ယူနိုက်တက်နောက်ခံလူ ဒါလော့ အေစီမီလန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိ

ယူနိုက်တက်နောက်ခံလူ ဒါလော့ဟာ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။ သူဟာ စနေနေ့က ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီလာပြီး ဒီညနေမှာ အေစီမီလန်ကို သွားပြီး ဆေးစစ်မှု ခံယူရတော့မှာဖြစ်လို့ အသင်းဖော်တွေကို လာရောက် နှုတ်ဆက်စကားပြောသွားခဲ့တယ်လို့ သိရပါတယ်။

သောကြာနေ့ကဆွေးနွေးမှု ပြီးနောက် ယူနိုက်တက်အသင်းဟာ အသက် ၂၁ နှစ်အရွယ်ကစားသမားကို အေစီမီလန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါလော့ဟာ ယူနိုက်တက်ဆီ ၂၀၁၈ ခုနှစ်က ပေါင် ၁၉ သန်းနဲ့ ရောက်ရှိလာသူဖြစ်ပေမယ့် အသင်းကို ဝမ်ဘစ်ဆာကာ ရောက်ရှိလာပြီးနောက် အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်းက ဘယ်နောက်ခံလူ အဲလက်စ်တယ်လ်လက်စ်ကို ခေါ်ယူရန်အတွက် ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အဲလက်စ်တဲလ်လက်စ်သာ အသင်းကို ရောက်လာပါက ဒါလော့အတွက် ပိုပြီး ပွဲကစားခွင့် ခက်ခဲလာမှာ ဖြစ်ပါတယ်။ ဒါလော့ကို အဲဗာတန် နဲ့ ရိုးမားအသင်းတို့ကလည်း ကမ်းလှမ်းခဲ့ပေမယ့် အေစီမီလန်အသင်းက ပိုပြီး စိတ်ဝင်စားနေခဲ့တယ်လို့ သိရပါတယ်။

ယူႏိုက္တက္ေနာက္ခံလူ ဒါေလာ့ ေအစီမီလန္အသင္းဆီ အငွားနဲ႔ ေျပာင္းေရႊ႕ရန္ သေဘာတူညီမႈရရွိ

ယူႏိုက္တက္ေနာက္ခံလူ ဒါေလာ့ဟာ ေအစီမီလန္အသင္းဆီ ေျပာင္းေရႊ႕ရန္ သေဘာတူညီမႈ ရရွိသြားျပီ ျဖစ္ပါတယ္။ သူဟာ စေနေန႔က ယူႏိုက္တက္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းဆီလာျပီး ဒီညေနမွာ ေအစီမီလန္ကို သြားျပီး ေဆးစစ္မႈ ခံယူရေတာ့မွာျဖစ္လို႔ အသင္းေဖာ္ေတြကို လာေရာက္ ႏႈတ္ဆက္စကားေျပာသြားခဲ့တယ္လို႔ သိရပါတယ္။

ေသာၾကာေန႔ကေဆြးေႏြးမႈ ျပီးေနာက္ ယူႏိုက္တက္အသင္းဟာ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားကို ေအစီမီလန္အသင္းဆီ အငွားနဲ႔ ေျပာင္းေရႊ႕ခြင့္ျပဳလုိုက္တာ ျဖစ္ပါတယ္။ ဒါေလာ့ဟာ ယူႏိုက္တက္ဆီ ၂၀၁၈ ခုႏွစ္က ေပါင္ ၁၉ သန္းနဲ႔ ေရာက္ရွိလာသူျဖစ္ေပမယ့္ အသင္းကို ၀မ္ဘစ္ဆာကာ ေရာက္ရွိလာျပီးေနာက္ အသင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆံုးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေပၚတိုအသင္းက ဘယ္ေနာက္ခံလူ အဲလက္စ္တယ္လ္လက္စ္ကို ေခၚယူရန္အတြက္ ေဆြးေႏြးေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။ အဲလက္စ္တဲလ္လက္စ္သာ အသင္းကို ေရာက္လာပါက ဒါေလာ့အတြက္ ပိုျပီး ပြဲကစားခြင့္ ခက္ခဲလာမွာ ျဖစ္ပါတယ္။ ဒါေလာ့ကို အဲဗာတန္ နဲ႔ ရိုးမားအသင္းတို႔ကလည္း ကမ္းလွမ္းခဲ့ေပမယ့္ ေအစီမီလန္အသင္းက ပိုျပီး စိတ္၀င္စားေနခဲ့တယ္လို႔ သိရပါတယ္။