ဆိုးလ်ရှားလိုအပ်နေတာ ဟယ်ရီကိန်းလို တိုက်စစ်မှူး ဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဝိန်းရွန်းနီ

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက နည်းပြဆိုးလ်ရှားအနေနဲ့ ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဂျာဒွန်ဆန်ချိုထက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် တိုက်တွန်းပြောဆိုသွားပါတယ်။ စပါးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ တနင်္ဂနွေနေ့မှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဝိန်းရွန်းနီက ဆိုးလ်ရှားအနေနဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူသင့်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းကို ခေါ်ယူတာက ယူနိုက်တက်အသင်းအတွက် ခက်ခဲမှာဖြစ်ပေမယ့် ဆန်ချိုထက် အများကြီးအကျိုးရှိစေမယ်လို့ ဝိန်းရွန်းနီက ယုံကြည်ထားပါတယ်။

စပါး နဲ့ ယူနိုက်တက်ပွဲမတိုင်ခင် ရွန်းနီက “ဂျာဒွန်ဆန်ချိုက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် အသင်းမှာသူ့နေရာမှာ ကစားနေတဲ့ သူရှိနေရက်နဲ့ သူ့အတွက် ပေါင်သန်း ၁၀၀ နီးပါး အသုံးပြုမှာလဲ? ယူနိုက်တက်မှာ ရပ်ရှ်ဖိုဒ့်၊ မာရှယ် တို့ ရှိနေပြီး ဆန်ချိုသာ ရောက်လာရင် ဂရင်းဝုဒ်က နေရာပျောက်မှာပါ။

အသက် အရွယ်လည်း အတူတူပါပဲ။ ကျွန်တော်ဆိုရင် ပေါင်သန်း ၁၀၀ ကို ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ကိန်းကို ခေါ်ယူလိုက်မယ်ဆိုရင် စပါးအသင်းအတွက်တော့ ခက်ခဲသွားမှာပါ။ ဒါပေမယ့် ယူနိုက်တက်က ကစားသမားကောင်းတွေကို အမြဲခေါ်သင့်တဲ့အသင်းဖြစ်ပြီး ကိန်းက ဆိုးလ်ရှားလိုအပ်ချက်နဲ့ ကွက်တိ ကျတဲ့ကစားသမားပါ။ မနှစ်က ယူနိုက်တက် မခေါ်နိုင်ခဲ့တဲ့ ဟာလန်း လို ကျောနံပါတ် (၉) တိုက်စစ်မှူး စစ်စစ်ပေါ့” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆိုးလ္ရွားလိုအပ္ေနတာ ဟယ္ရီကိန္းလို တိုက္စစ္မွဴး ျဖစ္တယ္လို႔ ဆိုလိုက္တဲ့ ၀ိန္းရြန္းနီ

ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ၀ိန္းရြန္းနီက နည္းျပဆိုးလ္ရွားအေနနဲ႔ ေဒါ့မြန္ေတာင္ပံတိုက္စစ္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳထက္ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းကို ေခၚယူရန္ တုိက္တြန္းေျပာဆိုသြားပါတယ္။ စပါးအသင္းနဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ တနဂၤေႏြေန႔မွာ ရင္ဆိုင္ကစားရမွာျဖစ္ျပီး ၀ိန္းရြန္းနီက ဆိုးလ္ရွားအေနနဲ႔ အဂၤလန္အသင္းေခါင္းေဆာင္ကို ေခၚယူသင့္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဟယ္ရီကိန္းကို ေခၚယူတာက ယူႏိုက္တက္အသင္းအတြက္ ခက္ခဲမွာျဖစ္ေပမယ့္ ဆန္ခ်ိဳထက္ အမ်ားၾကီးအက်ိဳးရွိေစမယ္လို႔ ၀ိန္းရြန္းနီက ယံုၾကည္ထားပါတယ္။

စပါး နဲ႔ ယူႏိုက္တက္ပြဲမတိုင္ခင္ ရြန္းနီက “ဂ်ာဒြန္ဆန္ခ်ိဳက ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ ဘာေၾကာင့္ အသင္းမွာသူ႔ေနရာမွာ ကစားေနတဲ့ သူရွိေနရက္နဲ႔ သူ႔အတြက္ ေပါင္သန္း ၁၀၀ နီးပါး အသံုးျပဳမွာလဲ? ယူႏိုက္တက္မွာ ရပ္ရွ္ဖိုဒ့္၊ မာရွယ္ တို႔ ရွိေနျပီး ဆန္ခ်ိဳသာ ေရာက္လာရင္ ဂရင္း၀ုဒ္က ေနရာေပ်ာက္မွာပါ။

အသက္ အရြယ္လည္း အတူတူပါပဲ။ ကၽြန္ေတာ္ဆိုရင္ ေပါင္သန္း ၁၀၀ ကို ဟယ္ရီကိန္းကို ေခၚယူဖို႔ ၾကိဳးစားသြားမွာျဖစ္ပါတယ္။ ကိန္းကို ေခၚယူလိုက္မယ္ဆိုရင္ စပါးအသင္းအတြက္ေတာ့ ခက္ခဲသြားမွာပါ။ ဒါေပမယ့္ ယူႏိုက္တက္က ကစားသမားေကာင္းေတြကို အျမဲေခၚသင့္တဲ့အသင္းျဖစ္ျပီး ကိန္းက ဆိုးလ္ရွားလိုအပ္ခ်က္နဲ႔ ကြက္တိ က်တဲ့ကစားသမားပါ။ မႏွစ္က ယူႏိုက္တက္ မေခၚႏိုင္ခဲ့တဲ့ ဟာလန္း လို ေက်ာနံပါတ္ (၉) တိုက္စစ္မွဴး စစ္စစ္ေပါ့” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။