ကိုဗစ် ဒုတိယလှိုင်းကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို နောက်တစ်ကြိမ် ရပ်နားထားရဦးမှာလား

တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ရောဂါဆိုးကြောင့် ပြီးခဲ့တဲ့ရာသီက ဘောလုံးပြိုင်ပွဲတွေကို သုံးလကျော်ကြာရပ်နားထား ခဲ့ရပြီးမှ ပြန်လည်ကျင်းပခဲ့ရတာပဲ ဖြစ်ပါတယ်။ အခုလည်း ဒုတိယအကြိမ် ပြန်လည်ဖြစ်ပွားလာတဲ့ ကိုဗစ်ရောဂါဆိုးကြောင့် ဘောလုံးပြိုင်ပွဲတွေကို ရပ်နားထားရမယ့် အခြေအနေအတွေမှာ ရှိနေတယ်ဆိုပြီး Goal သတင်းဌာနက ဖော်ပြထားတာပဲ ဖြစ်ပါတယ်။


ဥရောပထိပ်တန်းလိဂ်ကစားသမားတွေမှာ ကိုဗစ်ရောဂါပိုးပြန်လည်တွေ့ရှိမှု ရာခိုင်နှုန်း ပြန်များလာတာကြောင့် တာဝန်ရှိသူ တွေအနေနဲ့ အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ တာဝန်ရှိသူတွေဟာ ရောဂါပိုးတွေရှိ တဲ့ ကစားသမားတွေကို သီးခြားနေထိုင်မှု ၁၄ ရက်ပြုလုပ်ပြီး ကျန်းမာရေးအခြေအနေတွေကို ပြန်ကောင်းလာအောင် လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။


ဗြိတိန်နိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းကြောင့် ရောဂါဖြစ်ပွားသူဦးရေ ၇၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူဦးရေ ၆၆ ယောက်အထိရှိ ခဲ့တယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ကလည်း ကိုဗစ်ရော ဂါအတွက် စည်းကမ်းချက်အသစ်များကို ပြီးခဲ့တဲ့ ၆ လတုန်းကလို လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ထုတ်ပြန်ကြေဉာခဲပါ တယ်။


ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ရောဂါပိုးတွေရှိသူ အရေအတွက်များပြားလာခဲ့ပြီး မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်၊ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်တို့မှာ ရောဂါပိုးတွေရှိခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရ တော့ လီဗာပူးကစားသမားတွေဖြစ်တဲ့ အယ်ကန်တာရာနဲ့ မာနေးတို့လည်း ရောဂါပိုးကူးစက်ခံထားရတယ်လို့ သိရတာ ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်နားထားဦးမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

ကိုဗစ္ ဒုတိယလႈိင္းေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ေနာက္တစ္ၾကိမ္ ရပ္နားထားရဦးမွာလား
တစ္ကမၻာ့လံုးမွာ ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ေရာဂါဆိုးေၾကာင့္ ၿပီးခဲ့တဲ့ရာသီက ေဘာလံုးၿပိဳင္ပြဲေတြကို သံုးလေက်ာ္ၾကာရပ္နားထား ခဲ့ရၿပီးမွ ျပန္လည္က်င္းပခဲ့ရတာပဲ ျဖစ္ပါတယ္။ အခုလည္း ဒုတိယအၾကိမ္ ျပန္လည္ျဖစ္ပြားလာတဲ့ ကိုဗစ္ေရာဂါဆိုးေၾကာင့္ ေဘာလံုးၿပိဳင္ပြဲေတြကို ရပ္နားထားရမယ့္ အေျခအေနအေတြမွာ ရွိေနတယ္ဆိုၿပီး Goal သတင္းဌာနက ေဖာ္ျပထားတာပဲ ျဖစ္ပါတယ္။
ဥေရာပထိပ္တန္းလိဂ္ကစားသမားေတြမွာ ကိုဗစ္ေရာဂါပိုးျပန္လည္ေတြ႕ရွိမႈ ရာခိုင္ႏႈန္း ျပန္မ်ားလာတာေၾကာင့္ တာဝန္ရွိသူ ေတြအေနနဲ႔ အေကာင္းဆံုးထိန္းခ်ဳပ္ႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ တာဝန္ရွိသူေတြဟာ ေရာဂါပိုးေတြရွိ တဲ့ ကစားသမားေတြကို သီးျခားေနထိုင္မႈ ၁၄ ရက္ျပဳလုပ္ၿပီး က်န္းမာေရးအေျခအေနေတြကို ျပန္ေကာင္းလာေအာင္ လုပ္ေဆာင္ဖို႔ ညႊန္ၾကားထားတယ္လို႔ သိရပါတယ္။
ၿဗိတိန္ႏိုင္ငံမွာ ကိုဗစ္ဒုတိယလႈိင္းေၾကာင့္ ေရာဂါျဖစ္ပြားသူဦးေရ ၇၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေသဆံုးသူဦးေရ ၆၆ ေယာက္အထိရွိ ခဲ့တယ္လို႔ ေအာက္တိုဘာလ ၂ ရက္ေန႔က အတည္ျပဳခဲ့ပါတယ္။ ၿဗိတိန္ဝန္ၾကီးခ်ဳပ္ ေဘာ္ရစ္ဂြ်န္ဆင္ကလည္း ကိုဗစ္ေရာ ဂါအတြက္ စည္းကမ္းခ်က္အသစ္မ်ားကို ၿပီးခဲ့တဲ့ ၆ လတုန္းကလို လုပ္ေဆာင္သြားဖို႔ရွိတယ္လို႔လည္း ထုတ္ျပန္ေၾကဥာခဲပါ တယ္။
ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာလည္း ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ ေရာဂါပိုးေတြရွိသူ အေရအတြက္မ်ားျပားလာခဲ့ၿပီး မန္စီးတီး ကြင္းလယ္လူ ဂန္ဒိုဂန္၊ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္တို႔မွာ ေရာဂါပိုးေတြရွိခဲ့ပါတယ္။ ေနာက္ဆံုးသတင္းေတြအရ ေတာ့ လီဗာပူးကစားသမားေတြျဖစ္တဲ့ အယ္ကန္တာရာနဲ႔ မာေနးတို႔လည္း ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ သိရတာ ေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ရပ္နားထားဦးမယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။