ဂျာဒွန် ဆန်ချို နဲ့ အူစမန်နီဒမ်ဘီလီ ကို အစား ဆီဗီလာ ကြယ်ပွင့် အိုကမ်ပိုစ့်ကိုပဲ ကမ်းလှမ်းတော့မယ့် ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဂျာဒွန်ဆန်ချို နဲ့ အူစမန်နီဒမ်ဘီလီကို လက်လွှတ်ခဲ့ရရင် ဆီဗီလာကစားသမား အိုကမ်ပိုစ့်ကို ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ တနလာၤနေ့မှာ အပြောင်းအရွှေ့နောက်ဆုံးရက်ဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းဟာ ဆန်ချိုအစား တောင်ပံတိုက်စစ်ကစားသမား တစ်ယောက်ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းက အူစမန်နီ ဒမ်ဘီလီကို လက်မလွှတ်ချင်နေတဲ့အတွက် ယူနိုက်တက်ဟာ ယခုလို အိုကမ်ပိုစ့်ကို ခေါ်ယူရန် ပြင်ဆင်နေတာလို့ သိရပါတယ်။စပိန်ကလပ်အသင်းကတော့ အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင်ကစားသမားအတွက် ပေါင် ၃၅ သန်းရရင် လက်လွှတ်ချင်တယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းအတွက် (၁၇) ဂိုးသွင်းပေးခဲ့ပြီး ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ကာ ဆီမီးဖိုင်နယ်မှာလည်း ယူနိုက်တက်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အိုကမ်ပိုစ့်ဟာ အရပ် ၆ ပေ ၂ လက်မရှိသူဖြစ်လို့ တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်တယ်လို့လည်း ယူနိုက်တက်က သတ်မှတ်ထားပါတယ်။

ဂ်ာဒြန္ ဆန္ခ်ိဳ နဲ႔ အူစမန္နီဒမ္ဘီလီ ကို အစား ဆီဗီလာ ၾကယ္ပြင့္ အိုကမ္ပိုစ့္ကိုပဲ ကမ္းလွမ္းေတာ့မယ့္ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ဂ်ာဒြန္ဆန္ခ်ိဳ နဲ႔ အူစမန္နီဒမ္ဘီလီကို လက္လႊတ္ခဲ့ရရင္ ဆီဗီလာကစားသမား အိုကမ္ပိုစ့္ကို ေပါင္ ၃၅ သန္းနဲ႔ ကမ္းလွမ္းရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။ တနလာၤေန႔မွာ အေျပာင္းအေရႊ႕ေနာက္ဆံုးရက္ျဖစ္တဲ့အတြက္ ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳအစား ေတာင္ပံတုိက္စစ္ကစားသမား တစ္ေယာက္ကို ေခၚယူသြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ ဘာစီလိုနာအသင္းက အူစမန္နီ ဒမ္ဘီလီကို လက္မလႊတ္ခ်င္ေနတဲ့အတြက္ ယူႏိုက္တက္ဟာ ယခုလို အိုကမ္ပိုစ့္ကို ေခၚယူရန္ ျပင္ဆင္ေနတာလို႔ သိရပါတယ္။စပိန္ကလပ္အသင္းကေတာ့ အသက္ ၂၆ ႏွစ္အရြယ္ အာဂ်င္တီးနား လက္ေရြးစင္ကစားသမားအတြက္ ေပါင္ ၃၅ သန္းရရင္ လက္လႊတ္ခ်င္တယ္လုိ႔ သတင္းမ်ားက ေဖာ္ျပခဲ့ပါတယ္။

သူဟာ ျပီးခဲ့တဲ့ရာသီက ဆီဗီလာအသင္းအတြက္ (၁၇) ဂိုးသြင္းေပးခဲ့ျပီး ယူရိုပါလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ကာ ဆီမီးဖိုင္နယ္မွာလည္း ယူႏိုက္တက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အိုကမ္ပိုစ့္ဟာ အရပ္ ၆ ေပ ၂ လက္မရွိသူျဖစ္လို႔ တိုက္စစ္ပိုင္း ေနရာစံုမွာ ကစားႏိုင္တယ္လို႔လည္း ယူႏိုက္တက္က သတ္မွတ္ထားပါတယ္။