အိုဒွိုင်းအတွက် ဘိုင်ယန်မြူးနစ်အသင်းက ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းတာကို ပယ်ချလိုက်တဲ့ ချဲလ်ဆီးအသင်း

ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီး အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမား အိုဒွိုင်းကို ပေါင်သန်း ၇၀ ကျော်နဲ့ ကမ်းလှမ်းခဲ့သော်လည်း ချဲလ်ဆီးအသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အိုဒွိုင်းကို ဒီရာသီမှာ အငှားနဲ့ ခေါ်ယူပြီး နောက်နွေရာသီမှာ အပြီးသတ်ဝယ်ယူရန် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ကမ်းလှမ်းမှု ပယ်ချခံခဲ့ရသော်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ တနလာၤနေ့ အပြောင်းအရွှေ့ နောက်ဆုံးမပိတ်သိမ်းခင်အထိ ထပ်ပြီး ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အိုဒွိုင်းကို ပွဲထွက်ကစားစေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားဟာ ပွဲကစားခွင့် နည်းပါးလာပါက ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သိရပါတယ်။.

၂၀၁၈ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းမှာ ပွဲထွက်ကစားခွင့်ရလာတဲ့ အိုဒွိုင်းဟာ ၂၀၁၉ နွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ သို့သော်လည်း သူဟာ ဒဏ်ရာမကြာခဏ ရရှိမှု နဲ့ ဒီရာသီမှာလည်း အသင်းက ဇီယက်၊ ကိုင်ဟာဗက်ဇ် နဲ့ တီမိုဝါနာ တို့ကို ခေါ်ယူခဲ့လို့ ပွဲကစားခွင့် နည်းပါးဖွယ်ရှိနေပါတယ်။ ဒါ့အပြင် နေရာစုံကစားနိုင်တဲ့ မေဆန်မောင့် နဲ့ ပူလီဆစ်တို့လည်း ကြံ့ခိုင်မှု ပြည့်ဝလာနေပြီဖြစ်ပါတယ်။

အိုဒြိဳင္းအတြက္ ဘိုင္ယန္ျမဴးနစ္အသင္းက ေပါင္သန္း ၇၀ နဲ႔ ကမ္းလွမ္းတာကို ပယ္ခ်လိုက္တဲ့ ခ်ဲလ္ဆီးအသင္း

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်ဲလ္ဆီး အသင္းရဲ႕ အသက္ ၁၉ ႏွစ္အရြယ္ ေတာင္ပံကစားသမား အိုဒြိဳင္းကို ေပါင္သန္း ၇၀ ေက်ာ္နဲ႔ ကမး္လွမ္းခဲ့ေသာ္လည္း ခ်ဲလ္ဆီးအသင္းက ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ အိုဒြိဳင္းကို ဒီရာသီမွာ အငွားနဲ႔ ေခၚယူျပီး ေနာက္ေႏြရာသီမွာ အျပီးသတ္၀ယ္ယူရန္ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရေသာ္လည္း ဘိုင္ယန္ျမဴးနစ္အသင္းဟာ တနလာၤေန႔ အေျပာင္းအေရႊ႕ ေနာက္ဆံုးမပိတ္သိမ္းခင္အထိ ထပ္ျပီး ကမ္းလွမ္းသြားမယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ ခရစၥတယ္ပဲေလ့စ္အသင္းကို (၄-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အိုဒြိဳင္းကို ပြဲထြက္ကစားေစခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း ကစားသမားဟာ ပြဲကစားခြင့္ နည္းပါးလာပါက ဘိုင္ယန္ျမဴးနစ္အသင္းဆီကို ေျပာင္းေရႊ႕ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

၂၀၁၈ ခုနွစ္ကတည္းက ခ်ဲလ္ဆီးအသင္းမွာ ပြဲထြက္ကစားခြင့္ရလာတဲ့ အိုဒြိဳင္းဟာ ၂၀၁၉ ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။ သို႔ေသာ္လည္း သူဟာ ဒဏ္ရာမၾကာခဏ ရရွိမႈ န႔ဲ ဒီရာသီမွာလည္း အသင္းက ဇီယက္၊ ကိုင္ဟာဗက္ဇ္ နဲ႔ တီမို၀ါနာ တို႔ကို ေခၚယူခဲ့လို႔ ပြဲကစားခြင့္ နည္းပါးဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ ေနရာစံုကစားႏိုင္တဲ့ ေမဆန္ေမာင့္ နဲ႔ ပူလီဆစ္တို႔လည္း ၾကံ့ခိုင္မႈ ျပည့္၀လာေနျပီျဖစ္ပါတယ္။