ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်တဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ အသက် ၃၃ နှစ်အရွယ် ကာဗာနီကိုခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းမှာ တစ်ပတ် ပေါင် ၂ သိန်း ၁ သောင်းရခဲ့သူဖြစ်ပြီး ယူနိုက်တက်အသင်းမှာလည်း အဆိုပါ လစာ နဲ့ (၂) နှစ်စာချုပ်ချုပ်ဆိုသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ကာဗာနီကို အက်သလက်တီကိုမက်ဒရစ် ၊ ဘင်ဖီကာ နဲ့ အင်တာမီယာမီအသင်းတို့ကလည်း ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် ကစားသမားရဲ့ လစာကြောင့် မခေါ်ယူနိုင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းကတော့ ဒေါ့မွန်တိုက်စစ်ကစားသမား ဂျာဒွန်ဆန်ချိုကို ခေါ်ယူရာမှာ မအောင်မြင်ခဲ့တဲ့အတွက် ဖိအားတွေအောက်ရောက်နေတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသင်းရဲ့ ဘဏ္ဍာရေးထိခိုက်ဆုံးရှုံးမှုတွေ ရှိထားပြီး ဒေါ့မွန်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို မပေးနိုင်တဲ့အတွက် ယခုအချိန်အထိ မခေါ်ယူနိုင်ခဲ့ပါဘူး။

ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီကိုလည်း ခေါ်ယူရန် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ကာဗာနီကို ယူနိုက်တက်အသင်းမှာ ဒေးဗစ်မိုယက်စ်နည်းပြခဲ့တုန်းက ခေါ်ယူရန် ကြိုးစားခဲ့ပါသေးတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်းဟာ လီဂူး ၁ ချန်ပီယံအသင်းအတွက် ပွဲ (၃၀၁) ပွဲကစားခဲ့ပြီး ဂိုး (၂၀၀)သွင်းပေးခဲ့သူဖြစ်ပါတယ်။ ဥရုဂွေး လက်ရွေးစင်အသင်းမှာလည်း (၁၁၆) ပွဲကစားပြီး ဂိုး (၅၀) သွင်းပေးထားပါတယ်။

ကာဗာနီကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ ေဆြးေႏြးေနျပီျဖစ္တဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ အသက္ ၃၃ ႏွစ္အရြယ္ ကာဗာနီကိုေခၚယူရန္ ေဆြးေႏြးေနျပီျဖစ္တယ္လို႔ သိရပါတယ္။ ဥရုေဂြးလက္ေရြးစင္တိုက္စစ္မွဴးဟာ ပီအက္စ္ဂ်ီအသင္းမွာ တစ္ပတ္ ေပါင္ ၂ သိန္း ၁ ေသာင္းရခဲ့သူျဖစ္ျပီး ယူႏိုက္တက္အသင္းမွာလည္း အဆိုပါ လစာ နဲ႔ (၂) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖြယ္ရွိေနတာ ျဖစ္ပါတယ္။

ကာဗာနီကို အက္သလက္တီကိုမက္ဒရစ္ ၊ ဘင္ဖီကာ နဲ႔ အင္တာမီယာမီအသင္းတို႔ကလည္း ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ ကစားသမားရဲ႕ လစာေၾကာင့္ မေခၚယူႏိုင္ခဲ့ပါဘူး။ ယူႏိုက္တက္အသင္းကေတာ့ ေဒါ့မြန္တုိက္စစ္ကစားသမား ဂ်ာဒြန္ဆန္ခ်ိဳကို ေခၚယူရာမွာ မေအာင္ျမင္ခဲ့တဲ့အတြက္ ဖိအားေတြေအာက္ေရာက္ေနတာျဖစ္ပါတယ္။   ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ အသင္းရဲ႕ ဘ႑ာေရးထိခိုက္ဆံုးရႈံးမႈေတြ ရွိထားျပီး ေဒါ့မြန္အသင္းက ေတာင္းဆိုတဲ့ ေျပာင္းေရႊ႕ေၾကးကို မေပးႏိုင္တဲ့အတြက္ ယခုအခ်ိန္အထိ မေခၚယူႏိုင္ခဲ့ပါဘူး။

ဒါ့အျပင္ ဘာစီလိုနာအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဒမ္ဘီလီကိုလည္း ေခၚယူရန္ ၾကိဳးစားခဲ့တယ္လို႔ သိရပါတယ္။ ကာဗာနီကို ယူႏိုက္တက္အသင္းမွာ ေဒးဗစ္မုိယက္စ္နည္းျပခဲ့တုန္းက ေခၚယူရန္ ၾကိဳးစားခဲ့ပါေသးတယ္။ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေဟာင္းဟာ လီဂူး ၁ ခ်န္ပီယံအသင္းအတြက္ ပြဲ (၃၀၁) ပြဲကစားခဲ့ျပီး ဂိုး (၂၀၀)သြင္းေပးခဲ့သူျဖစ္ပါတယ္။ ဥရုေဂြး လက္ေရြးစင္အသင္းမွာလည္း (၁၁၆) ပြဲကစားျပီး ဂိုး (၅၀) သြင္းေပးထားပါတယ္။