ယူနိုက်တက်က သူ့ကို ကမ်းလှမ်းခဲ့ဖူးတယ်လို့ အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါး ထုတ်ဖော်ပြောဆို

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီးက ယူနိုက်တက်က သူ့ကို ကမ်းလှမ်းခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ပြင်သစ်လူမျိုးနည်းပြကြီးဟာ ၂၀၁၈ ခုနှစ်ကတည်း ၂၂ နှစ်ကြာ နည်းပြခဲ့တဲ့အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာတုန်းက အာစင်ဝင်းဂါးဟာ ပရီးမီးယားလိဂ်ဖလား (၃) ကြိမ် နဲ့ အက်ဖ်အေဖလား (၇) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကို နည်းပြခဲ့စဉ်တုန်းက ယူနိုက်တက်နည်းပြကြီး ဖာဂူဆန် နဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂) နှစ်ကတည်းက အာဆင်နယ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ အာစင်ဝင်းဂါးဟာ ယခုအချိန်အထိ နည်းပြအလုပ်ကို လုပ်ကိုင်ခဲ့ခြင်းမရှိသေးပါဘူး။

အာစင်ဝင်းဂါးက သူ့ကို အိုးထရက်ဖိုဒ့်က နည်းပြအလုပ်အတွက် ကမ်းလှမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို နည်းပြရာထူးအတွက် ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ကလည်း ကမ်းလှမ်းခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း ကမ်းလှမ်းခဲ့တယ်လို့ The Times သတင်းဌာနက ဖော်ပြချက်အရ သိရှိရပါတယ်။

ယူနိုက်တက်နည်းပြရာထူးအတွက် ကမ်းလှမ်းခံရဖူးသလားလို့ မေးမြန်းခဲ့ရာ အာစင်ဝင်းဂါးက “ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကလည်းဆိုတာကိုတော့ မပြောနိုင်ပါဘူး”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ ၂၀၀၀-၀၁ ခုနှစ်တုန်းက ယူနိုက်တက်နည်းပြကြီး ဖာဂူဆန်အနားယူတော့မယ်လို့ စဉ်းစားခဲ့တုန်းက အာစင်ဝင်းဂါးကို ချဉ်းကပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ယူႏိုက္တက္က သူ႔ကို ကမ္းလွမ္းခဲ့ဖူးတယ္လို႔ အာဆင္နယ္ဂႏၱ၀င္နည္းျပၾကီး အာစင္၀င္းဂါး ထုတ္ေဖာ္ေျပာဆို

အာဆင္နယ္အသင္းရဲ႕ ဂႏၱ၀င္နည္းျပၾကီးက ယူႏိုက္တက္က သူ႔ကို ကမ္းလွမ္းခဲ့ဖူးတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ျပင္သစ္လူမ်ိဳးနည္းျပၾကီးဟာ ၂၀၁၈ ခုႏွစ္ကတည္း ၂၂ ႏွစ္ၾကာ နည္းျပခဲ့တဲ့အသင္းနဲ႔ လမ္းခြဲခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းမွာတုန္းက အာစင္၀င္းဂါးဟာ ပရီးမီးယားလိဂ္ဖလား (၃) ၾကိမ္ နဲ႔ အက္ဖ္ေအဖလား (၇) ၾကိမ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းကို နည္းျပခဲ့စဥ္တုန္းက ယူႏိုက္တက္နည္းျပၾကီး ဖာဂူဆန္ နဲ႔ ျပိဳင္ဆိုင္မႈေတြ ျပင္းထန္ခဲ့သူလည္း ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ (၂) ႏွစ္ကတည္းက အာဆင္နယ္အသင္းနဲ႔ လမ္းခြဲခဲ့တဲ့ အာစင္၀င္းဂါးဟာ ယခုအခ်ိန္အထိ နည္းျပအလုပ္ကို လုပ္ကိုင္ခဲ့ျခင္းမရွိေသးပါဘူး။

အာစင္၀င္းဂါးက သူ႔ကို အိုးထရက္ဖိုဒ့္က နည္းျပအလုပ္အတြက္ ကမ္းလွမ္းခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ကို နည္းျပရာထူးအတြက္ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္နဲ႔ ျပင္သစ္လက္ေရြးစင္အသင္းတို႔ကလည္း ကမ္းလွမ္းခဲ့ျပီး ပီအက္စ္ဂ်ီအသင္းကလည္း ကမ္းလွမး္ခဲ့တယ္လို႔ The Times သတင္းဌာနက ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

ယူႏိုက္တက္နည္းျပရာထူးအတြက္ ကမး္လွမ္းခံရဖူးသလားလို႔ ေမးျမန္းခဲ့ရာ အာစင္၀င္းဂါးက “ဟုတ္ပါတယ္။ ဒါေပမယ့္ ဘယ္တုန္းကလည္းဆိုတာကိုေတာ့ မေျပာႏိုင္ပါဘူး”လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ ၂၀၀၀-၀၁ ခုနွစ္တုန္းက ယူႏိုက္တက္နည္းျပၾကီး ဖာဂူဆန္အနားယူေတာ့မယ္လို႔ စဥ္းစားခဲ့တုန္းက အာစင္၀င္းဂါးကို ခ်ဥ္းကပ္ခဲ့တယ္လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။