ဘင်ဖီကာ တိုက်စစ်မှူး ကားလိုစ့်ဗီနီစီယက်စ်ကို ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ စပါးအသင်း

စပါးအသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ကားလိုစ့်ဗီနီစီယက်စ်ကို တစ်နှစ်အငှားနဲ့ ခေါ်ယူလိုက်ပြီး ပေါင် ၃၆ သန်းနဲ့လည်း အပြီးသတ်ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရာဇီးကစားသမားဟာ ပေါ်တူဂီလိဂ်မှာ ပြီးခဲ့တဲ့ရာသီက ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ၃၂ ပွဲကစားကာ (၁၈) ဂိုးသွင်းထားခဲ့သူဖြစ်ပါတယ်။

သူဟာ စပါးအသင်းမှာ ကျောနံပါတ် (၄၅) ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နွေရာသီက လော်ရန်တီ အသင်းကနေ ထွက်ခွာသွားလို့ စပါးအသင်းဟာ ဟယ်ရီကိန်းအတွက် အရန်အဖြစ် ဗီနီစီယက်စ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကြောင့် စပါးအသင်းဟာ ဟယ်ရီကိန်းအတွက် အရန်အဖြစ် ရည်ရွယ်ထားတာပါ။ ပြီးခဲ့တဲ့ရာသီက ၂၄ ဂိုသွင်းထားတဲ့ သူ့ကို ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ယူနိုက်တက်၊ ချဲလ်ဆီး နဲ့ ဝုလ်ဗ်အသင်းတို့ကလည်း စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ (၂) ပွဲပါဝင်ကစားထားရပေမယ့် (၂) ပွဲစလုံး အရန်ခုံကနေပဲ ပါဝင်ကစားထားခဲ့ရပါတယ်။



