အဲဗာတန်မှာ ခြေစွမ်းမပြနိုင်တဲ့ မွိုက်ဆီကိန်းကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး မွိုက်ဆီကိန်းကို ၁ နှစ် အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ အဲဗာတန်နည်းပြ အန်စလော့တီလက်အောက်မှာ ပရီးမီးယားလိဂ် (၁၃) မိနစ်ပဲ ကစားခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းကို တန်ကြေးမြင့်မြင့်မားမား နဲ့ ရောက်လာခဲ့ပေမယ့် ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ Telefoot က အဆိုအရ ပြင်သစ်လီဂူး ၁ ချန်ပီယံအသင်းက သူ့ကို အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အသင်းက ကာဗာနီ နဲ့ ချီပိုမိုတင်း တို့ကို လက်လွှတ်ခဲ့ရတာဖြစ်လို့ နေမာ ၊ အမ်ဘာပေး နဲ့ အီကာဒီ တို့အတွက် အရန်အဖြစ် ထားရှိရန် ခေါ်ယူရမှာဖြစ်ပါတယ်။အသက် ၂၀ အရွယ် မွိုက်ဆီကိန်းဟာ မနှစ်က နည်းပြ မာကိုဆေးလ်ဗား ထွက်ခွာခဲ့ရပြီးနောက်ပိုင်း အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပါတယ်။ သို့သော်လည်း သူဟာ မနှစ်က ပရီးမီးယားလိဂ် (၂၉) ပွဲကစားခဲ့ရပြီး (၂) ဂိုးပဲ သွင်းနိုင်ခဲ့သူဖြစ်ပါတယ်။

ဒီရာသီမှာတော့ ကိန်းဟာ ဖလိဒ်ဝုဒ်တောင်း နဲ့ ဆဲလ်ဖိုဒ့်အသင်းတို့ကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲ (၂) ပွဲစလုံးမှာ ပွဲထွက်ကစားခဲ့ရပြီး (၂) ပွဲစလုံး အနိုင်ရခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဒီရာသီကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၆) ပွဲစလုံး အနိုင်ရထားတဲ့ အသင်းဖြစ်ပါတယ်။

အဲဗာတန္မွာ ေျခစြမ္းမျပႏိုင္တဲ့ မြိဳက္ဆီကိန္းကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ ပီအက္စ္ဂ်ီအသင္း

ပီအက္စ္ဂ်ီအသင္းဟာ အဲဗာတန္အသင္းရဲ႕ တိုက္စစ္မွဴး မြိဳက္ဆီကိန္းကို ၁ ႏွစ္ အငွားနဲ႔ ေခၚယူခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ တိုက္စစ္ကစားသမားဟာ ဒီရာသီမွာ အဲဗာတန္နည္းျပ အန္စေလာ့တီလက္ေအာက္မွာ ပရီးမီးယားလိဂ္ (၁၃) မိနစ္ပဲ ကစားခဲ့ရသူျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရာသီက အသင္းကို တန္ေၾကးျမင့္ျမင့္မားမား နဲ႔ ေရာက္လာခဲ့ေပမယ့္ ထင္သေလာက္ ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ Telefoot က အဆိုအရ ျပင္သစ္လီဂူး ၁ ခ်န္ပီယံအသင္းက သူ႔ကို အငွားနဲဲ႔ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အသင္းက ကာဗာနီ နဲ႔ ခ်ီပိုမိုတင္း တို႔ကို လက္လႊတ္ခဲ့ရတာျဖစ္လို႔ ေနမာ ၊ အမ္ဘာေပး နဲ႔ အီကာဒီ တို႔အတြက္ အရန္အျဖစ္ ထားရွိရန္ ေခၚယူရမွာျဖစ္ပါတယ္။အသက္ ၂၀ အရြယ္ မြိဳက္ဆီကိန္းဟာ မႏွစ္က နည္းျပ မာကိုေဆးလ္ဗား ထြက္ခြာခဲ့ရျပီးေနာက္ပိုင္း အထိုင္က်ဖို႔ ရုန္းကန္ခဲ့ရပါတယ္။ သို႔ေသာ္လည္း သူဟာ မႏွစ္က ပရီးမီးယားလိဂ္ (၂၉) ပြဲကစားခဲ့ရျပီး (၂) ဂိုးပဲ သြင္းႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒီရာသီမွာေတာ့ ကိန္းဟာ ဖလိဒ္၀ုဒ္ေတာင္း နဲ႔ ဆဲလ္ဖိုဒ့္အသင္းတို႔ကို အႏိုင္ရခဲ့တဲ့ ကာရာေဘာင္ဖလားပြဲ (၂) ပြဲစလံုးမွာ ပြဲထြက္ကစားခဲ့ရျပီး (၂) ပြဲစလံုး အႏိုင္ရခဲ့ပါတယ္။ အဲဗာတန္အသင္းဟာ ဒီရာသီကစားခဲ့တဲ့ ျပိဳင္ပြဲစံု (၆) ပြဲစလံုး အႏိုင္ရထားတဲ့ အသင္းျဖစ္ပါတယ္။