သူ့အနာဂတ်က သူ့အပေါ်မှာပဲ မူတည်နေတယ်လို့ အူစမန်နီဒမ်ဘီလီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောဆိုလိုက်တဲ့ ဘာစီလိုနာနည်းြ

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ အသင်းက တောင်ပံတိုက်စစ်ကစားသမား အူစမန်နီဒမ်ဘီလီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဂျာဒွန်ဆန်ချိုကို ခေါ်ယူလို့ မရနိုင်တော့တဲ့အတွက် ပြင်သစ်ကစားသမားကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ဒမ်ဘီလီ ဒီနွေရာသီမှာ အသင်းက မထွက်ခွာစေချင်နေသော်လည်း အပြောင်းအရွှေ့က ကစားသမားကိုယ်တိုင်အပေါ် မူတည်နေတယ်လို့ သိရပါတယ်။

ရော်နယ်ကိုးမန်းက စပိန်က သတင်းထောက်များကို “သူက ဘာစီလိုနာ ကစားသမား တစ်ယောက်ပါ။ သူ့အနာဂတ်က သူ့ဘာစဉ်းစားနေသလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

သူ့အနာဂတ်နဲ့ ပတ်သက်ပြီး သူ့ကို ဘာမှ မပြောရသေးပါဘူး။ ကျွန်တော်က သူ့ကို ဒီမှာ ရှိစေချင်ပါတယ်။ ကစားသမားတွေအနေနဲ့ ကစားခွင့်မရတဲ့အခါ မပျော်မရွှင်ဖြစ်ကြပါတယ်။ သူတို့ ကျွန်တော့်ကို လာပြောလို့ ရပါတယ်။ ဒမ်ဘီလီကတော့ ဘာမှ မပြောပါဘူး။ တစ်ကယ်လို့ ဘာမှ မဖြစ်လာဘူးဆိုရင်တော့ သူဟာ ကျွန်တော့်အသင်းမှာ ဆက်ရှိနေမှာဖြစ်ပြီး ကစားခွင့်တော့ရလာမှာပါ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

သူ႔အနာဂတ္က သူ႔အေပၚမွာပဲ မူတည္ေနတယ္လို႔ အူစမန္နီဒမ္ဘီလီရဲ႕ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ျပီး ေျပာဆိုလိုက္တဲ့ ဘာစီလိုနာနည္းျ

ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက ယူႏိုက္တက္နဲ႔ သတင္းထြက္ေနတဲ့ အသင္းက ေတာင္ပံတိုက္စစ္ကစားသမား အူစမန္နီဒမ္ဘီလီရဲ႕ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ျပီး ေျပာဆိုသြားခဲ့ပါတယ္။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ဂ်ာဒြန္ဆန္ခ်ိဳကို ေခၚယူလို႔ မရႏိုင္ေတာ့တဲ့အတြက္ ျပင္သစ္ကစားသမားကို ေခၚယူမယ္လို႔ သတင္းေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

ဘာစီလုိနာအသင္းကေတာ့ ဒမ္ဘီလီ ဒီေႏြရာသီမွာ အသင္းက မထြက္ခြာေစခ်င္ေနေသာ္လည္း အေျပာင္းအေရႊ႕က ကစားသမားကိုယ္တိုင္အေပၚ မူတည္ေနတယ္လို႔ သိရပါတယ္။

ေရာ္နယ္ကိုးမန္းက စပိန္က သတင္းေထာက္မ်ားကို “သူက ဘာစီလိုနာ ကစားသမား တစ္ေယာက္ပါ။ သူ႔အနာဂတ္က သူ႔ဘာစဥ္းစားေနသလဲဆိုတဲ့အေပၚ မူတည္ေနပါတယ္။

သူ႔အနာဂတ္နဲ႔ ပတ္သက္ျပီး သူ႔ကို ဘာမွ မေျပာရေသးပါဘူး။ ကၽြန္ေတာ္က သူ႔ကို ဒီမွာ ရွိေစခ်င္ပါတယ္။ ကစားသမားေတြအေနနဲ႔ ကစားခြင့္မရတဲ့အခါ မေပ်ာ္မရႊင္ျဖစ္ၾကပါတယ္။ သူတို႔ ကၽြန္ေတာ့္ကို လာေျပာလို႔ ရပါတယ္။ ဒမ္ဘီလီကေတာ့ ဘာမွ မေျပာပါဘူး။ တစ္ကယ္လို႔ ဘာမွ မျဖစ္လာဘူးဆိုရင္ေတာ့ သူဟာ ကၽြန္ေတာ့္အသင္းမွာ ဆက္ရွိေနမွာျဖစ္ျပီး ကစားခြင့္ေတာ့ရလာမွာပါ” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။