ယူနိုက်တက်က ဆက်ခန့်ထားမယ်ဆိုရင် ဖလားအားလုံးရယူနိုင်မှာဖြစ်တယ်လို့ နည်းပြဟောင်း မော်ရင်ဟို ပြောဆို


စပါးနည်းပြ မော်ရင်ဟိုက သူအနေနဲ့ ယူနိုက်တက်မှာ ဆက်ပြီးနည်းပြခွင့်ရခဲ့မယ်ဆိုရင် ရရှိနိုင်တဲ့ ဆုဖလားအားလုံးကို ရယူ နိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မော်ရင်ဟို ဟာ ယူနိုက်တက်မှာ ၂နှစ်ခွဲ တာဝန်ယူခဲ့တဲ့အချိန်အတွင်း ကာရာဘောင်း ဖလား၊ ယူရိုပါလိဂ်နဲ့ ကွန်မြူနတီဒိုင်းတွေကို ရယူနိုင်ခဲ့သူဖြစ်ပေမယ့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတော့ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။


ယူနိုက်တက်အနေနဲ့ မော်ရင်ဟို ထုတ်ပယ်ပြီးနောက် လက်ရှိနည်းပြ ဆိုးလ်ရှားကို ခန့်အပ်ခဲ့ပေမယ့် ဆိုးလ်ရှားရဲ့လက် ထက်မှာ ယူနိုက်တက်ဟာ ဆုဖလားအောင်မြင်မှုတစ်စုံတရာ ရရှိခဲ့ခြင်းမရှိတာကို ရည်ရွယ်ပြီး မော်ရင်ဟိုက ပြောဆိုခဲ့တာ ဖြစ်တယ်ဆိုပြီး သတင်းတွေက ရေးသားဖော်ပြခဲ့ပါတယ်။ မော်ရင်ဟိုက သူအနေနဲ့ ယူနိုက်တက်ကို ဆက်ပြီးနည်းပြခွင့်ရခဲ့ မယ်ဆိုရင် အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ရယူနိုင်မှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါ တယ်။


ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ စပါးဟာ ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး မော်ရင်ဟိုအနေနဲ့လည်း အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို စပါးနည်းပြမော်ရင်ဟိုက သူအနေနဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးလို ပဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


မော်ရင်ဟိုက “ ယူနိုက်တက်ကလည်း စပါးကို အနိုင်လိုချင်မှာပါ၊ စပါးကလည်း ယူနိုက်တက်ကို အနိုင်လိုချင်ပါတယ်။ ဒါက ဘောလုံးလောကမှာ ဖြစ်နေတဲ့ကိစ္စတစ်ခုပါပဲ။ ကျွန်တော်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ပြိုင်ဘက်တွေကို အနိုင်ရဖူးသလို ၊ ပြိုင် ဘက်နည်းပြအဖြစ်လည်း ယူနိုက်တက်ကို အနိုင်ရဖူးတာတွေရှိပါတယ်။ လက်စားချေမှာလားဆိုတဲ့ မေးခွန်းကဘာလဲဆို တာ မသိပါဘူး။ ပရော်ဖက်ရှင်နယ်တစ်ယောက်လိုပဲ လုပ်ဆောင်သွားမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္က ဆက္ခန္႔ထားမယ္ဆုိရင္ ဖလားအားလံုးရယူႏိုင္မွာျဖစ္တယ္လို႔ နည္းျပေဟာင္း ေမာ္ရင္ဟို ေျပာဆို
စပါးနည္းျပ ေမာ္ရင္ဟိုက သူအေနနဲ႔ ယူႏုိက္တက္မွာ ဆက္ၿပီးနည္းျပခြင့္ရခဲ့မယ္ဆိုရင္ ရရွိႏိုင္တဲ့ ဆုဖလားအားလံုးကို ရယူ ႏိုင္မွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ေမာ္ရင္ဟို ဟာ ယူႏိုက္တက္မွာ ၂ႏွစ္ခြဲ တာဝန္ယူခဲ့တဲ့အခ်ိန္အတြင္း ကာရာေဘာင္း ဖလား၊ ယူရိုပါလိဂ္နဲ႔ ကြန္ျမဴနတီဒိုင္းေတြကို ရယူႏိုင္ခဲ့သူျဖစ္ေပမယ့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ေမာ္ရင္ဟို ထုတ္ပယ္ၿပီးေနာက္ လက္ရွိနည္းျပ ဆိုးလ္ရွားကို ခန္႔အပ္ခဲ့ေပမယ့္ ဆိုးလ္ရွားရဲ႕လက္ ထက္မွာ ယူႏိုက္တက္ဟာ ဆုဖလားေအာင္ျမင္မႈတစ္စံုတရာ ရရွိခဲ့ျခင္းမရွိတာကို ရည္ရြယ္ၿပီး ေမာ္ရင္ဟိုက ေျပာဆိုခဲ့တာ ျဖစ္တယ္ဆိုၿပီး သတင္းေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ ေမာ္ရင္ဟိုက သူအေနနဲ႔ ယူႏိုက္တက္ကို ဆက္ၿပီးနည္းျပခြင့္ရခဲ့ မယ္ဆိုရင္ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔ကို ရယူႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါ တယ္။
ဒီတစ္ပတ္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာေတာ့ စပါးဟာ ယူႏိုက္တက္ကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ၿပီး ေမာ္ရင္ဟိုအေနနဲ႔လည္း အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ရမွာပဲ ျဖစ္ပါတယ္။ ပြဲမတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာေတာ့ သတင္းေထာက္ေတြရဲ႕ ေမးျမန္းမႈကို စပါးနည္းျပေမာ္ရင္ဟိုက သူအေနနဲ႔ ပေရာ္ဖက္ရွင္နယ္တစ္ဦးလို ပဲ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
ေမာ္ရင္ဟိုက “ ယူႏိုက္တက္ကလည္း စပါးကို အႏိုင္လိုခ်င္မွာပါ၊ စပါးကလည္း ယူႏိုက္တက္ကို အႏုိင္လိုခ်င္ပါတယ္။ ဒါက ေဘာလံုးေလာကမွာ ျဖစ္ေနတဲ့ကိစၥတစ္ခုပါပဲ။ ကြ်န္ေတာ္အေနနဲ႔ အိုးထရက္ဖို႔ဒ္မွာ ၿပိဳင္ဘက္ေတြကို အႏိုင္ရဖူးသလို ၊ ၿပိဳင္ ဘက္နည္းျပအျဖစ္လည္း ယူႏိုက္တက္ကို အႏိုင္ရဖူးတာေတြရွိပါတယ္။ လက္စားေခ်မွာလားဆိုတဲ့ ေမးခြန္းကဘာလဲဆို တာ မသိပါဘူး။ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္လိုပဲ လုပ္ေဆာင္သြားမွာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။