အာဆင်နယ်မှာ နှစ်ပေါင်းများစွာ ဆက်ပြီး နည်းပြလုပ်လို့ ရသေးတယ်လို့ ပြောခဲ့တဲ့ နည်းပြဟောင်း အာစင်ဝင်းဂါး


အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာအောင် ကိုင်တွယ်ခဲ့တဲ့ နည်းပြကြီး အာစင်ဝင်းဂါးဟာ ၂၀၁၈ ခုနှစ်ဘောလုံးရာသီမျှာ အသင်းနဲ့ လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၇၀ ရှိနေပြီဖြစ်တဲ့ အာစင်ဝင်းဂါးဟာ ဖီဖာရဲ့ ဘောလုံးလောက တိုးတက်ရေးအမှုဆောင်ချုပ်အဖြစ် လုပ်ဆောင်နေသူဖြစ်ပေမယ့် အသင်းဟောင်းမှာ နည်းပြအဖြစ် အချိန်အကြာကြီးဆက် လုပ်လို့ ရနိုင်သေးကြောင်း ပြောခဲ့ပါတယ်။


အာစင်ဝင်းဂါးဟာ အသင်းကို ၂၂ နှစ်တာကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ၃ ကြိမ်၊ အက်ဖ်အေ ဖလား ၇ ကြိမ် ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သလို အာဆင်နယ်အသင်းအတွက် ကွင်းသစ်ကြီးတစ်ခုကိုလည်း တည်ဆောက် ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ အသင်းအတွက် အောင်မြင်မှုတွေရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အာစင်ဝင်းဂါးကို ပရိသတ်တွေက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။


The Times သတင်းစာနဲ့ တွေ့ဆုံခဲ့ရာမှာတော့ အာစင်ဝင်းဂါးက “ ကျွန်တော်အနေနဲ့ အာဆင်နယ်မှာ နှစ်ပေါင်းများစွာ ဆက်နေသွားလို့ ရပါတယ်။ အာဆင်နယ်ကို အခက်အခဲတွေကြားကနေ အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်အောင် ကျွန်တော်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ စဉ်းစားမိပါတယ်။ လူအချို့က ကျွန်တော်ကို အသက်ကြီးနေပြီလို့ ပြောကြပါတယ်။ တကယ်တော့ ၂၂ နှစ်တာ ကာလအတွင်းမှာ လူတွေက အပြောင်းအလဲပြုလုပ်ဖို့ မြင်ချင်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး အာစင်ဝင်းဂါးက အာဆင်နယ်အသင်းနဲ့ လမ်းခွဲပြီးနောက်မှာ သူနဲ့နှစ်ပေါင်းများစွာယှဉ်ပြိုင်ခဲ့ရတဲ့ ဆာအဲ လက်ဖာဂူဆန်ရဲ့ ယူနိုက်တက်က အသင်းရဲ့ဘုတ်ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ကမ်းလှမ်းတွေရှိခဲ့တယ်လို့လည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အခြားကလပ်အသင်းတွေမှာ နည်းပြလုပ်ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အာစင်ဝင်းဂါးဟာ ပယ် ချခဲ့တယ်လို့ သိရပါတယ်။

zawgyi version

အာဆင္နယ္မွာ ႏွစ္ေပါင္းမ်ားစြာ ဆက္ၿပီး နည္းျပလုပ္လို႔ ရေသးတယ္လို႔ ေျပာခဲ့တဲ့ နည္းျပေဟာင္း အာစင္ဝင္းဂါး
အာဆင္နယ္အသင္းကို ၂၂ ႏွစ္ၾကာေအာင္ ကိုင္တြယ္ခဲ့တဲ့ နည္းျပၾကီး အာစင္ဝင္းဂါးဟာ ၂၀၁၈ ခုႏွစ္ေဘာလံုးရာသီမ်ွာ အသင္းနဲ႔ လမ္းခြဲခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိမွာ အသက္ ၇၀ ရွိေနၿပီျဖစ္တဲ့ အာစင္ဝင္းဂါးဟာ ဖီဖာရဲ႕ ေဘာလံုးေလာက တိုးတက္ေရးအမႈေဆာင္ခ်ဳပ္အျဖစ္ လုပ္ေဆာင္ေနသူျဖစ္ေပမယ့္ အသင္းေဟာင္းမွာ နည္းျပအျဖစ္ အခ်ိန္အၾကာၾကီးဆက္ လုပ္လို႔ ရႏိုင္ေသးေၾကာင္း ေျပာခဲ့ပါတယ္။
အာစင္ဝင္းဂါးဟာ အသင္းကို ၂၂ ႏွစ္တာကိုင္တြယ္ခဲ့တဲ့ကာလအတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ၃ ၾကိမ္၊ အက္ဖ္ေအ ဖလား ၇ ၾကိမ္ ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့သလို အာဆင္နယ္အသင္းအတြက္ ကြင္းသစ္ၾကီးတစ္ခုကိုလည္း တည္ေဆာက္ ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္းမွာ အသင္းအတြက္ ေအာင္ျမင္မႈေတြရေအာင္ မစြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ အာစင္ဝင္းဂါးကို ပရိသတ္ေတြက ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုမႈေတြ ရွိလာခဲ့တာပဲ ျဖစ္ပါတယ္။
The Times သတင္းစာနဲ႔ ေတြ႕ဆံုခဲ့ရာမွာေတာ့ အာစင္ဝင္းဂါးက “ ကြ်န္ေတာ္အေနနဲ႔ အာဆင္နယ္မွာ ႏွစ္ေပါင္းမ်ားစြာ ဆက္ေနသြားလို႔ ရပါတယ္။ အာဆင္နယ္ကို အခက္အခဲေတြၾကားကေန ေအာင္ျမင္တဲ့လမ္းေၾကာင္းေပၚေရာက္ေအာင္ ကြ်န္ေတာ္စြမ္းေဆာင္ေပးႏိုင္ခဲ့တယ္လို႔ စဥ္းစားမိပါတယ္။ လူအခ်ိဳ႕က ကြ်န္ေတာ္ကို အသက္ၾကီးေနၿပီလို႔ ေျပာၾကပါတယ္။ တကယ္ေတာ့ ၂၂ ႏွစ္တာ ကာလအတြင္းမွာ လူေတြက အေျပာင္းအလဲျပဳလုပ္ဖို႔ ျမင္ခ်င္ခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး အာစင္ဝင္းဂါးက အာဆင္နယ္အသင္းနဲ႔ လမ္းခြဲၿပီးေနာက္မွာ သူနဲ႔ႏွစ္ေပါင္းမ်ားစြာယွဥ္ၿပိဳင္ခဲ့ရတဲ့ ဆာအဲ လက္ဖာဂူဆန္ရဲ႕ ယူႏိုက္တက္က အသင္းရဲ႕ဘုတ္ဒါရိုက္တာအဖြဲ႕ဝင္အျဖစ္ကမ္းလွမ္းေတြရွိခဲ့တယ္လို႔လည္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ အျခားကလပ္အသင္းေတြမွာ နည္းျပလုပ္ဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ အာစင္ဝင္းဂါးဟာ ပယ္ ခ်ခဲ့တယ္လို႔ သိရပါတယ္။