ဆန်ချိုကို ခေါ်ယူဖို့ လိုအပ်နေတဲ့ငွေကို ဒန်နီရယ်ဂျိမ်းစ်ကို ရောင်းချပြီး ရှာဖို့ ပြောလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား


ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဦးစားပေးပစ်မှတ်ဖြစ်ခဲ့တဲ့ ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် အသင်းအနေနဲ့ လိုအပ်နေတဲ့ ငွေကြေးအတွက် တောင်ပံကစားသမား တစ်ဦးဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ်ကို ရောင်းချပြီး ရှာဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ကို လိဒ်ယူနိုက်တက်က ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့ဟာ လာမယ့်တနင်္လာနေ့မှာ ပြီးဆုံးမှာ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ခေါ်ယူဖို့အတွက် လုပ်ဆောင်ရမှာဖြစ်ပြီး နည်းပြဆိုးလ်ရှားကလည်း အသင်းအနေနဲ့ ဆန်ချိုကိုခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဘက်ကတော့ သူတို့ရဲ့တောင်ပံကစားသမားကို ဒီနှစ်နွေရာသီအပြောင်းအရွှေ့ မှာ ရောင်းချမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။


ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူဖို့ လုပ်ဆောင်နေချိန်အတွင်းမှာ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီနဲ့ ဝက်ဖို့ဒ် က အစ္စမေးလာဆားစ်တို့ကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ဒါအပြင် ပေါ်တိုနောက်ခံလူ အဲလက်တဲ လက်စ်ကိုလည်း ခေါ်ယူဖို့ ပျက်ပြယ်ခဲ့ပြီးနောက်မှာ ယူနိုက်တက်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဦးစားပေးပစ်မှတ် ဖြစ်ခဲ့တဲ့ ဆန်ချိုကို အရခေါ်ယူဖို့ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။


၂၀၁၉ ခုနှစ် နွေရာသီအပြောင်းအရွှေ့က ဆွမ်ဆီးကနေ ရောက်ရှိလာခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ ပြိုင်ပွဲစုံ ၄၇ ပွဲမှာ သွင်းဂိုး ၄ ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် နည်းပြဆိုးလ်ရှားရဲ့အသင်းမှာ ပုံမှန်ပွဲထွက် ခွင့်မရခဲ့သူလည်း ဖြစ်ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ကို ဆွမ်ဆီးမှာကစားနေကတည်းက ခေါ်ယူဖို့အတွက် လိဒ်ယူနိုက်တက်က စိတ်ဝင်စားနေခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ဆန္ခ်ိဳကုိ ေခၚယူဖို႔ လိုအပ္ေနတဲ့ေငြကို ဒန္နီရယ္ဂ်ိမ္းစ္ကို ေရာင္းခ်ၿပီး ရွာဖို႔ ေျပာလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆုိးလ္ရွား
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ဦးစားေပးပစ္မွတ္ျဖစ္ခဲ့တဲ့ ေဒါ့မြန္ ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ အသင္းအေနနဲ႔ လိုအပ္ေနတဲ့ ေငြေၾကးအတြက္ ေတာင္ပံကစားသမား တစ္ဦးျဖစ္တဲ့ ဒန္နီရယ္ဂ်ိမ္းစ္ကို ေရာင္းခ်ၿပီး ရွာဖို႔ ေျပာခဲ့တယ္လို႔ သိရပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္ကို လိဒ္ယူႏိုက္တက္က ေပါင္ ၂၅ သန္းနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕ဟာ လာမယ့္တနလၤာေန႔မွာ ၿပီးဆံုးမွာ ျဖစ္တာေၾကာင့္ ယူႏုိက္တက္အေနနဲ႔ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ လုပ္ေဆာင္ရမွာျဖစ္ၿပီး နည္းျပဆိုးလ္ရွားကလည္း အသင္းအေနနဲ႔ ဆန္ခ်ိဳကိုေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ ေဒါ့မြန္အသင္းဘက္ကေတာ့ သူတို႔ရဲ႕ေတာင္ပံကစားသမားကို ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ မွာ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ လုပ္ေဆာင္ေနခ်ိန္အတြင္းမွာ ဘာစီလိုနာေတာင္ပံကစားသမား ဒမ္ဘီလီနဲ႔ ဝက္ဖို႔ဒ္ က အစၥေမးလာဆားစ္တို႔ကိုလည္း ေခၚယူဖို႔ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ဒါအျပင္ ေပၚတိုေနာက္ခံလူ အဲလက္တဲ လက္စ္ကိုလည္း ေခၚယူဖို႔ ပ်က္ျပယ္ခဲ့ၿပီးေနာက္မွာ ယူႏုိက္တက္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဦးစားေပးပစ္မွတ္ ျဖစ္ခဲ့တဲ့ ဆန္ခ်ိဳကို အရေခၚယူဖို႔ လုပ္ေဆာင္လာတာပဲ ျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕က ဆြမ္ဆီးကေန ေရာက္ရွိလာခဲ့တဲ့ ဒန္နီရယ္ဂ်ိမ္းစ္ဟာ ၿပိဳင္ပြဲစံု ၄၇ ပြဲမွာ သြင္းဂိုး ၄ ဂိုးပဲ သြင္းယူႏိုင္ခဲ့ၿပီး ေမွ်ာ္လင့္ထားသေလာက္ ေျခစြမ္းမျပႏိုင္ခဲ့တာေၾကာင့္ နည္းျပဆိုးလ္ရွားရဲ႕အသင္းမွာ ပံုမွန္ပြဲထြက္ ခြင့္မရခဲ့သူလည္း ျဖစ္ပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္ကို ဆြမ္ဆီးမွာကစားေနကတည္းက ေခၚယူဖို႔အတြက္ လိဒ္ယူႏိုက္တက္က စိတ္ဝင္စားေနခဲ့တာပဲ ျဖစ္ပါတယ္။