မာဆင့်မောင့်ကို အခွင့်အရေးပိုပေးနေတာ မဟုတ်ဘူးဆိုပြီး ပြောခဲ့တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်


ချဲလ်ဆီးနည်းပြ လမ်းပတ်က ကစားသမားသစ်တွေ ခေါ်ယူထားပေမယ့် ကွင်းလယ်လူ မာဆင့်မောင့်ကို အသင်းရဲ့ ကွင်းလယ်မှာ ဦးစားပေးကစားစေခဲ့တာကြောင့် အခွင့်အရေးပိုပေးတယ်လို့ ဝေဖန်မှုတွေအတွက် မာဆင့်မောင်အနေနဲ့ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကြောင့် ခြေစွမ်းပိုကောင်းလာမှာကြောင့် ကစားစေတာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။


ချဲလ်ဆီးကနေ ဒါဘီကို အဌားနဲ့ သွားရောက်ကစားခဲ့တဲ့ မာဆင့်မောင့်ဟာ ဒါဘီကို လမ်းပတ်ကိုင်တွယ်ခဲ့တုန်းကလည်း ဦး စားပေးကစားသမားဖြစ်ခဲ့ပြီး ချဲလ်ဆီးနည်းပြအဖြစ် လမ်းပတ်ဖြစ်လာချိန်မှာလည်း ချဲလ်ဆီးရဲ့ပြန်လည်ခေါ်ယူခြင်းကို ခံခဲ့ရ သူဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၃၀ ကျော်အသုံးပြုပြီး ကစားသမားတွေခေါ်ယူထား ပေမယ့် မာဆင့်မောင့်ကတော့ သူရဲ့နေရာကို အခိုင်အမာရယူထားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲအထိ ကစားပေးခဲ့တဲ့ မာဆင့်မောင့်ဟာ ဒီရာသီမှာလည်း ချဲလ်ဆီးရဲ့ ပွဲစဉ် တိုင်းမှာ ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရရှိထားသူလည်း ဖြစ်ပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း မာဆင့်မောင့်ဟာ အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပြီး ဝေးလ်၊ ဘယ်ဂျီယံ၊ ဒိန်းမတ်တို့နဲ့ ကစားမယ့် ပွဲစဉ်တွေအတွက် ရွေးချယ်ခဲ့ပါတယ်။


ဒီနေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ လမ်းပတ်က “ သူက အသင်းအကယ်ဒမီက ပေါ်ထွက်လာတဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရနေတာ မဟုတ်ပါဘူး။ သူ အနေနဲ့ အခြားကွင်းလယ်ကစားသမားတွေထွက် အသင်းမှာ ခြေစွမ်းပိုပြနိုင်တာကို လူတိုင်းသိပါတယ်။ဒါကြောင့် သူအနေ နဲ့ အသင်းမှာ အခြားကစားသမားတွေထွက် ပွဲထွက်ခွင့်ပိုရနေတာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

မာဆင့္ေမာင့္ကို အခြင့္အေရးပိုေပးေနတာ မဟုတ္ဘူးဆိုၿပီး ေျပာခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္
ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ကစားသမားသစ္ေတြ ေခၚယူထားေပမယ့္ ကြင္းလယ္လူ မာဆင့္ေမာင့္ကို အသင္းရဲ႕ ကြင္းလယ္မွာ ဦးစားေပးကစားေစခဲ့တာေၾကာင့္ အခြင့္အေရးပိုေပးတယ္လို႔ ေဝဖန္မႈေတြအတြက္ မာဆင့္ေမာင္အေနနဲ႔ အသစ္ေခၚယူထားတဲ့ ကစားသမားေတြေၾကာင့္ ေျခစြမ္းပိုေကာင္းလာမွာေၾကာင့္ ကစားေစတာျဖစ္တယ္လို႔ ျပန္လည္ တံု႔ျပန္သြားခဲ့ပါတယ္။
ခ်ဲလ္ဆီးကေန ဒါဘီကို အဌားနဲ႔ သြားေရာက္ကစားခဲ့တဲ့ မာဆင့္ေမာင့္ဟာ ဒါဘီကို လမ္းပတ္ကိုင္တြယ္ခဲ့တုန္းကလည္း ဦး စားေပးကစားသမားျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးနည္းျပအျဖစ္ လမ္းပတ္ျဖစ္လာခ်ိန္မွာလည္း ခ်ဲလ္ဆီးရဲ႕ျပန္လည္ေခၚယူျခင္းကို ခံခဲ့ရ သူျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း ၂၃၀ ေက်ာ္အသံုးျပဳၿပီး ကစားသမားေတြေခၚယူထား ေပမယ့္ မာဆင့္ေမာင့္ကေတာ့ သူရဲ႕ေနရာကို အခိုင္အမာရယူထားႏိုင္တဲ့သူလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအတြက္ ၿပိဳင္ပြဲစံု ၅၁ ပြဲအထိ ကစားေပးခဲ့တဲ့ မာဆင့္ေမာင့္ဟာ ဒီရာသီမွာလည္း ခ်ဲလ္ဆီးရဲ႕ ပြဲစဥ္ တိုင္းမွာ ပြဲခ်ိန္ျပည့္ပါဝင္ကစားခြင့္ရရွိထားသူလည္း ျဖစ္ပါတယ္။ အဂၤလန္နည္းျပ ေဆာက္ဂိတ္ကလည္း မာဆင့္ေမာင့္ဟာ အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ေယာက္ျဖစ္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ၿပီး ေဝးလ္၊ ဘယ္ဂ်ီယံ၊ ဒိန္းမတ္တို႔နဲ႔ ကစားမယ့္ ပြဲစဥ္ေတြအတြက္ ေရြးခ်ယ္ခဲ့ပါတယ္။
ဒီေန႔မွာ ကစားမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲစဥ္မတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ လမ္းပတ္က “ သူက အသင္းအကယ္ဒမီက ေပၚထြက္လာတဲ့ကစားသမားတစ္ဦးျဖစ္တာေၾကာင့္ ပံုမွန္ပြဲထြက္ခြင့္ရေနတာ မဟုတ္ပါဘူး။ သူ အေနနဲ႔ အျခားကြင္းလယ္ကစားသမားေတြထြက္ အသင္းမွာ ေျခစြမ္းပိုျပႏုိင္တာကို လူတိုင္းသိပါတယ္။ဒါေၾကာင့္ သူအေန နဲ႔ အသင္းမွာ အျခားကစားသမားေတြထြက္ ပြဲထြက္ခြင့္ပိုရေနတာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။