အာဆင်နယ်ပစ်မှတ် ဟောက်ဆန်အဝါးကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကိုယ်တိုင် ကစားသမားဆီ ဆက်သွယ်ခဲ့

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာ အာဆင်နယ်အသင်းရဲ့ အဓိက ပစ်မှတ် လိုင်ယွန်ကွင်းလယ်လူ ဟောက်ဆန်အဝါးကို ကြားဖြတ်ခေါ်ယူရန် ကိုယ်တိုင် ဆက်သွယ်ခြ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဂျာမနီက သတင်းများအရ အာဆင်နယ်အသင်းဟာ ပြင်သစ်ကွင်းလယ်ကစားသမားကို ခေါ်ယူရန် ဆွေးနွေးနေပေမယ့်လည်း အခုအချိန်အထိ သဘောတူညီမှု မရသေးဘူး ဖြစ်နေပါတယ်။

ပြင်သစ်က သတင်းများအရ စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်က ပြင်သစ်ယူ ၂၁ နှစ်အောက် လက်ရွေးစင်ကစားသမားကို ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။သို့သော်လည်း ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက တနင်္ဂနွေနေ့ လီဗန်တေးအသင်းနဲ့ ကစားမယ့်ပွဲမတိုင်ခင်မှာ သူ့အသင်းရဲ့ လက်ရှိလူစာရင်းနဲ့ ဒီရာသီကို ဖြတ်သန်းမယ်လို့ ဝန်ခံပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ဟောက်ဆန်အဝါး နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မသိပါဘူး သူက အရမ်းကောင်းတဲ့ ကစားသမား တစ်ယောက်ဆိုတာကိုတော့ ကျွန်တော်လုံး၀ သံသယမရှိပါဘူး။ တစ်နေ့နေ့မှာတော့ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနိုင်မှာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့မှာ ရှိတဲ့ ဒီလူစာရင်းနဲ့ ပဲ ဒီရာသီကို ဖြတ်သန်းသွားမယ်လို့ “ဇီဒန်းက ပြောသွားခဲ့ပါတယ်။

အာဆင္နယ္ပစ္မွတ္ ေဟာက္ဆန္အ၀ါးကို ေခၚယူရန္ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းကိုယ္တိုင္ ကစားသမားဆီ ဆက္သြယ္ခဲ့

ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္းဟာ အာဆင္နယ္အသင္းရဲ႕ အဓိက ပစ္မွတ္ လိုင္ယြန္ကြင္းလယ္လူ ေဟာက္ဆန္အ၀ါးကို ၾကားျဖတ္ေခၚယူရန္ ကိုယ္တိုင္ ဆက္သြယ္ချ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဂ်ာမနီက သတင္းမ်ားအရ အာဆင္နယ္အသင္းဟာ ျပင္သစ္ကြင္းလယ္ကစားသမားကို ေခၚယူရန္ ေဆြးေႏြးေနေပမယ့္လည္း အခုအခ်ိန္အထိ သေဘာတူညီမႈ မရေသးဘူး  ျဖစ္ေနပါတယ္။

ျပင္သစ္က သတင္းမ်ားအရ စပိန္လာလီဂါ ခ်န္ပီယံ ရီးရဲလ္မက္ဒရစ္က ျပင္သစ္ယူ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္ကစားသမားကို ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။သို႔ေသာ္လည္း ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္းက တနဂၤေႏြေန႔ လီဗန္ေတးအသင္းနဲ႔ ကစားမယ့္ပြဲမတိုင္ခင္မွာ သူ႔အသင္းရဲ႕ လက္ရွိလူစာရင္းနဲ႔ ဒီရာသီကို ျဖတ္သန္းမယ္လို႔ ၀န္ခံေျပာသြားခဲ့တာ ျဖစ္ပါတယ္။

“ေဟာက္ဆန္အ၀ါး နဲ႔ ပတ္သက္ျပီး ဘာသတင္းမွ မသိပါဘူး သူက အရမ္းေကာင္းတဲ့ ကစားသမား တစ္ေယာက္ဆိုတာကိုေတာ့ ကၽြန္ေတာ္လံုး၀ သံသယမရွိပါဘူး။ တစ္ေန႔ေန႔မွာေတာ့ သူဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားႏိုင္မွာပါ။ ဒါေပမယ့္ အခုေတာ့ ကၽြန္ေတာ္တို႔မွာ ရွိတဲ့ ဒီလူစာရင္းနဲ႔ ပဲ ဒီရာသီကုိ ျဖတ္သန္းသြားမယ္လို႔ “ဇီဒန္းက ေျပာသြားခဲ့ပါတယ္။