ယူနိုက်တက် နဲ့ ကစားမယ့်ပွဲမှာ ပင်နယ်တီ ပေးခံရမှာ စိုးရိမ်နေတဲ့ စပါးနောက်ခံလူ အဲရစ်ဒိုင်ယာ

တနင်္ဂနွေနေ့ကစားမယ့် ယူနိုက်တက်နဲ့ ပွဲစဉ်မှာ စပါးအသင်းက နောက်ခံလူအဲရစ်ဒိုင်ယာဟာ စိုးရိမ်မှုရှိနေပါတယ်။ ယူနိုက်တက်အသင်းက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖိုဒ့် ၊ မာရှယ် နဲ့ ဂရင်းဝုဒ်တို့ အတွဲအဖက် တိုက်စစ်ကြောင့်တော့ မဟုတ်ပါဘူး။ လက်ထိဘောဘောလုံးစည်းကမ်းအသစ်ကြောင့် စပါးနောက်ခံလူ ဟာ ဘောလုံးကစားရမှာကိုတောင် စိုးရိမ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက နယူးကာဆယ်အသင်းနဲ့ (၁-၁) သရေကျခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီး၌ နောက်ခံလူဟာ ဘောလုံးကို နယူးကာဆယ်အသင်းသားတွေနဲ့ အပြိုင် ခုန်လုရာမှာ သူ့ရဲ့ ဆန့်ထားတဲ့ လက်မောင်း ဟာ ဘောလုံးကို ထိခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးက VAR ကို ကြည့်ရှုပြီး ပင်နယ်တီ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နယူးကာဆယ်နည်းပြ စတိဗ်ဘရုကိုယ်တိုင်ကလည်း ပွဲပြီးခါနီး ပင်နယ်တီလက်ဆောင်ကြောင့်သာ သူ့အသင်း သရေကျခဲ့တယ်လို့ ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။

ဒိုင်ယာက “ ဧရိယာနားတစ်ဝိုက်မှာ စည်းကမ်းအသစ်ကြောင့် ထိတ်လန့်နေရာပါတယ်။ လွတ်လွတ်လပ်လပ် ကြိုးစားကစားလို့ ရတယ်လို့ မခံစားရပါဘူး။ တစ်ခါတစ်လေဆို ပိုခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ မတော်တဆ ဖြစ်တယ်လို့တောင် မသတ်မှတ်တော့တာပါ။

ပြိုင်ဘက်နည်းပြကတောင် ပွဲအပြီးမှာ ဒါကို ပင်နယ်တီလို့ မမြင်ဘူးလို့တောင် ပြောခဲ့ပါတယ်။ VAR က ရှိသင့်ပါတယ်။ ဂိုး လိုင်းနည်းပညာအတွက် ၊ လူကျွံဘောအတွက် VAR ကို ရှိစေချင်ပါတယ်။ ဒါပေမယ့် တစ်ချို့အရာတွေကြတော့ VAR ထက် ဒိုင်လူကြီးရဲ့ အမှားကတောင် ပိုပြီး ကောင်းနေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ယူႏိုက္တက္ နဲ႔ ကစားမယ့္ပြဲမွာ ပင္နယ္တီ ေပးခံရမွာ စိုးရိမ္ေနတဲ့ စပါးေနာက္ခံလူ အဲရစ္ဒိုင္ယာ

တနဂၤေႏြေန႔ကစားမယ့္ ယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ စပါးအသင္းက ေနာက္ခံလူအဲရစ္ဒိုင္ယာဟာ စိုးရိမ္မႈရွိေနပါတယ္။ ယူႏိုက္တက္အသင္းက တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ရပ္ရွ္ဖိုဒ့္ ၊ မာရွယ္ နဲ႔ ဂရင္း၀ုဒ္တို႔ အတြဲအဖက္ တိုက္စစ္ေၾကာင့္ေတာ့ မဟုတ္ပါဘူး။ လက္ထိေဘာေဘာလံုးစည္းကမ္းအသစ္ေၾကာင့္ စပါးေနာက္ခံလူ ဟာ ေဘာလံုးကစားရမွာကိုေတာင္ စိုးရိမ္ေနတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့အပတ္တုန္းက နယူးကာဆယ္အသင္းနဲ႔ (၁-၁) သေရက်ခဲ့တဲ့ပြဲမွာ ပြဲျပီးခါနီး၌ ေနာက္ခံလူဟာ ေဘာလံုးကို နယူးကာဆယ္အသင္းသားေတြနဲ႔ အျပိဳင္ ခုန္လုရာမွာ သူ႔ရဲ႕ ဆန္႔ထားတဲ့ လက္ေမာင္း ဟာ ေဘာလံုးကို ထိခဲ့လို႔ ကြင္းလယ္ဒိုင္လူၾကီးက VAR ကို ၾကည့္ရႈျပီး ပင္နယ္တီ ျပစ္ဒဏ္ေဘာအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ နယူးကာဆယ္နည္းျပ စတိဗ္ဘရုကိုယ္တိုင္ကလည္း ပြဲျပီးခါနီး ပင္နယ္တီလက္ေဆာင္ေၾကာင့္သာ သူ႔အသင္း သေရက်ခဲ့တယ္လို႔ ၀န္ခံသြားခဲ့တာျဖစ္ပါတယ္။

ဒုိင္ယာက “ ဧရိယာနားတစ္၀ိုက္မွာ စည္းကမ္းအသစ္ေၾကာင့္ ထိတ္လန္႔ေနရာပါတယ္။ လြတ္လြတ္လပ္လပ္ ၾကိဳးစားကစားလို႔ ရတယ္လို႔ မခံစားရပါဘူး။ တစ္ခါတစ္ေလဆို ပိုခက္ခဲပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မေတာ္တဆ ျဖစ္တယ္လို႔ေတာင္ မသတ္မွတ္ေတာ့တာပါ။

ျပိဳင္ဘက္နည္းျပကေတာင္ ပြဲအျပီးမွာ ဒါကို ပင္နယ္တီလို႔ မျမင္ဘူးလို႔ေတာင္ ေျပာခဲ့ပါတယ္။ VAR က ရွိသင့္ပါတယ္။ ဂိုး လိုင္းနည္းပညာအတြက္ ၊ လူကၽြံေဘာအတြက္ VAR ကို ရွိေစခ်င္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕အရာေတြၾကေတာ့ VAR ထက္ ဒိုင္လူၾကီးရဲ႕ အမွားကေတာင္ ပိုျပီး ေကာင္းေနပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။