ဘီရယ်ဆာက နည်းပြဘဝမှာ အားကျလေးစားရတဲ့သူလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောဆို


မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် လိဒ်ယူနိုက်တက်အသင်းရဲ့ နည်းပြ ဘီရယ်ဆာက သူရဲ့ နည်းပြဘဝမှာ အားကျလေးစားရတဲ့သူဖြစ်လို့ ပြောဆိုခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဘီရယ်ဆာရဲ့ အကြောင်း တွေကို မကြာခဏ ထုတ်ဖော်ချီးကျူးလေ့ရှိပြီး အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ နည်းပြကြီးအနေနဲ့ ထိပ်တန်းနည်းပြတစ်ဦး ဖြစ် ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။


ဘီရယ်ဆာ ဟာ လိဒ်ယူနိုက်တက်ကို ကိုင်တွယ်ပြီးနောက် ၁၆ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ရခဲ့သလို ကစားပြီးခဲ့တဲ့ လိဂ်ပွဲစဉ် ၃ပွဲမှာလည်း ၂ပွဲနိုင်ပြီး ၁ပွဲပဲရှုံးခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ဖြစ်တဲ့ လီဗာပူးကို ရှုံးခဲ့တယ်ဆိုပေမယ့် လိဒ်ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကို အားလုံးက အသိအမှတ်ပြုခဲ့ကြပြီး နည်းပြ ဘီရယ်ဆာရဲ့ နည်းစနစ်တွေကိုလည်း အားလုံးက ချီးကျူးခဲ့ကြတာပဲ ဖြစ်ပါတယ်။


ဒီနေ့ညကစားမယ့် ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “ ဘီရယ်ဆာက နည်းစနစ်ပိုင်းကျွမ်းကျင်တဲ့ နည်းပြ တစ်ဦးပါ။ ကျွန်တော်တစ်ယောက်တည်း အတွက်ဆိုရင်တော့ သူက ပါရမီရှင်တစ်ယောက်ပါ။ ဘယ်သူမှ သူလိုလုပ်ဆောင် နိုင်ဖို့ မလွယ်ပါဘူး။သူက ကျွန်တော်ကို အမြဲတမ်း စိတ်ဓာတ်တက်ကြွဖို့အတွက် လှုံ့ဆော်ပေးတဲ့သူတစ်ယောက်ပါ” လို့ ပြောခဲ့ပါတယ်။

ဒီနေ့ညမှာတော့ ချန်ပီယံရှစ်ကနေ ချန်ပီယံဆုရယူပြီး တန်းတက်လာတဲ့ ဘီရယ်ဆာရဲ့ လိဒ်ယူနိုက်တက်ဟာ ဂွါဒီယိုလာရဲ့ မန်စီးတီးကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့အပတ်တုန်းက အိမ်ကွင်းမှာ လက်စတာ ကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ဖိအားတွေရှိနေပြီး ဒီနေ့ပွဲမှာ အနိုင်ရဖို့လိုအပ်နေတာဖြစ်ပေမယ့် လိဒ်ယူနိုက်တက်နဲ့ ကစားရမှာဖြစ်တာကြောင့် အခက်အခဲတွေရှိနိုင်တယ်လို့လည်း ဂွါဒီယိုလာက သုံးသပ်ခဲ့ပါတယ်။

zawgyi version

ဘီရယ္ဆာက နည္းျပဘဝမွာ အားက်ေလးစားရတဲ့သူလို႔ မန္စီးတီးနည္းျပ ဂြါဒီယိုလာ ေျပာဆို
မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားရမယ့္ လိဒ္ယူႏိုက္တက္အသင္းရဲ႕ နည္းျပ ဘီရယ္ဆာက သူရဲ႕ နည္းျပဘဝမွာ အားက်ေလးစားရတဲ့သူျဖစ္လို႔ ေျပာဆိုခဲ့ပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ဘီရယ္ဆာရဲ႕ အေၾကာင္း ေတြကို မၾကာခဏ ထုတ္ေဖာ္ခ်ီးက်ဴးေလ့ရွိၿပီး အသက္ ၆၅ ႏွစ္ရွိၿပီျဖစ္တဲ့ နည္းျပၾကီးအေနနဲ႔ ထိပ္တန္းနည္းျပတစ္ဦး ျဖစ္ ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။
ဘီရယ္ဆာ ဟာ လိဒ္ယူႏိုက္တက္ကို ကိုင္တြယ္ၿပီးေနာက္ ၁၆ ႏွစ္ၾကာ ေဝးကြာေနခဲ့တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ျပန္လည္ ယွဥ္ၿပိဳင္ရခဲ့သလုိ ကစားၿပီးခဲ့တဲ့ လိဂ္ပြဲစဥ္ ၃ပြဲမွာလည္း ၂ပြဲႏိုင္ၿပီး ၁ပြဲပဲရႈံးခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံ ျဖစ္တဲ့ လီဗာပူးကို ရႈံးခဲ့တယ္ဆိုေပမယ့္ လိဒ္ယူႏုိက္တက္ရဲ႕ စြမ္းေဆာင္ရည္ကို အားလံုးက အသိအမွတ္ျပဳခဲ့ၾကၿပီး နည္းျပ ဘီရယ္ဆာရဲ႕ နည္းစနစ္ေတြကိုလည္း အားလံုးက ခ်ီးက်ဴးခဲ့ၾကတာပဲ ျဖစ္ပါတယ္။
ဒီေန႔ညကစားမယ့္ ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ဂြါဒီယိုလာက “ ဘီရယ္ဆာက နည္းစနစ္ပိုင္းကြ်မ္းက်င္တဲ့ နည္းျပ တစ္ဦးပါ။ ကြ်န္ေတာ္တစ္ေယာက္တည္း အတြက္ဆိုရင္ေတာ့ သူက ပါရမီရွင္တစ္ေယာက္ပါ။ ဘယ္သူမွ သူလိုလုပ္ေဆာင္ ႏိုင္ဖို႔ မလြယ္ပါဘူး။သူက ကြ်န္ေတာ္ကို အျမဲတမ္း စိတ္ဓာတ္တက္ၾကြဖို႔အတြက္ လႈံ႔ေဆာ္ေပးတဲ့သူတစ္ေယာက္ပါ” လို႔ ေျပာခဲ့ပါတယ္။
ဒီေန႔ညမွာေတာ့ ခ်န္ပီယံရွစ္ကေန ခ်န္ပီယံဆုရယူၿပီး တန္းတက္လာတဲ့ ဘီရယ္ဆာရဲ႕ လိဒ္ယူႏိုက္တက္ဟာ ဂြါဒီယိုလာရဲ႕ မန္စီးတီးကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။ မန္စီးတီးဟာ ၿပီးခဲ့တဲ့အပတ္တုန္းက အိမ္ကြင္းမွာ လက္စတာ ကို ဂိုးျပတ္အေရးနိမ့္ခဲ့တာေၾကာင့္ ဖိအားေတြရွိေနၿပီး ဒီေန႔ပြဲမွာ အႏိုင္ရဖို႔လိုအပ္ေနတာျဖစ္ေပမယ့္ လိဒ္ယူႏုိက္တက္နဲ႔ ကစားရမွာျဖစ္တာေၾကာင့္ အခက္အခဲေတြရွိႏိုင္တယ္လို႔လည္း ဂြါဒီယိုလာက သံုးသပ္ခဲ့ပါတယ္။