လက်ရှိအပြောင်းအရွှေ့အခြေအနေအတွက် ကျေနပ်တယ်လို့ ပြောခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ


အာဆင်နယ်နည်းပြ အာတီတာက နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ လာမယ့်တနင်္လာနေ့မှာ ပိတ်သိမ်းမှာဖြစ်ပေ မယ့် လက်ရှိအခြေအနေအတွက် ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီး က ဝီလီယံ၊ လိုင်လီက ဂါဘရီရယ်နဲ့ ဒီဂျွန်က အဲလက်ရူနာဆန် တို့ကိုခေါ်ယူထားပြီး အက်သလက်တီကိုကပါတေးနဲ့ လိုင် ယွန်က အော်ယူအာတို့ကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


အက်သလက်တီကိုက ပါတေးနဲ့ လိုင်ယွန်က အော်ယူအာတို့ကို ခေါ်ယူဖို့ အာဆင်နယ်အနေနဲ့ နီးစပ်တဲ့ အခြေအနေမှာ ရှိ နေတယ်လို့ သတင်းတွေကဖော်ပြနေကြတာဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ အရခေါ်ယူနိုင်မယ်လို့လည်း ခန့်မှန်းမှုတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းကို ပြန်လည်တည်ဆောက်နေပြီး သူစိတ်ကြိုက်ကစားသမားတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


အာဆင်နယ်နည်းပြ အာတီတာက “ ကျွန်တော်တာဝန်ယူထားတဲ့ အလုပ်ကို အကောင်းဆုံးလုပ်နိုင်ဖို့အတွက် စိတ်လှုပ်ရှား မှုရှိပါတယ်။ ပရိသတ်တွေအတွက် အသင်းကိုအကောင်းဆုံးဖြစ်အောင် တည်ဆောက်သွားဖို့ အိပ်မက်ရှိပါတယ်။ အပြောင်း အရွှေ့ဈေးကွက် မပိတ်ခင်မှာ သတင်းတွေ ထွက်နေတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်မှု ရှိပါ တယ်” ဆိုပြီး ပြောခဲ့ပါတယ်။


အာဆင်နယ်အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ မာတီနက်ဇ်ကို အက်စ်တွန်ဗီလာကို ပေါင်သန်း ၂၀ နဲ့ ရောင်းချလိုက်လို့ ဝေ ဖန်နေကြသလို အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ တော်ရဲရား၊ ဆိုကရာတစ်၊ အိုဇေးလ်၊ ဂွမ်ဒူဇီနဲ့ မူစတာဖီတို့ကလည်း အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ တော်ရဲရားက အက်သလက်တီကိုအသင်းထံကို ပြောင်း ရွှေ့ဖို့ နီးစပ်နေပြီလို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

zawgyi version

လက္ရွိအေျပာင္းအေရႊ႕အေျခအေနအတြက္ ေက်နပ္တယ္လို႔ ေျပာခဲ့တဲ့ အာဆင္နယ္နည္းျပ အာတီတာ
အာဆင္နယ္နည္းျပ အာတီတာက ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ဟာ လာမယ့္တနလၤာေန႔မွာ ပိတ္သိမ္းမွာျဖစ္ေပ မယ့္ လက္ရွိအေျခအေနအတြက္ ေက်နပ္တယ္လို႔ ေျပာခဲ့ပါတယ္။ အာဆင္နယ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီး က ဝီလီယံ၊ လိုင္လီက ဂါဘရီရယ္နဲ႔ ဒီဂၽြန္က အဲလက္ရူနာဆန္ တို႔ကိုေခၚယူထားၿပီး အက္သလက္တီကိုကပါေတးနဲ႔ လိုင္ ယြန္က ေအာ္ယူအာတို႔ကိုလည္း ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
အက္သလက္တီကိုက ပါေတးနဲ႔ လိုင္ယြန္က ေအာ္ယူအာတို႔ကို ေခၚယူဖို႔ အာဆင္နယ္အေနနဲ႔ နီးစပ္တဲ့ အေျခအေနမွာ ရွိ ေနတယ္လို႔ သတင္းေတြကေဖာ္ျပေနၾကတာျဖစ္ၿပီး အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္မွာ အရေခၚယူႏိုင္မယ္လို႔လည္း ခန္႔မွန္းမႈေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာဟာ အသင္းကို ျပန္လည္တည္ေဆာက္ေနၿပီး သူစိတ္ၾကိဳက္ကစားသမားေတြကို ေခၚယူဖို႔ လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာက “ ကြ်န္ေတာ္တာဝန္ယူထားတဲ့ အလုပ္ကို အေကာင္းဆံုးလုပ္ႏုိင္ဖို႔အတြက္ စိတ္လႈပ္ရွား မႈရွိပါတယ္။ ပရိသတ္ေတြအတြက္ အသင္းကိုအေကာင္းဆံုးျဖစ္ေအာင္ တည္ေဆာက္သြားဖို႔ အိပ္မက္ရွိပါတယ္။ အေျပာင္း အေရႊ႕ေစ်းကြက္ မပိတ္ခင္မွာ သတင္းေတြ ထြက္ေနတဲ့ ကစားသမားေတြကို ေခၚယူႏိုင္မယ္လို႔လည္း ယံုၾကည္မႈ ရွိပါ တယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။
အာဆင္နယ္အသင္းရဲ႕ ဂိုးသမားတစ္ဦးျဖစ္တဲ့ မာတီနက္ဇ္ကို အက္စ္တြန္ဗီလာကို ေပါင္သန္း ၂၀ နဲ႔ ေရာင္းခ်လိုက္လို႔ ေဝ ဖန္ေနၾကသလို အသင္းရဲ႕ကစားသမားေတြျဖစ္တဲ့ ေတာ္ရဲရား၊ ဆိုကရာတစ္၊ အိုေဇးလ္၊ ဂြမ္ဒူဇီနဲ႔ မူစတာဖီတို႔ကလည္း အေျပာင္းအေရႊ႕သတင္းေတြထြက္ေပၚေနတယ္လို႔ သိရပါတယ္။ ေတာ္ရဲရားက အက္သလက္္တီကိုအသင္းထံကို ေျပာင္း ေရႊ႕ဖို႔ နီးစပ္ေနၿပီလို႔လည္း သတင္းေတြက ေဖာ္ျပေနၾကပါတယ္။