားအမ်ားအျပားကို စိတ္ဝင္စားခဲ့ေပမယ့္ ဗန္ဒီ ဘိတ္ခ္ တစ္ေယာက္တည္းကိုပဲ ေခၚယူထားႏိုင္တာ ျဖစ္ပါတယ္။
Sky Sports ကေနတဆင့္ အီဗရာက “ စပါးနဲ႔ပြဲအတြက္ မွတ္ခ်က္ျပဳဖို႔ မရွိပါဘူး။ ကြ်န္ေတာ္တို႔ ကစားသမားဘဝတုန္းက လည္း ဆာအဲလက္ဖာဂူဆန္ ကိုင္တြယ္ေနတဲ့ အခ်ိန္မွာေတာင္ မန္စီးတီးကို ေျခာက္ဂိုးတစ္ဂိုးနဲ႔ ရႈံးခဲ့ဖူးပါတယ္။ စပါးနဲ႔ပြဲမွာ အသင္းရဲ႕ အေျခအေနက ဖရိုဖရဲ ျဖစ္ေနပါတယ္။ အသင္းပရိသတ္ေတြကို အၾကံေပးခ်င္တာက ဂိမ္းထဲမွာပဲ ဆန္ခ်ိဳနဲ႔ မက္ ဆီတို႔ကို ဝယ္ယူတာက ပိုၿပီးျဖစ္ႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး အီဗရာက အမွားေတြက်ဴးလြန္ခဲ့တဲ့ ေနာက္ခံလူ ဘိုင္လီကိုလည္း ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္သြားခဲ့ၿပီး အသင္းအတြက္ ကစားခြင့္မရတဲ့အခါ သူအေနနဲ႔ ငိုေနဖို႔ မလိုေၾကာင္း ေျပာခဲ့ပါတယ္။ ဘိုင္လီဟာ လင္ဒီေလာ့ဖ္ရဲ႕ ေနရာ မွာ အစားဝင္ကစားခြင့္ရခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ အမွားေတြက်ဴးလြန္ခဲ့တာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ပရီးမီး ယားလိဂ္ သံုးပြဲ ကစားၿပီးခ်ိန္မွာ ႏွစ္ပြဲရႈံးထားတာေၾကာင့္ အမွတ္ေပးဇယားအဆင့္-၁၆ ေနရာကို ေရာက္ရွိေနတာပဲ ျဖစ္ပါ တယ္။