သူ့အသင်းသာ ဒီပွဲကို နိုင်သွားရင် မန်စီးတီးအသင်းအတွက် မမျှမတ ဖြစ်သွားမယ်လို့ ဆိုလိုက်တဲ့ လိဒ်ယူနိုက်တက်နည်းပြ ဘီယယ်ဆာ

လိဒ်ယူနိုက်တက်နည်းပြ ဘီယယ်ဆာက မန်စီးတီးအသင်း နဲ့ (၁-၁) သရေကျခဲ့တဲ့ မနေ့ညက ပရီးမီးယားလိဂ်ပွဲမှာ သူ့အသင်းဟာ အနိုင်ရလဒ်နဲ့ မထိုက်တန်ခဲ့ဘူးလို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် စတာလင်က ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းထားခဲ့ပြီး လိဒ်ယူနိုက်တက်အသင်းဘက်က စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ခေါ်ယူထားတဲ့ ရိုဒရီဂိုက ဒုတိယပိုင်းမှာ ချေပဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဘီယယ်ဆာရဲ့ အသင်းဟာ မန်စီးတီးအသင်းရဲ့ ဖိအားပေးမှုကို အများအပြားခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ပြန်လည်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့သာ ဒီပွဲကို နိုင်သွားမယ်ဆိုရင် မမျှတပါဘူး။ ဒီပွဲကို နိုင်ဖို့ ဖြစ်နိုင်ခဲ့ပေမယ့် အဲ့ဒီလို ဖြစ်သွားမယ်ဆိုရင် မမျှမတ ဖြစ်သွားမှာပါ။ ကျွန်တော်တို့က မန်စီးတီးအသင်းထက် တစ်ဝက်လောက်ပဲ ကောင်းခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းအားထုတ်မှုပဲ ပိုကောင်းခဲ့တာပါ။ ကျွန်တော်တို့ ကံကောင်းခဲ့တာတွေလည်း ပါပါတယ်” လို့ ဘီယယ်ဆာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း “ဒီပွဲက တစ်ကယ်ကို ဖျော်ဖြေမှု ပေးခဲ့တဲ့ ပွဲကောင်းတစ်ပွဲပါ။ နှစ်သင်းစလုံးက ပွဲအစ ၁ မိနစ်ကတည်းက မိနစ် (၉၀) အထိ အနိုင်ရဖို့ ကြိုးစားခဲ့တာပါ။ ပထမပိုင်းမိနစ် (၃၀) အထိ အခွင့်အရေးကောင်းတွေ ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒါပေမယ့် လိဒ်ယူနိုက်တက်အသင်းက သူတို့ ဘယ်လောက်ကောင်းသလဲ ပြသခဲ့ပါတယ်။ မနှစ်က သူတို့ ချန်ပီယံရှစ်မှာ ပြသခဲ့ပြီးပါပြီ။ အခုလည်း ဒီထက်ပိုကောင်းလာပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

သူ႔အသင္းသာ ဒီပြဲကို ႏိုင္သြားရင္ မန္စီးတီးအသင္းအတြက္ မမွ်မတ ျဖစ္သြားမယ္လို႔ ဆိုလိုက္တဲ့ လိဒ္ယူႏိုက္တက္နည္းျပ ဘီယယ္ဆာ

လိဒ္ယူႏိုက္တက္နည္းျပ ဘီယယ္ဆာက မန္စီးတီးအသင္း နဲ႔ (၁-၁) သေရက်ခဲ့တဲ့ မေန႔ညက ပရီးမီးယားလိဂ္ပြဲမွာ သူ႔အသင္းဟာ အႏိုင္ရလဒ္နဲ႔ မထိုက္တန္ခဲ့ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ မန္စီးတီးအသင္းအတြက္ စတာလင္က ပထမပိုင္းမွာ ဦးေဆာင္ဂိုးသြင္းထားခ့ဲျပီး လိဒ္ယူႏိုက္တက္အသင္းဘက္က စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၇ သန္းနဲ႔ ေခၚယူထားတဲ့ ရိုဒရီဂိုက ဒုတိယပိုင္းမွာ ေခ်ပဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဘီယယ္ဆာရ႕ဲ အသင္းဟာ မန္စီးတီးအသင္းရဲ႕ ဖိအားေပးမႈကို အမ်ားအျပားခံခဲ့ရေပမယ့္ ဒုတိယပိုင္းမွာ ျပန္လည္ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔သာ ဒီပြဲကို ႏိုင္သြားမယ္ဆိုရင္ မမွ်တပါဘူး။ ဒီပြဲကို ႏိုင္ဖို႔ ျဖစ္ႏိုင္ခဲ့ေပမယ့္ အဲ့ဒီလို ျဖစ္သြားမယ္ဆိုရင္ မမွ်မတ ျဖစ္သြားမွာပါ။ ကၽြန္ေတာ္တို႔က မန္စီးတီးအသင္းထက္ တစ္၀က္ေလာက္ပဲ ေကာင္းခဲ့တာျဖစ္ျပီး ၾကံ့ခိုင္မႈပိုင္းအားထုတ္မႈပဲ ပိုေကာင္းခဲ့တာပါ။ ကၽြန္ေတာ္တို႔ ကံေကာင္းခဲ့တာေတြလည္း ပါပါတယ္” လို႔ ဘီယယ္ဆာက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

မန္စီးတီးနည္းျပ ဂြါဒီယိုလာကလည္း “ဒီပြဲက တစ္ကယ္ကို ေဖ်ာ္ေျဖမႈ ေပးခဲ့တဲ့ ပြဲေကာင္းတစ္ပြဲပါ။ ႏွစ္သင္းစလံုးက ပြဲအစ ၁ မိနစ္ကတည္းက မိနစ္ (၉၀) အထိ အႏိုင္ရဖို႔ ၾကိဳးစားခဲ့တာပါ။ ပထမပိုင္းမိနစ္ (၃၀) အထိ အခြင့္အေရးေကာင္းေတြ ကၽြန္ေတာ္တို႔ ရခဲ့ပါတယ္။ ဒါေပမယ့္ လိဒ္ယူႏိုက္တက္အသင္းက သူတို႔ ဘယ္ေလာက္ေကာင္းသလဲ ျပသခဲ့ပါတယ္။ မႏွစ္က သူတို႔ ခ်န္ပီယံရွစ္မွာ ျပသခဲ့ျပီးပါျပီ။ အခုလည္း ဒီထက္ပိုေကာင္းလာပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။